လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, April 5, 2014

အနှစ်၂၀ကျော် ကွဲကွာနေသော အမေနဲ့သမီး Facebook ကြောင့် ပြန်တွေ့

Photo
Sarah Mowbray ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ငယ်ရွယ်တဲ့ မိခင်တစ်ဦးအနေနဲ့ ဘဝကို အသည်းအသန်ရုန်းကန်နေရတဲ့ အချိန်တွေဖြစ်တဲ့ ၁၉၉၅ ခုနှစ်မှာ သူမရဲ့သမီးကို အစိုးရထောက်ပံ့မှုရှိတဲ့ အဖွဲ့အစည်းတွေရဲ့လက်ထဲ မွေးစားဖို့ ပေးခဲ့ရပါတယ်။
သူမသမီးရဲ့ ပထမဆုံးနာမည်နဲ့ အလယ်နာမည်ကိုပဲ သိတဲ့ Mowbrayဟာ သမီးဖြစ်သူကို အွန်လိုင်းပေါ်မှာ နှစ်ပေါင်းများစွာရှာလာခဲ့တာ နောက်ဆုံးတော့ ဖေ့စ်ဘုတ်ပေါ်မှာ တွေ့ခဲ့ပါပြီ။
“အလယ်နာမည်ကို ကျွန်မက မသိတော့ Kayleigh Marie ဆိုတဲ့ နာမည်ကို ရိုက်လိုက်တာမှာ လူ ရာနဲ့ချီပြီး ထွက်လာတယ်။ ကျွန်မထင်တာက ဒီထဲမှာ သူ့ကိုတွေ့ဖို့ အခွင့်အရေးမရှိဘူးပေါ့” လို့ DailyMail ကို သူမက ပြောကြားခဲ့ပါတယ်။

“ဒီလိုနဲ့ ကျွန်မလည်း ရှာလာလိုက်တာ အဆုံးမှာ ကျွန်မငယ်ငယ်တုန်းက ပုံနဲ့တူတဲ့ လူတစ်ယောက် ထွက်လာတယ်” လို့ဆိုပါတယ်။

သူငယ်ချင်းတောင်းပြီး စကားပြောတဲ့အခါမှာ ဒါဟာ သူ့သမီးပဲဆိုတာကို မစ္စ Mowbray သိခဲ့ရတယ် လို့ဆိုပါတယ်။

သူ့အမေမှန်းအရင်သိလိုက်ရတဲ့ သမီးဖြစ်သူ Kayleigh ဟာ ပုံပါအတိုင်း ဘာမှဆက်မပြောရသေးခင် ”Mum!” ဆိုတဲ့ စကားတစ်ခွန်းကိုပဲ ရိုက်နိုင်ပါတော့တယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
Photo : metro.co.uk

The Melting Pot 4 U

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..