ဆေးလိပ်နှင့် စီးကရက်အစားထိုးအဖြစ် နိုင်ငံတကာတွင် အသုံးတွင်ကျယ်လာသော
E-စီးကရက်အရောင်းဆိုင်ကို ရန်ကုန်မြို့၊ မြရိပ်ညိုဟိုတယ်ဝင်းအတွင်းတွင်
ဖွင့်လှစ်ထားသည်။ Vape City အမည်ရ E-စီးကရက်ဆိုင်ကို ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဆုပန်ထွာနှင့် ကိုဥက္ကာကျော်တို့က ဦးစီးဖွင့်လှစ်ထားခြင်း ဖြစ်သည်။Vape City မှ E-စီးကရက်များသည် အမေရိကန်နိုင်ငံမှ တင်သွင်းလာသည်ဟု ကိုဥက္ကာကျော်က ပြောသည်။
`အစ်ကိုတို့ ဒီပစ္စည်းတွေက ယူအက်စ် ကသွင်းတာ၊ အစ်ကိုတို့ တစ်ဦးတည်းပဲ ရှိသေးတယ် မြန်မာပြည်မှာ၊ ယူအက်စ်ကဆိုပေမယ့် US Made တွေလည်းရှိတယ်၊ Made in China၊ Made in Malaysia တို့က ပစ္စည်းတွေလည်းရှိတယ်။ ဒါပေမယ့် အားလုံးက ယူအက်စ်က သွင်းလာပြီး ယူအက်စ် Quality တွေချည်းပဲ´
ဆေးလိပ်သောက်ခြင်းကို အင်္ဂလိပ်ဘာသာဖြင့် Smoking ဟုခေါ်ပြီး E-စီးကရက်သောက်သုံးခြင်းကိုမူ Vaping ဟုခေါ်ဆိုကြသည်။ Vaping ဟူသော ဝေါဟာရမှာ E-စီးကရက်နည်းပညာနှင့်အတူ အသစ်ပေါ်ပေါက်လာသော ဝေါဟာရဖြစ်သည်။ ရေငွေ့ Vapor မှ ဆင့်ပွားယူထားခြင်းဖြစ်သော်လည်း E-စီးကရက်အငွေ့သည် ရေငွေ့ လုံးဝမဟုတ်ပေ။
သမရိုးကျ စီးကရက်များသည် ဗာဂျီးနီးယားဆေးရွက်ကြီးကို လောင်စာအဖြစ်အသုံးပြုကြပြီး E-စီးကရက်သည် ဓာတုနည်းဖြင့် ဖော်စပ်ထားသော ဆေးရည်ကို အပူပေး အငွေ့ပျံဆေးပြီး သောက်သုံးသူက ရှုသွင်းရခြင်းဖြစ်သည်။ စပျစ်၊ ငှက်ပျောသီး၊ ပန်းသီး၊ နာနတ် စသော သစ်သီးမျိုးစုံအရသာများအပြင် ကော်ဖီ၊ ဘီယာ၊ ၀ီစကီ၊ ချောကလက်နှင့် စီးကရက် အစရှိသော အရသာ အမျိုးအစား ပေါင်းစုံတို့ဖြင် ဖော်စပ်ထားသော ဆေးရည်အမျိုးမျိုး ဈေးကွက်တွင် ၀ယ်ယူရရိုနိုင်သည်။
၎င်းဆေးရည်များတွင် ယေဘူယျအားဖြင့် ရေ၊ Nicotine နီကိုတင်း၊ အနံ့နှင့် အရသာအတွက် flavourings၊ ဟင်းသီးဟင်းရွက် အဆီတစ်မျိုး (Vegetable Glycerin - VG)နှင့် Propylene Glycol-PG စသည့် ပါဝင်ပစ္စည်း ၅ မျိုး ပါရှိလေ့ရှိပြီး အချို့သော ဆေးရည်များတွင် သောက်သုံးသူ၏ လည်ချောင်းအတွင်း ထိထိမိမိရှိစေရန် Diacetyl ဓါတ်တစ်မျိုး ထည့်သွင်းလေ့ ရှိသည်။
`ဒီပစ္စည်းတွေက ဆေးလိပ်အစားထိုး၊ ဆေးလိပ်ဖြတ်ချင်တဲ့သူတွေအတွက် နီကိုတင်းပါတာတွေလည်းရှိတယ် မပါတာတွေလည်းရှိတယ်၊ ဆေးလိပ်အစားထိုးဆိုတာက ဆေးလိပ်သောက်တဲ့သူ၊ နီကိုတင်း ရှိမှဖြစ်မယ်ဆိုရင်လည်း နီကိုတင်းအဆင့် အမျိုးမျိုးရှိတဲ့ ဆေးရည်ထည့် သောက်လို့ ရတယ်´
ယင်းကဲ့သို့ နီကိုတင်းပါဝင် ငွေ့ရည်ကို ရှုသွင်းခြင်းကြောင့် ကျန်မာရေးအရ နီကိုတင်၏ဆိုးကျိုးများ ဖြစ်သော သွေးတိုး၊ နှလုံး အစရှိသော ရောဂါဝေဒနာများရရှိနိုင်သေးခြင်းအပြင် E-စီကရက်နှင့် ပတ်သက်၍ ကျန်းမာရေးရှုထောင့်မှ တိကျခိုင်မာသော သုတေသနတွေ့ရှိချက်များ နိုင်ငံတကာတွင်ပင် မရှိသေးသဖြင့် ဆေးလိပ်သောက်သုံးနှင့် နိုင်းယှဉ်ချိန်ထိုးရန် မဖြစ်နိုင်သေးပေ။
`တကယ်တော့ နီကိုတင်းဆိုတာ ရင်ဘက်ကို ရှသွားတယ်ဆိုတဲ့ဟာ၊ ဆေးလိပ်က ဆိုးကြိုးပေးတယ်ဆို အဆုတ်ကို မဲသွားစေတာ ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဆေးပေါလိပ်ပဲဖြစ်ဖြစ်၊ စီးကရက်ပဲဖြစ်ဖြစ် စက္ကူကို ရှို့ရတယ်၊ ဆေးရွက်ကြီးကို ရှို့ရတဲ့အတွက် ပါတဲ့မှိုင်းတွေကသွားကပ်တယ်၊ ဒီကောင်က နီကိုတင်းပါတဲ့ဟာကျတော့ ရင်ဘက်ကို ရှသွားတယ်ဆိုတဲ့ အရသာ၊ ရှသွားတာကလွဲပြီးတော့ ဘာမှတော့ ဆိုကျိုးတော့ မရှိဘူး၊ ဘာလို့လဲဆိုတော့ ယူအက်စ်မှာ အကုန်လုံးက ဒီကောင်ကို Force လုပ်ပြီးတော့ ဆေးလိပ်ဖြတ်ဖို့ လုပ်နေကြတဲ့အတွက်ကြောင့်ပေါ၊ ဒါပေမယ့် လုံးဝအန္တရာယ်မရှိဘူးလို့တော့ အစ်ကိုမပြောဘူး´ဟု ကိုဥက္ကာကျော်က သူ၏အမြင်ကို ပြောသည်။
`စီးကရက်တစ်လိပ်မှာ Chemicals အမျိုးအစား ထောင်ချီပြီးပါတယ်၊ ဒီ E-စီးကရက် ဆေးရည်မှာ Chemicals ၄၊ ၅ မျိုးပဲ ပါတယ်ဆိုပါတော့၊ ဒါပေမယ့် ဒီ ၄၊ ၅ မျိုးရဲ့ ဘေးဥပါတ်ဖြစ်စေနိုင်မှုဟာ ပိုပြီး ပြင်းထန်မယ်ဆို ပိုအန္တရာယ်ရှိတာပဲ၊ ဆိုလိုတာက ပါဝင်တဲ့ ဓါတုပစ္စည်း အရေအတွက်ကို ကြည့်ပြီး နိုင်းယှဉ်လို့ မရဘူး၊ နောက်ပြီး သိထားသင့်တာ တစ်ခုက ဆေးလိပ်ရဲ့ ဆိုးကျိုး၊ အရက်ရဲ့ ဆိုးကျိုးတွေသိလာဖို့ နှစ်ပေါင်းများစွာ သုတေသနတွေ၊ မှတ်တမ်းမှတ်ရာတွေ လုပ်လာရတာ၊ ဒါကြောင့် ဒီနည်းပညာ အသစ်တွေနဲ့ ပေါ်လာတဲ့ E-စီးကရက်ရဲ့ ကျန်းမာရေထိခိုက်နိုင်မှု အခြေအနေကို ပညာရှင်တွေအနေနဲ့ ၁၅ နှစ်၊ နှစ် ၂၀ လောက် လေ့လာဖို့ လိုမယ်၊ အဲဒီလို သေချာ မသိနိုင်သေးတဲ့ ကာလမှာ ဆေးလိပ်သောက်ခြင်းထက် ပိုကောင်းတယ် ပိုဆိုးတယ် ပြောလို့ မရနိုင်ဘူး´ ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဆရာဝန်တစ်ဦးက ရှင်းပြသည်။
အမေရိကန်နိုင်ငံ၌ ပြည်တွင်းလေကြောင်းလိုင်း လေယာဉ်များပေါ်တွင် သောက်သုံးနိုင်ပြီး၊

ဆေးလိပ်သောက်ခြင်းကို တာမြစ်ထားသော
နေရာများတွင်လည်း သောက်နိုင်သည်ဟု ဆက်လက် ပြောပြသည်။ E-စီးကရက်များသည်
ဆေလိပ်အစားထိုး ပစ္စည်းဖြစ်သော်လည်း မြန်မာနိုင်ငံသို့
ကန့်သတ်ကုန်စည်အမျိုးအစားအောက်တွင်မဟုတ်ဘဲ အခြားကုန်စည်အောက်မှ
တင်သွင်းလာကြောင်း ကိုဥက္ကာကျော်က ပြောသည်။
`အစ်ကိုတို့ ဒီဟာတွေ သွင်းတော့ ရီရတယ်၊ ဆိပ်ကမ်းကသွင်းတာ၊ ပစ္စည်းက အသစ်ဖြစ်နေတဲ့အတွက် ဘယ် အမျိုးအစားအောက်ကို ထည့်ရမှန်းမသိကြဘူး၊ အဲလိုနဲ့ အခြားကုန်စည်အောက်ကနေ သွင်းလာတာ´ ဟု ပြောသည်။
`ကုန်ပစ္စည်းမိတ်ဆက်က လောလောဆယ်မလုပ်သေးဘူး၊ ဆိုင်ဖွင့်ပွဲတောင် မလုပ်သေးဘူး၊ လုပ်လိုက်ရင် အုန်းကနဲဆိုလေ ပြုံဝင်လာမှာ စိုးလို့၊ မနိုင်မှာ စိုးလို့၊ အခု မောင်လေးတို့ကို ရှင်းပြသလို ရှင်းပြရမှာလေ၊ လူတွေက ဘာမှန်းမှ မသိတာ။ အဲတာကြောင့် ချိန်နေရတာ´ ဟု မဆုပန်ထွာက ပြောသည်။ မိတ်တ်ဆက်ပွဲ မလုပ်ရသေးသည့်တိုင် ၀ယ်ယူသုံးစွဲသူ များပြားကြောင်း ဆက်လက် ပြောကြားသည်။
`နောက် ခုဏပြောသလို တစ်ခုကို ၁ သိန်းတန်၊ ၈ သောင်းခွဲ၊ ၉ သောင်းတန်လောက်တွေဆိုတော့ ကလေးတွေလက်ထဲလည်း ပုံးပေါလအော မရှိနိုင်ဘူးပေါ့၊ မပန် ထင်တယ်၊ နောက်ဆို ဆေးလိပ်သောက်တဲ့လူက ရှက်စရာဖြစ်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ပေါ့နော်၊ အားလုံးအတူတူသွာနေကြတယ် မောင်လေးရာ၊ အဲဒီမှာ ဆေးလိပ်သောက်တဲ့လူက သောက်မယ်၊ ဘေးမှာ ဒီ Vape နဲ့ သူ့အဆင့်နဲ့သူပေါ့၊ အဆင့်ခွဲလိုက်တဲ့ သဘောပေါ၊ သူ့အဆင့်လေးနဲ့သူ သောက်နေမယ်၊ နောက်ဆို ဆေးလိပ်သောက်တဲ့လူက ရှက်လာမယ်၊ ဟာ ငါတို့ ဒါကိုင်ရမှာဆိုတာမျိုး ဖြစ်လာမယ်၊ မပန် တွေးတာပါ´ ဟု မဆုပန်ထွာကလည်း သူ၏ အမြင်ကို ပြောပြသည်။
မဆုပန်ထွာသည် သူမကိုယ်တိုင် ဆေးလိပ်မသောက်တတ်သော်လည်း Vape လုပ်ကြောင်း၊ စတော်ဘယ်ရီ၊ ပန်းသီး၊ စပျစ် အစရှိသည့် သစ်သီးအရသာရှိသော ဆေးရည်ထည့်သွင်း ရှုသောက်ရခြင်းကို နှစ်သက်ကြောင်း ပြောသည်။
`သူငယ်ချင်းတွေနဲ့ အတူတူသွားတဲ့အခါ စတိုင်ပေါ့၊ စတိုင်ပုံစံမျိုးပေါ့၊ စတိုင်မိုက်တာပေါ့၊ မပန်ဆို မယုံလို့ တစ်ခါတလေ တစ်ခုချင်းစီ စမ်းသောက်ကြည့်တယ်၊ စပျစ်အရသာဆို တကယ့် စပျစ်သီး အရသာ၊ လန့်တောင် လန့်တယ်´
Vape City E-စီးကရက်ဆိုင်သည် မြန်မာနိုင်ငံအတွက် ပထမဆုံးနှင့် အကြီးဆုံးဖြစ်ပြီး E-စီးကရက် အမျိုးအစား အများအပြားရှိ၍ ဈေးနူန်းအားဖြင့် ၇၅၀၀၀ မှ ၆၀၀၀၀၀၀ ကျပ်အထိ အစားစားရှိပြီး၊ ဆေးရည် ၁၀ မီလီလီတာ ၁ ပုလင်းကို ၁၀၀၀၀ ကျပ်နှင့် အထက်ဈေနူန်းဖြင့် ရောင်းချလျှက်ရှိကြောင်း ကိုဥက္ကာကျော်က ပြောသည်။
`ဆိုင်နေရာ ရွေးရတဲ့ ရည်ရွယ်ချက်က ညီလေးသိတဲ့အတိုင်း ဒီ Shopping Center တွေလို လူပေါင်းစုံ မ၀င်ဘူးလေ၊ ကိုယ့်ဆီလာမယ့် Customer ရဲ့ အဆင့်အတန်းက ကွဲပြီးသား ဖြစ်နေတာပေါ့´
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:
Post a Comment