လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Saturday, April 5, 2014

ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး

Photo: ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး

လူတစ်ယောက် ဘဏ်ထဲကိုဝင်လာပြီး ငွေသွင်းဖို့ တန်းစီနေတဲ့ လူတန်းကြီး နောက်မှာ တန်းစီလိုက်တယ်။ မီနစ်၂၀ လောက်ကြာတော့ စိတ်မရှည်တော့ဘဲ ကောင်တာစာရေးမဆီ တန်းသွားပြီး ပြောတယ်။ "ဟဲ့ကောင်မ ငါငွေသွင်းဖို့ စောင့်နေတာကြာလှပြီ၊ သောက်လူတန်း အရှည်ကြီးကို ဆက်မစောင့်နိုင် တော့ဘူး၊"

"လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး ကြမ်းတမ်းတဲ့ စကားတွေ ဒီဘဏ်ထဲမှာ 
ပြောလို့မရပါဘူးရှင့်"

"ကောင်းပါပြီဗျာ၊ ဒါဆိုကျေးဇူးပြုပြီး ငါ့ကိုလမ်းညွန်စမ်းပါ၊ ဒီသောက် ချက်လက်မှတ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ"

"တောင်းပန်ပါတယ် လူကြီးမင်းရှင့်၊ ကျမအဲလို စကားကြမ်းကြမ်းတွေ နားမထောင်နိုင်ပါဘူးရှင့်"

"အာ ဒီကောင်မ နာတော့မယ်၊ ကဲ ဒါဆိုလဲ နင်တို့ သောက်မန်နေဂျာကို ခေါ်လိုက်စမ်း၊ သူနဲ့ရှင်းမယ်"

မန်နေဂျာရောက်လာပြီး စာရေးမကိုမေးတယ်။

"ဘာဖြစ်သလဲ စာရေးမ"

"ဒီကလုကြီးမင်းက ကျမကို မိုက်ရိုင်းတဲ့စကားတွေနဲ့ လာစော်ကားနေလို့ ဆရာ"

မန်နေဂျာ က

"ဘာပြသနာများရှိလဲ ခင်ဗျာ၊ ကျနော်ဘာများအကူအညီပေးရမလဲ"

"ငါ့ ဒီသောက် ချက်လက်မှတ်က ငွေကို မင်းတို့ရဲ့သောက်ဘဏ်မှာ အပ်မလို့ ကွ"

မန်နေဂျာ မျက်နှာမဲ့သွားတယ်၊ ဒေါသလဲ နည်းနည်းထွက်သွား ပုံရတယ်။ အဲဒီလူလက်ထဲက ချက်လက်မှတ်ကို ဖြတ်ခနဲဆွဲယူပြီး ဖတ်ကြည့်လိုက်တော့

အပ်ငွေပမာဏ ဒေါ်လာ ၁၅ သန်းတဲ့။

မန်နေဂျာက အဲဒီလူဘက်လှည့်ရင်းပြောတယ်...

"စိတ်မရှိပါနဲ့ခင်ဗျာ၊ ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး.."

Myanmar News Media
လူတစ်ယောက် ဘဏ်ထဲကိုဝင်လာပြီး ငွေသွင်းဖို့ တန်းစီနေတဲ့ လူတန်းကြီး နောက်မှာ တန်းစီလိုက်တယ်။ မီနစ်၂၀ လောက်ကြာတော့ စိတ်မရှည်တော့ဘဲ ကောင်တာစာရေးမဆီ တန်းသွားပြီး ပြောတယ်။ "ဟဲ့ကောင်မ ငါငွေသွင်းဖို့ စောင့်နေတာကြာလှပြီ၊ သောက်လူတန်း အရှည်ကြီးကို ဆက်မစောင့်နိုင် တော့ဘူး၊"

"လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး ကြမ်းတမ်းတဲ့ စကားတွေ ဒီဘဏ်ထဲမှာ
ပြောလို့မရပါဘူးရှင့်"

Wednesday, March 12, 2014

စေတနာကို မစော်ကားနဲ့

Photo: စေတနာကို မစော်ကားနဲ့

Bus ကားတစ်စီးပေါ်မှာအသက် သုံးဆယ်ဝန်းကျင်လူတစ်ဦး
ကသူ့အရှေ့မှာ မတ်တပ်ရပ်ပြီး ကားစီးနေတဲ့ ကောင်မလေး
တစ်ယောက်ရဲ့ လုံချည်စဖင်ကြားညှပ်နေတာကို)မြင်လိုက်မိ
တယ်။ 
အဲဒီမှာသူကစဉ်းစားတာပေါ့...သူဘာလုပ်ပေးရင်ကောင်းမလဲ
သွားပြောရင်လည်းကောင်မလေးကရှက်သွားမယ်၊
ဒီတိုင်းကြီးကျပြန်တော့လည်းတော်တော်ကြည့်ရဆိုးနေတယ်...

အဲဒါနဲ့သူလည်း... ကောင်မလေးနားအသာကပ်သွားပြီးတော့

မသိမသာလေး "ဖတ်"ဆိုပြီးညှပ်နေတဲ့အစလေးကိုဆွဲထုတ်
ပေးလိုက်တာပေါ့.....

ဟာ.....ကောင်မလေးကလည်း လက်မြန် သလား မမေးနဲ့
ချက်ချင်းဆိုသလိုနောက်လှည့်ပြီး

အဲဒီလူရဲ့ပါးကို " ဖြန်း " ကနဲနေအောင်ဆော်ထည့်လိုက်ရော.

"ရှင်ဘာလုပ်တာလဲ "တဲ့......

အဲဒီမှာတကောင့်သားက..လူရှေ့ပါးရိုက်ခံလိုက်ရတော့
မျက်နှာ တစ်ခုလုံးနီရဲပြီး စိတ်လည်းတော်တော်တိုသွား
တယ်....

သူကလည်းမခေဘူး...ကောင်မလေးရဲ့အနောက်နားကို
ကပ်သွားပြီး..........

ချက်ချင်းဆိုသလိုပဲ...." စေတနာကို မစော်ကားနဲ့...အင့် " 
ဆိုပြီးတော့...............

ကောင်မလေးရဲ့လုံချည်စ ကိုယူပြီးတော့ မူလ (သူဆွဲထုတ်
ပေးခဲ့တဲ့နေရာ)ကိုပြန်ထိုးထည့်ပေးလိုက်တယ်တဲ့ဗျာ 

(ဟာသသူခိုး)
Bus ကားတစ်စီးပေါ်မှာအသက် သုံးဆယ်ဝန်းကျင်လူတစ်ဦးကသူ့အရှေ့မှာ မတ်တပ်ရပ်ပြီး ကားစီးနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လုံချည်စဖင်ကြားညှပ်နေတာကို)မြင်လိုက်မိ
တယ်။အဲဒီမှာသူကစဉ်းစားတာပေါ့...သူဘာလုပ်ပေးရင်ကောင်းမလဲသွားပြောရင်လည်းကောင်မလေးက
ရှက်သွားမယ်၊ဒီတိုင်းကြီးကျပြန်တော့လည်းတော်တော်ကြည့်ရဆိုးနေတယ်...
အဲဒါနဲ့သူလည်း... ကောင်မလေးနားအသာကပ်သွားပြီးတော့မသိမသာလေး "ဖတ်"ဆိုပြီးညှပ်နေတဲ့အစလေးကိုဆွဲထုတ်ပေးလိုက်တာပေါ့.....
ဟာ.....ကောင်မလေးကလည်း

Tuesday, March 11, 2014

အပျိုလေးတွေမသိပါဘူး

Photo: အပျိုလေးတွေမသိပါဘူး

 
ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးကာစ ကောင်မလေးကို သူ့သူငယ်ချင်း အပျိုမတစ်သိုက်က တိုးတိုးတိတ်တိတ်မေးသည်။

"ဟဲ့… နင့်မှာ မျက်တွင်းတွေကိုကျလို့ တစ်ညလုံးမအိပ်ဘူးလား??? မင်္ဂလာဦးည အတွေ့အကြုံလေး ငါတို့သိရအောင်ပြောပြပါလား?"

"တော်ပါပြီဟာ မပြောချင်ပါဘူး"              
"ပြောပါဟာ နင်ကလည်း ငါတို့တွေဗဟုသုတရတာပေါ့"

"အို… ကိုယ့်အကြောင်းကိုယ်ပြောရမှာ ရှက်စရာကြီး"

"ပြောပါဟာ နင်ကလည်း… အချင်းချင်းတွေပဲဟာ"

"ဒီလောက်တောင်သိချင်နေကြလည်း ပြောပြမယ်ဟာ။ မနေ့ညက တစ်ညလုံးမအိပ်ရဘူးဟ"

"ဟင်… ဒီလောက်တောင်လား!!!"

"အေးလေ… လက်ဖွဲ့တွေဝေစုခွဲကြရင်း လင်မယားနှစ်ယောက် ရန်သတ်နေကြတာ မိုးလင်းပေါက်ပဲဟေ့…"
ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးကာစ ကောင်မလေးကို သူ့သူငယ်ချင်း အပျိုမတစ်သိုက်က တိုးတိုးတိတ်တိတ်မေးသည်။

"ဟဲ့… နင့်မှာ မျက်တွင်းတွေကိုကျလို့ တစ်ညလုံးမအိပ်ဘူးလား??? မင်္ဂလာဦးည အတွေ့အကြုံလေး ငါတို့သိရအောင်ပြောပြပါလား?"

"တော်ပါပြီဟာ မပြောချင်ပါဘူး"
"ပြောပါဟာ နင်ကလည်း ငါတို့တွေဗဟုသုတရတာပေါ့"

"အို… ကိုယ့်အကြောင်းကိုယ်ပြောရမှာ

Saturday, February 22, 2014

2014.2. ဟာသလေးများ

 သူငယ်ချင်းတို့ အောက်မှာရှိသေးတယ်နော်

Saturday, February 1, 2014

မြင်သမျှ ကြားသမျှ ************* အကြည်တော်

Photo: မြင်သမျှ ကြားသမျှ

*************

အကြည်တော်

►ဓားပြတွေတဲ့လား

ဒီတစ်ပတ် အများဆုံးကြားနေရ တာကတော့ ဓားပြမှုတွေပါပဲ။ အရင်က ဆို ခိုးမှု၊ အဓမ္မမှုတွေ အများဆုံးတွေ့နေ ရာကနေ အခုတော့ ဓားပြမှုတွေ အများ အပြား ပါဝင် လာတာ တွေ့ရပါတယ်။

အရင်က သတင်းတွေကပဲ မပွင့် မလင်းခဲ့လို့ မသိခဲ့ရတာလားတော့ မ ပြောတတ်ပါဘူး။ အခုတော့ ထူးထူးခြား ခြား ဓားပြမှုတွေ တွေ့နေ ရပါတယ်။ ဓားပြတွေဆိုပေမယ့် အရင်ကလို တကယ့်ဓားကို ပြပြီး တိုက်တဲ့ဓားပြတွေမဟုတ်တော့ပါဘူး။ နေ့ခင်းကြောင် တောင် သေနတ်တွေပြ၊ ပစ်ခတ်ပြီး တကယ့်ကို ဝင်ရောက်လုယက်နေကြတဲ့ ဓားပြတွေပါ။

ဒီလိုဆို နိုင်ငံရဲ့ လုံခြုံရေးက စိတ် မအေးစရာပါပဲ။ ဖြစ်ပျက်ခဲ့တာတွေက လည်း တကယ့် မြို့ကြီးတွေမှာ ဖြစ်နေ တာပါ။

ဒီကြားထဲ ရန်ကုန်ဝန်းကျင်နားက လက်နက်တိုက်တစ်ခုကနေ လက်နက် တွေ ဝင်ရောက်ခိုးယူသွားတယ်ဆိုတာ လည်း ကြားရပါတယ်။

ဒါဆို လူတွေအပြင်ထွက်ဖို့တောင် ခက်ခဲတဲ့ အနေအထားပါ။ အစကတည်း က မော်တော်ကားတွေ တက္ကစီတွေကို ဓားထောက်လုယက်နေရာကနေ အခု ဆိုရင်   သေနတ်ထောက် လုယက်ကြမှာ တောင် စိုးရိမ်နေရပါပြီ။

အချို့ကလည်း ဒါတွေကို လျစ်လျူ ရှုပြီး ဘယ်စာအုပ်ပြင်ရမယ်။ ဘယ်အ ပိုဒ် ပြောင်းရမယ်နဲ့ ပြောနေကြတုန်းပါပဲ။ အမှန်တော့ ဒါလည်း လုပ်သင့်ရင် လုပ် ပေါ့။

 ဒါပေမဲ့ ပြည်သူများရဲ့ အသက် အန္တရာယ်ကိုတော့ လျစ်လျူမရှုသင့်ပါ ဘူး။

►ပေါလိုက်တဲ့ မူးယစ်ဆေးဝါးတွေ

အခုလူငယ်တွေကြား ခေတ်အစား ဆုံးကတော့ မူးယစ်ဆေးဝါးပါပဲ။ စိတ် ကြွရူးသွပ်မူးယစ်ဆေးဝါးလို့ အမည်ပေး ထားတဲ့ ဆေးတွေဟာ လူငယ်တွေကြား အတော် ကလေးကို ပျံ့နှံ့နေပါပြီ။

ဖမ်းလိုက်တဲ့ မူးယစ်ဆေးတွေ၊ မမိ တဲ့နေ့လည်း မရှိပါဘူး။ နေ့တိုင်းလည်း ဖမ်းမိပါလျက် ဒီလောက်ပျံ့နှံ့နေသေး တာလဲ အံ့အားသင့်စရာပါပဲ။

တချို့လူငယ်များဟာဆိုရင် အဲဒီ လို ဆေးတွေဝယ်မသုံးနိုင်လို့ ကော်ရှူ ကြသတဲ့။ ဘယ်လို ရှူကြသလဲတော့ မသိပါဘူး။

လူငယ်ဆိုတာဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေလို့ ဆိုကြပါတယ်။ ဒါပေမဲ့ လူငယ်တွေ ဒီလောက်တောင် ပျက်စီးနေရင် ဘယ်လိုခေါင်းဆောင် ကောင်းတွေ ထွက်ပေါ် လာမှာလဲ။ ခပ် ညံ့ညံ့တိုင်းပြည်မှာခပ်ညံ့ညံ့ခေါင်းဆောင် တွေနဲ့ပဲတွေ့နေလုံးလည်ချာလည်လိုက် နေဦးမှာပါပဲ။

တချို့ကတော့ လူငယ်တွေရဲ့ ပညာရေး အကြောင်းကို အဓိကထား ပြော ကြပါတယ်။ ဟုတ်ပါတယ်။ ပညာ ရေးကလည်း အရေးကြီးပါတယ်။ ဒါပေ မဲ့ လူငယ်တွေ   ကျောင်းတက်ဖို့က ပိုအ ရေး ကြီးပါတယ်။ အခု လူငယ်တွေ ကျောင်းနဲ့ ကလပ် ဘယ်မှာ လူပိုများလဲ စုံစမ်းကြည့်ဖို့ လည်းလိုပါတယ်။ ကျောင်း နေအရွယ်တွေ ကလပ်ကို   ရောက်နေကြ တယ်။ ကလပ်ဆိုတာကလည်း ညမှောင် မှောင် မီးမှောင်မှောင်မှာ မဟုတ်တာမျိုး စုံ လုပ်လို့ရနိုင်တဲ့ နေရာပါပဲ။

ဧည့်စာရင်းတောင် တိုင်စရာမလို တဲ့ ဒီလိုနေရာမျိုးမှာ မူးယစ်ဆေးဝါးတွေ မပျံ့နှံ့နေနိုင်ဘူးလား။ မြန်မာနိုင်ငံမှာ ကိုယ့်အိမ်မဟုတ်ဘဲ ဘယ်နေရာပဲ သွား သွား ည ဘက်နေရင် ဧည့်စာရင်းတိုင်ရပါ တယ်။ အဲဒီလို ဧည့်စာရင်းမှ မတိုင်ချင် ရင် ကလပ်ထဲ သွားပါ။ ဘာဧည့်စာရင်း မှ မလိုပါဘူး။ မှတ်ပုံတင်မပြရပါဘူး။ဥပဒေကိုယ်တိုင်က မဟုတ်တဲ့ နေရာကွက် လွှတ်ထားလေတော့ ခုနက ပြောတဲ့အတိုင်းပါပဲ။ခပ်ညံ့ညံ့တိုင်းပြည်မှာ ခပ်ညံ့ညံ့ ခေါင်းဆောင်တွေပဲ လာကြမှာပေါ့။

►များလိုက်တဲ့ ဗိုလ်ချုပ်တွေ

အတော်ကလေးကို ကြာပါပြီ။

မြန်မာပြည်ကို ဒီမိုကရေစီလို့ နာ မည်ပြောင်းပြီးကတည်းက ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သတင်းတွေ၊ ဆောင်းပါးတွေ ဓာတ်ပုံတွေ အတော်များများ ပြန်တွေ့ လာရပြန်ပါတယ်။

ကောင်းပါတယ်။ တိုင်းပြည်တစ်ခု ရဲ့ သူရဲကောင်းကို အစအနဖျောက်ထား ရာကနေ ပြန်လည်ပြီး မြင်ခွင့်၊ တွေ့ခွင့် ဖတ်ခွင့်ရတဲ့အတွက် လူတိုင်းအတွက် တော့ အကျိုး ရှိတာ အမှန်ပါပဲ။ အခုအ ချိန်အထိပါပဲ။

အစကတော့ ဗိုလ်ချုပ်အောင်ဆန်း ပုံတို့ ဒေါ်အောင်ဆန်းစုကြည်တို့ ပုံတွေ ဆိုရင် ခိုးကြည့်ကြရပါတယ်။ ဓာတ်ပုံ ဟောင်းလေးတစ်ပုံကိုတောင် မရမက ယူပြီး အိမ်ရဲ့ အထွတ်အမြတ်နေရာမှာ ချိတ်ဆွဲထားကြလေ့ ရှိပါတယ်။ တလေး တစားကို ကိုးကွယ်ကြရပါတယ်။  ဒါပေမဲ့ တစ်နေ့က မြင်ကွင်း က တော့ စိတ်မကောင်းစရာပါပဲ။

 ဗိုလ်ချုပ်ပုံပါတဲ့ ဂျာနယ်နဲ့ အီကြာ ကွေး ထုပ်သွားတော့တာပါပဲ။

လူတွေကို ပြောပါတယ်။ များလာ တော့လည်းဂရုမစိုက်နိုင်များ ဖြစ်လာသ လားလို့။

►ကာတွန်းတွေတဲ့လား

ဒီလိုပြောလို့ ကျွန်တော့်ကို အမြင် ကတ်ကြမယ်။

ဟုတ်တယ်။ ကာတွန်းတွေ၊ ဂျာ နယ်တွေ ပုဂ္ဂလိကမှာပါတဲ့ ကာတွန်း တွေ၊ ဒါ့အပြင် လူရွှင်တော်တွေရဲ့ ပြက် လုံးတွေ။

ဟိုးအရင်က ဆရာကြီး ဦးဘဂျမ်း တို့ရဲ့ ကာတွန်းတွေက နိုင်ငံရေးကို ပြောပေမယ့် အနုပညာ ပါပါတယ်။ အတွေးအခေါ်ပါပါတယ်။ ဒီဘက်ခေတ် မှာလည်း ဆရာအော်ပီ ကျယ်တို့ရဲ့ ကာ တွန်းတွေ ထိထိမိမိနဲ့ တွေးစရာတွေ အများကြီး ပါပါတယ်။

အခု သတင်းစာခေတ်မှာတော့ ကာတွန်းတွေဟာ အဲဒီလို မဟုတ်တော့ ပါဘူး။ ကာတွန်းလို့ အမည်ခံထားတဲ့ ဒဲ့ဒိုးရေးတဲ့ စာတွေပါ။

အယ်ဒီတာများကလည်း လက်ရာ ကို တောင် မကြည့်တော့ပါဘူး။ သူတို့ လိုချင်တဲ့ အကြောင်းအရာဖြစ်ရင် သ တင်းစာထဲ၊ ဂျာနယ်ထဲ ထည့်ပစ်တော့ တာပါပဲ။

တစ်ခါတလေ ကာတွန်းဆိုပြီး ရုပ် ပုံတောင် မပါပါဘူး။ တစ်ဖက်စာကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြ တစ်ဖက်စာက ကွင်းစကွင်းပိတ်နဲ့ ပြန်ပြော ဒါပါပဲ။ ကြာလာတော့လည်း ခံစားရတာ တစ်မျိုးပါပဲ။

ပြန်စဉ်းစားကြည့်ပါ။ သတင်းစာ တစ်စောင်နှစ်စောင်ပဲ ရှိစဉ်ကာလက တစ်ဖက်သတ်ရေးတဲ့ ကာတွန်းတွေ ဖတ်ကြရဖူးမှာပါ။ အဲဒီတုန်းက အဲဒီ ကာတွန်းတွေကို ဘယ် သူကမှ ကာတွန်း အဖြစ် မသတ်မှတ်ပါဘူး။

အနုပညာသမားဖြစ်တဲ့ကျွန်တော် တို့ ကိုယ်တိုင်တောင် အဲဒီလို ရေးတဲ့ လူမျိုးနဲ့ တွေ့ရင် အဖက်လုပ်ပြီး စကား မပြောပါဘူး။ အနုပညာ သမားအဖြစ် တောင် မသတ် မှတ်ပါဘူး။ အခုတော့ အဲဒီလို လူမျိုးတွေကို အနုပညာရှင်အဖြစ်သာ သတ်မှတ်ရရင် အခုတော့ ညည်းပဲ ညည်းနိုင် တယ်။

 ”ကာတွန်းတွေတဲ့လား”

ဟာသဆိုရင်လည်း ရယ်ရတာပေါ့ဗျာပိုဆိုးလာတဲ့ တစ်ခုပါပဲဗျာ။ကိုယ့် ကိုယ်ကိုယ်လည်း သံသယ မကင်းပါဘူး။

ကျွန်တော်တို့ကိုယ်တိုင် ဟာသ တစ်ခေတ်ကို ထူထောင်လာတဲ့အခါ ဟာသစာအုပ်၊ ဟာသပြဇာတ်၊ ဟာသ ရုပ်ရှင် စသည်ဖြင့် ခေတ်စားလာပြီး မင်းသားတွေတောင် လူရွှင်တော်လုပ်ပြီး သဘောကျလို့ အငြိမ့်ကကြ တဲ့ ခေတ် ပေါ့ဗျာ။

ပြက်လုံးဆိုတာလည်း ဝေးဝေး ရှာနေစရာ မလိုဘူး။ နိုင်ငံရေး အ ကြောင်း ပြောရင်ကို ပြက်လုံးက အလို လိုဖြစ်၊ ပရိသတ်ကလည်း အဲဒီလို ပြော နိုင်ရင် ချစ်ကြကိုးဗျ။

 ကျွန်တော်တို့ မြန်မာလူမျိုးများက လုပ်ခွင့်မရလို့သာ ငြိမ်နေတာ၊ လုပ်ခွင့်ရ ရင်လည်း တစ်ဆုံးကိုးဗျ။ ဒါကြောင့် ပွင့် လင်းတဲ့ခေတ်မှာ နိုင်ငံရေးမှ မပြက်ရင် လူရာမဝင် တဲ့ခေတ်က ဖြစ်လာပြန်တယ်။

အရင်ကတော့ သွယ်ဝိုက်ပြော၊ လှည့်ပြောလုပ်ရာကနေ အခုတော့ ဒဲ့ဒိုး အလုံးတွေနဲ့ ပရိသတ် လက်ခုပ်ကျ အောင် လုပ်လာကြတော့တာပေါ့။

လုပ်ကြပါ။ ဘာမှ မပြောလိုပါဘူး။

ဒါပေမဲ့ တစ်ခါတော့ အတော်က လေးကို စိတ်မကောင်းဖြစ်မိပါတယ်။

အဲဒါကို ဘုမသိ ဘမသိနဲ့ လူတွေ ကလည်း ရယ်ကြတယ်ဗျာ။

ကျွန်တော်လည်း တစ်ခုပဲ ရေ ရွတ်မိတယ်။

”ဗိုလ်ချုပ်စကား လူရွှင်တော်နှုတ် ဖျားရောက်သွားတဲ့အခါ မိန့်ခွန်းဟာ ပြက်လုံး ဖြစ်လာတယ်”

ဒါကိုမှ ရယ်ချင်လည်း ရယ်ကြပေါ့ ဗျာ။

နောက်တစ်ပတ် ပြန်ဆုံမယ်…။

အကြည်တော်

►ဓားပြတွေတဲ့လား

ဒီတစ်ပတ် အများဆုံးကြားနေရ တာကတော့ ဓားပြမှုတွေပါပဲ။ အရင်က ဆို ခိုးမှု၊ အဓမ္မမှုတွေ အများဆုံးတွေ့နေ ရာကနေ အခုတော့ ဓားပြမှုတွေ အများ အပြား ပါဝင် လာတာ တွေ့ရပါတယ်။

အရင်က သတင်းတွေကပဲ မပွင့် မလင်းခဲ့လို့ မသိခဲ့ရတာလားတော့ မ ပြောတတ်ပါဘူး။ အခုတော့ ထူးထူးခြား ခြား ဓားပြမှုတွေ တွေ့နေ ရပါတယ်။ ဓားပြတွေဆိုပေမယ့် အရင်ကလို တကယ့်ဓားကို ပြပြီး တိုက်တဲ့ဓားပြတွေမဟုတ်တော့ပါဘူး။ နေ့ခင်းကြောင် တောင် သေနတ်တွေပြ၊ ပစ်ခတ်ပြီး တကယ့်ကို ဝင်ရောက်လုယက်နေကြတဲ့

Saturday, January 11, 2014

2014 ဟသလေးများ


အောက်မှာရှိသေးတယ်နော် ခိခိလုပ်သွားပါအုံး

Saturday, November 30, 2013

Sunday, August 25, 2013

"မေ့ဆေးပြယ်ချိန်"

Photo: "မေ့ဆေးပြယ်ချိန်"
Sunday, August 25, 2013

မေ့ဆေးပေးခွဲစိပ်မှုကို ခံထားရတဲ့ ယောက်ျားဖြစ်သူဟာ လူနာကုတင်ပေါ်မှာ မေ့မြောနေဆဲ ရှိပါသေးတယ်။
သူ့ကုတင်ဘေးမှာတော့ မိန်းမဖြစ်သူက ထိုင်စောင့်နေတယ်။

အဲဒီအချိန်မှာဘဲ လူနာသတိရလာတယ်။
မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်လုပ်ကြည့်ပြီး သူ့မိန်းမကို မြင်သွားတော့… …
“မင်း သိပ်သိပ်လှတာဘဲကွယ်”
….လို့ပြောပြီး ပြန်မေ့သွားတယ်။

မိန်းမဖြစ်သူလည်း တော်တော်လေး ကျေနပ်အံ့သြသွားတယ်၊ 
သူတို့ ပေါင်းသင်းလာတာကြာပြီ၊ တခါမှ အဲလိုချီးမွမ်း မခံရဖူးဘူးလေ။

ခဏနေပြန်တော့ လူမမာသတိရလာပြန်တယ်
ခုနလိုဘဲ မျက်လုံးလေးဖွင့်ကြည့်ပြီး ပြောပြန်တယ်…
“လှတယ်”
…ဆိုပြီး ပြန်မေ့သွားပြန်တယ်၊
မိန်းမဖြစ်သူစိတ်ထဲ နဲနဲဘဝင်မကျဘူးဖြစ်သွားတာပေါ့

ဒါနဲ့
ဘယ်မှ မသွားဘဲ ကုတင်ဘေးမှာ ပေပြီးစောင့်နေတယ်။
မကြာပါဘူး လူမမာ သတိရလာပြန်တယ်၊
ခုနလိုဘဲ မျက်လုံးလေးဖွင့်ကြည့်ပြီး ပြောတယ်… ….
“အင်း…ရုပ်လေးက မဆိုးရှာပါဘူး”

ဒီလိုလဲပြောရော တော်တော်လေးကိုမကျေမနပ်ဖြစ်သွားတဲ့ မိန်းမက မေးတော့တယ်… …

“ဘယ်လိုဖြစ်လို့ ကျမရဲ့အလှက လျော့လျော့သွားရတာလဲ”

ဒီတော့ ယောက်ျားလုပ်သူက ပြန်ဖြေတယ်… …

“အော်... မိန်းမရယ်၊ မေ့ဆေးကလဲ တဖြေးဖြေး ပြယ်လာတာကိုး”….တဲ့။


https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်
ဟာသဗိမာန်-ဆရာသန်

မေ့ဆေးပေးခွဲစိပ်မှုကို ခံထားရတဲ့ ယောက်ျားဖြစ်သူဟာ လူနာကုတင်ပေါ်မှာ မေ့မြောနေဆဲ ရှိပါသေးတယ်။
သူ့ကုတင်ဘေးမှာတော့ မိန်းမဖြစ်သူက ထိုင်စောင့်နေတယ်။

အဲဒီအချိန်မှာဘဲ လူနာသတိရလာတယ်။

Friday, August 9, 2013

မှားသွားတယ်

Photo: မှားသွားတယ်
Friday, August 9, 2013

လမိုက်ည တစ်ညမှာ
သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့ ကြံရွယ်ခဲ့တယ်။ 

သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ခဲ့တယ်။ 

ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။

 နောက်သေတ္တာတစ်ခုကို ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။

သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။

နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး ညက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။ သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး သူခိုးမေ့လဲသွားခဲ့တယ်။ 

သတင်းစာပေါ် ရေးထားတာက...

"ရူးသွပ်နေသော သူခိုးတစ်ယောက် သုတ်လှူဘဏ်တစ်ခုကို ညက ဝင်ရောက်ခိုးခဲ့သည်"

Credit-original uploader
စိတ္တဇ ဟာသများ
လမိုက်ည တစ်ညမှာ
သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့ ကြံရွယ်ခဲ့တယ်။
သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ခဲ့တယ်။
ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။
နောက်သေတ္တာတစ်ခုကို ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။
သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။

Thursday, August 8, 2013

ဉာဏ်ပြေးတဲ့ယောက်ျား

Photo: ဉာဏ်ပြေးတဲ့ယောက်ျား
Thursday, August 8, 2013

ခင်ပွန်းဖြစ်သူဟာ ညနေခင်းတစ်ခုမှာ မိန်းမဖြစ်သူထံ ဖုန်းမက်ဆေ့ခ်ျ တစ်စောင်ပို့လိုက်ပါတယ်။"အချစ်ရေ ..ကိုယ်တော့ဒီညအိမ်ပြန်နောက် ကျမယ်။ဒါကြောင့်မို့ကိုယ့်ဝတ်ထားပြီးသားရုံးအင်္ကျီတွေကို လျှော်ပေး
ထားနော်။ 

ကိုယ်ပြန်လာရင်စားဖို့အတွက်လည်းကိုယ်ကြိုက်တဲ့ဟင်းလည်းချက်ထားပေးပါကွာ"လို့စာထဲမှာ ရေးမှာထားပါတယ်။

ဒီလိုနဲ့ပထမစာပို့ပြီးခဏအကြာမှာအမျိုးသားဟာ နောက်စာတစ်စောင်ထပ်ပို့လိုက်ပြန်ပါတယ်။အဲဒီစာထဲမှာ တော့ "စောစောက ပြောစရာတစ်ခုကိုယ်မေ့သွားတယ်..အချစ်ရေ။ဒီလကုန်ရင်ကိုယ်လစာတိုးမယ်သိလား။ဒါကြောင့် မင်းကို ကားတစ်စီးဝယ်ပေး မယ်နော်"လို့ရေးထားပါတယ်။

ဒီတစ်ကြိမ်မှာတော့ အမျိုးသားဟာ
"ဘုရားရေ.. ယောက်ျားရှင်တကယ် ပြောတာလား"လို့ရေးထားတဲ့ပြန်စာကိုချက်ချင်းဆိုသလိုရရှိတာကြောင့် စာပြန်လိုက်တာက "တကယ်ပြောတာ မဟုတ်ဘူး မိန်းမရေ .. ပထမစာ မင်းဖတ်ပြီးပြီလား၊မဖတ်ရသေးဘူး လားဆိုတာသိချင်လို့ တမင်ပို့လိုက် တာ"တဲ့။

မြန်မာတိုင်း
ဦးဇော်သိသမျှ မျှဝေရာအရပ်
ခင်ပွန်းဖြစ်သူဟာ ညနေခင်းတစ်ခုမှာ မိန်းမဖြစ်သူထံ ဖုန်းမက်ဆေ့ခ်ျ တစ်စောင်ပို့လိုက်ပါတယ်။"အချစ်ရေ ..ကိုယ်တော့ဒီညအိမ်ပြန်နောက် ကျမယ်။ဒါကြောင့်မို့ကိုယ့်ဝတ်ထားပြီးသားရုံးအင်္ကျီတွေကို လျှော်ပေး
ထားနော်။ ကိုယ်ပြန်လာရင်စားဖို့အတွက်လည်းကိုယ်ကြိုက်တဲ့ဟင်းလည်းချက်ထားပေးပါကွာ"လို့စာထဲမှာ
 ရေးမှာထားပါတယ်။
ဒီလိုနဲ့ပထမစာပို့ပြီးခဏအကြာမှာအမျိုးသားဟာ နောက်စာတစ်စောင်ထပ်ပို့လိုက်ပြန်ပါတယ်။အဲဒီစာထဲမှာ
 တော့

Wednesday, August 7, 2013

"ခြင်္သေ့ပုံ"

Photo: "ခြင်္သေ့ပုံ"
Wednesday, August 07, 2013

မြို့မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူက၊ နယ်မှာနေတဲ့ သူ့အဖေဆီကို ဖုန်းဆက်နေတယ်။

သာကြောင်းမာကြောင်း ပြောပြီးတဲ့အခါ သားဖြစ်သူက မေးတယ်... ...

"ဒါနဲ့ စကားမစပ်၊ တစ်ထောင်တန်ပေါ်မှာ ခြင်္သေ့ပုံ ရိုက်ထားတုန်းပဲလား အဖေ"

"အေးပေါ့ကွ၊ ဘာလို့မေးတာလဲ"

"အော်... မမြင်ရတာကြာတော့ ပြောင်းများ သွားပလားလို့ပါ"

ဒီတော့မှ အဖေလုပ်သူလည်း သဘောပေါက်သွားပြီး... ...

"အောင်မယ်၊ ခွေးမသား၊ ပိုက်ဆံပို့ပါအုံးအဖေဆို ပြီးတာကိုများ"

https://www.facebook.com/thanlayko
သန်၎ကို-ပေါက်ကရရေးသည်

မြို့မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူက၊ နယ်မှာနေတဲ့ သူ့အဖေဆီကို ဖုန်းဆက်နေတယ်။

သာကြောင်းမာကြောင်း ပြောပြီးတဲ့အခါ သားဖြစ်သူက မေးတယ်... ...

"ဒါနဲ့ စကားမစပ်၊ တစ်ထောင်တန်ပေါ်မှာ ခြင်္သေ့ပုံ ရိုက်ထားတုန်းပဲလား အဖေ"

"အေးပေါ့ကွ၊ ဘာလို့မေးတာလဲ"

Monday, July 29, 2013

ရဲဘော်တို့ ကို တခြားအထွေထူးတော့မမှာတော့ဘူး ..

Photo: ရဲဘော်တို့ 
ငါတို့ အခု online ပေါ်တက်ရတော့မယ်...
စုတ်ပြတ်နေတဲ့ MPT နဲ့ တွေ့ မယ်.
ကွန်နက်ရှင်းတွေကျမယ်.
လိုင်းတွေ စုတ်မယ်.
log out တွေ ခဏခဏဖြစ်မယ်.

ရဲဘော်တို့ ကို တခြားအထွေထူးတော့မမှာတော့ဘူး ..
. ရဲဘော်တို့ ဟာ တမိနစ်ကို ၄ ကျပ်အကုန်အကျခံပီး အ၀ိုင်းလေး လည်နေတာ ကြည့်နေရမယ့်အစား
.မိုးကုတ် ၀ိပဿနာ စက်ပိုင်းကို ကြည့်ရင် ပိုက်ဆံလည်း 
အကုန်သက်သာမယ့်အပြင် ..
ပါရမီပါရင် တရားထူးရနိုင်ပါသေးတယ်.- :D
---------------------------------------------------------
လင်း ခက်
ရဲဘော်တို့ 
ငါတို့ အခု online ပေါ်တက်ရတော့မယ်...
စုတ်ပြတ်နေတဲ့ MPT နဲ့ တွေ့ မယ်.
ကွန်နက်ရှင်းတွေကျမယ်.
လိုင်းတွေ စုတ်မယ်.
log out တွေ ခဏခဏဖြစ်မယ်.

Tuesday, July 23, 2013

ဆရာနဲ့တပည့်

Photo: ဆရာနဲ့တပည့်

ဆရာ။ ။ကမ္ဘာကျော် နှာဗူးမင်းသားကြီးရဲ့အမည်ကိုသိချင်ပါတယ်တပည့်

တပည့်။ ။ ဂျိမ်းစ်ဘွန်းပါ ဆရာ

ဆရာ ။ ။ twillight ကားထဲမှာ မင်းသားက မင်းသမီးကို အခြား vampire တွေရဲ့ သွေးစုပ်ခြင်းမခံရအောင် ကယ်ခဲ့တာ ဘာဖြစ်လို့လဲ

တပည့် ။ ။ သူ စုပ်ချင်လို့ပါဆရာ

ဆရာ ။ ။တပည့်တို့တရုတ်ပြည်ရောက်ရင်ပထမ ဆုံးပြောရမဲ့စကားက....

တပည့် ။ ။ ကျူးမီးဝါး ပါဆရာ

ဆရာ ။ ။မြန်မာလူမျိုးများရဲ့ အတောင့်တဆုံးအရာက....

တပည့် ။ ။ ၁၅၀၀ တန် ဖုန်းပါ ဆရာ

ဆရာ ။ ။အဆိုတော်ဝိုင်းဝိုင်းရဲ့ သီချင်းတွေ ဘာလို့ လူကြိုက်များတာလဲ

တပည့် ။ ။တရုတ်ပြည်မှာ..ကျော်ကြားပီးသားဖြစ်နေလို့ပါ 

ဆရာ ။ ။Metal ဂီတ ဆိုတာဘာလဲ

တပည့် ။ ။နားထောင်ရင် ရင်ကွဲပီး.....ဆိုလိုက်ရင်ဖင်ပြဲတဲ့ဂီတပါဆရာ

ဆရာ ။ ။ရန်ကုန်မြို့ လမ်းလည်ခေါင်မှာ touch mobile တစ်လုံးကိုင်ပီး ဟိုပွတ်ဒီပွတ် လုပ်နေတဲ့ သူတွေကိုဘယ်လိုမြင်လဲ

တပည့် ။ ။မျောက်အုန်းသီး ရနေတယ်လို့မြင်ပါတယ်ဆရာ

ဆရာ ။ ။ဆရာတို့မြန်မာပြည်မှာ သယံဇာတ တွေ...ပေါများကြောင်းကို ဘယ်သူတွေပိုသိသလဲ 

တပည့် ။ ။တရုတ်တွေကပိုသိပါတယ် ဆရာ

ဆရာ ။ ။ ဘွဲ့ရပီးရင် ဘာလုပ်မယ်လို့စိတ်ကူးတုန်း...

တပည့် ။ ။အဖေ့ ဆိုက်ကား ၀င်နင်းမယ်လို့ စိတ်ကူးထားပါတယ် ဆရာ

ဆရာ ။ ။ဆေးလိပ်များများသောက်ရင်ဘာဖြစ်မလဲ

တပည့် ။ ။ အငွေ့ များများ ထွက်ပါမယ် ဆရာ

တိန်......

ရီမောပျော်ရွှင်ပါစေ....

Lon Ely ( cp )


ဆရာ။ ။ကမ္ဘာကျော် နှာဗူးမင်းသားကြီးရဲ့အမည်ကိုသိချင်ပါတယ်တပည့်

တပည့်။ ။ ဂျိမ်းစ်ဘွန်းပါ ဆရာ

ဆရာ ။ ။ twillight ကားထဲမှာ မင်းသားက မင်းသမီးကို အခြား vampire တွေရဲ့ သွေးစုပ်ခြင်းမခံရအောင် ကယ်ခဲ့တာ ဘာဖြစ်လို့လဲ

Sunday, July 21, 2013

မြန်မာပြည်က အောက်လမ်း၊ အထက်လမ်း၊ စုန်း၊ ကဝေ၊ သရဲ၊ တစ္ဆေ၊ နာနာဘာဝများလည်း သတိကြပ်ကြပ်ထားကြလေကုန်

Photo: မြန်မာပြည်က အောက်လမ်း၊ အထက်လမ်း၊ စုန်း၊ ကဝေ၊ သရဲ၊ တစ္ဆေ၊ နာနာဘာဝများလည်း သတိကြပ်ကြပ်ထားကြလေကုန်............. အာဖရိကတောင်ပိုင်းက Swaziland နိုင်ငံမှာတော့ ဥပဒေတရပ် စတင်ထုတ်ပြန် ပြဌာန်းလိုက်ပါပြီ။
အမြင့်ပေ(၅၀၀)[မီတာ(၁၅၀)]အထက်တွင် စုန်း၊ ကဝေများ တံမြက်စည်းရိုးတံ အသုံးပြု ပျံသန်းသွားလာခြင်းကို တားမြစ်လိုက်ပြီလို့ ဆွာဇီလန် ပြည်တွင်းလေကြောင်းသွားလာမှု ထိန်းချုပ်ရေးအာဏာပိုင်တွေက မေလ(၁၄)ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေငြာသွားခဲ့ပါပြီ။ အခုကြေငြာချက်ထဲမှာ တံမြက်စည်းရိုးတံ အသုံးပြုပျံသန်းခြင်းကိုသာ ထည့်သွင်းဖော်ပြထားပြီး ကော်ဇော်ပျံကို အသုံးပြုပြီး ပျံသန်းမယ်ဆိုရင် အမြင့်ပေဘယ်လောက်ကနေ တနာရီအမြန်နှုန်းဘယ်လောက်နဲ့ ပျံသန်းရမယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
အကယ်၍ ဥပဒေကိုချိုးဖောက်ပြီးတော့ သတ်မှတ်အမြင့်ပေအထက်ကျော်လွန်ပျံသန်းတဲ့ စုန်း၊ ကဝေအတတ်ပညာသည်များကိုတွေ့ရှိပါကဖမ်းဆီးမှာဖြစ်ပြီး ဆွာဇီလန်နိုင်ငံသုံးငွေ
၅၀၀ ၀၀၀ {500,000 South African rand (£36,000)} ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အခုလို တံမြက်စည်းရိုးတံကိုအသုံးပြုပြီး ပျံသန်းခရီးသွားလာကြတဲ့ စုန်း၊ ကဝေ၊ မှော်အတတ်ပညာသည်များအနေနဲ့ ၄င်းတို့ရဲ့ ယာဉ်များပေါ်မှာ လူပိုတင်ဆောင်ခြင်းခွင့်ပြု/ မပြုနဲ့ တံမြက်စည်းရိုးတံယာဉ်ပျံများကို အငှားယာဉ်အဖြစ် အခကြေးငွေယူပြီး ပျံသန်းခွင့်ပြု/ မပြု ဆိုတာကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

(အက်ဒမင်-ရွာတော်ရှင်)

သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)
မြန်မာပြည်က အောက်လမ်း၊ အထက်လမ်း၊ စုန်း၊ ကဝေ၊ သရဲ၊ တစ္ဆေ၊ နာနာဘာဝများလည်း သတိကြပ်ကြပ်ထားကြလေကုန်............. အာဖရိကတောင်ပိုင်းက Swaziland နိုင်ငံမှာတော့ ဥပဒေတရပ် စတင်ထုတ်ပြန် ပြဌာန်းလိုက်ပါပြီ။
အမြင့်ပေ(၅၀၀)[မီတာ(၁၅၀)]အထက်တွင် စုန်း၊ ကဝေများ တံမြက်စည်းရိုးတံ အသုံးပြု ပျံသန်းသွားလာခြင်းကို တားမြစ်လိုက်ပြီလို့ ဆွာဇီလန် ပြည်တွင်းလေကြောင်းသွားလာမှု ထိန်းချုပ်ရေးအာဏာပိုင်တွေက

Monday, July 1, 2013

သတိထား

Photo: သတိထား

တစ်ခါတုန်းက တရုတ်အာကာသ ယာဉ်မှူး နှစ်ယောက်တို့သည် လကမ္ဘာသို့သွားရန် အစီအစဉ်ရှိရာ....

မြန်မာပြည် ရှိ မန္တလေးမြို့ မနီးမဝေး မြေနေရာတစ်ခုတွင် လေ့ကျင့် ကြလေ၏။

ယင်းဒေသ မြေမျက်နှာ သွင်ပြင်များမှာလည်း လကမ္ဘာ နှင့်တူလှသဖြင့် ၄င်း တို့ နှစ်ယောက်သည် လေ့ကျင့်ခန်းများကို နေ့စဉ်

ပြုလုပ်နေကြလေသည်။

နေ့တိုင်းထိုအနားမှဖြတ်ကာဆေးသွားကုသောမ န္တလေးမှ ဆေးဆရာအဖိုးအိုတစ်ဦးသည် 

အာကာသ၀တ်စုံကြီးများနှင့် ထို..တရုတ်...နှစ်ယောက်ကို သတိထားမြင်မိ၏။

တွေ့ဖန်များလာသောအခါ ရယ်စရာကောင်းလှသည့် သူတို့အား မည်သူများဖြစ်လေသည်ကိုမေးမိလေတော့သည်။

တရုတ်နှစ်ဦးမှလည်း လကမ္ဘာ သို့သွားကြမည်ဖြစ် ၍ လေ့ကျင့် နေကြောင်း လက်ဟန်ခြေဟန်ဖြင့် နားလည်အောင် ရှင်းပြလေ၏။

ထိုသို့သိရသောအခါ ဆေးဆရာ အဖိုးအိုမှ........တစ်ခါက လကမ္ဘာ သို့ သွားကြသည့် မ န္တ လေး မှ သူများရှိကြောင်း ထိုသူများထံသို့

အမှာစကားပါးလိုကြောင်း အာကာသယာဉ်မှူးများအနေဖြင့် ယူဆောင် သွားနိုင်ပါမည်လားဟု လက်ဟန်ခြေဟန်ဖြင့်ပြန် မေးလေ၏။

အာကာသယာဉ်မှူး များကလည်း သဘောတူလိုက်ရာ ..စာနှင့်ရေးလျှင်ပျောက်မည်စိုး၍ ....

အသံသွင်းတိတ်ခွေကို အသုံးပြု ကာအမှာစကားပါးလိုက်လေသည်။

အာကသ ယာဉ်မှူးနှစ်ယောက်လည်း ထိုဆေးဆရာအဖိုးအို၏ အမှာစကားကို သိချင်စိတ်ပြင်းပြလှ လေ၏။

သို့နှင့် ဆေးဆရာအဖိုးအိုပြန်သွားသောအခါ အခြားမြန်မာစကားနားလည်သူတရုတ် တဦးအား ရှာဖွေပီး ဖွင့်ပြ မေးမြန်းကြ၏။

သို့နှင့်..........ယင်းကို ဘာသာပြန်ပြလိုက်သည့်အခါ.......

" ဒီလူနှစ်ယောက်ကိုသတိထား။မင်းတို့နဲ့ စာချုပ်ချုပ်ဖို့ ကြိုးစားလိမ့်မယ်......"..ဟူ ၍ ဖြစ်၏။

တိန်


ရီမောပျော်ရွှင်ပါစေ....

Lon Ely

တစ်ခါတုန်းက တရုတ်အာကာသ ယာဉ်မှူး နှစ်ယောက်တို့သည် လကမ္ဘာသို့သွားရန် အစီအစဉ်ရှိရာ....
မြန်မာပြည် ရှိ မန္တလေးမြို့ မနီးမဝေး မြေနေရာတစ်ခုတွင် လေ့ကျင့် ကြလေ၏။
ယင်းဒေသ မြေမျက်နှာ သွင်ပြင်များမှာလည်း လကမ္ဘာ နှင့်တူလှသဖြင့် ၄င်း တို့ နှစ်ယောက်သည် လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်နေကြလေသည်။
နေ့တိုင်းထိုအနားမှဖြတ်ကာဆေးသွားကုသောမ န္တလေးမှ ဆေးဆရာအဖိုးအိုတစ်ဦးသည်

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..