လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .
Showing posts with label နည်းပညာအသစ်သတင်းများ. Show all posts
Showing posts with label နည်းပညာအသစ်သတင်းများ. Show all posts

Thursday, March 13, 2014

(53) ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်

Photo: (53) ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်

နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။
နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့

မျက်လုံးထဲကို ပလက်တီနမ် အသည်းပုံ ခွဲထည့်ခြင်းများ ခေတ်စားနေ

Photo: မျက်လုံးထဲကို ပလက်တီနမ် အသည်းပုံ ခွဲထည့်ခြင်းများ ခေတ်စားနေ
.............................................................................

ငွေကြေး တတ်နိုင်တဲ့ သူတွေဟာ အလှ အပ ရေးရာ အတွက် တစ်ကိုယ်လုံး ကို ခွဲစိပ် ပြုပြင် မှုတွေ ပြု လုပ် နေကြ ပါတယ်။ နောက်ဆုံး ခေတ်စား တဲ့ ဖက်ရှင် တစ်ခု ကတော့ မျက်လုံး ထဲမှာ ပလက် တီနမ် အသည်း ပုံ ထည့်သွင်း ခြင်းပဲဖြစ်ပါတယ်။ ဒါကို အမေရိကန် နိုင်ငံ က အစား အသောက် နဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ မျက်လုံးသုတေသန အဖွဲ့အစည်း တို့က ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း မှာ အမေရိကန်နိုင်ငံ၊ နယူးယော့ခ် မြို့မှာ အမျိုးသမီး တစ်ဦး ဟာ မျက်လုံးအတွင်း မှာ ပလက်တီနမ် နဲ့ပြုလုပ် ထားတဲ့ အသည်း ပုံစံကို ထည့်သွင်းခဲ့ပါတယ်။ ဒီအမျိုးသမီးရဲ့ အမည် က တော့ ခရစ္စတီနာဖြစ်ပြီး နယူးယော့ခ် မြို့မှာ ဖွင့်လှစ်ထားတဲ့ မျက်စိ ဆေးခန်းမှာ လာရောက် ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ နယူးယော့ခ် မြို့မှာ မျက်လုံးအတွင်း ပလက်တီ နမ်အသည်းပုံစံကို ပထမဆုံး ထည့်သွင်းမှု အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အ ခြား နိုင်ငံတွေမှာတော့ ဒီဖက်ရှင်ဒီဇိုင်းပုံစံကို ပြု လုပ်မှုတွေ အများအပြားရှိနေပြီဖြစ်ပါတယ်။

ပလက်တီနမ်အသည်းပုံစံဟာ (၃ ဒသမ ၅) မီလီမီ တာသာ ရှိပြီး စတင်ထည့်သွင်းချိန် မှာ အနည်းငယ် နာ ကျင်မှာဖြစ်ပေမယ့် မည် သည့်ပြဿနာမှမရှိကြောင်း ခရစ္စတီနာရဲ့ မျက် လုံး အတွင်းကို ပလက်တီနမ် အ သည်း ပုံစံ ထည့် သွင်းပေးခဲ့တဲ့ ဆရာဝန် အီမီချန်က ပြောကြား သွားခဲ့ပါတယ်။ ဒီလို ပြုလုပ်ခြင်းကို ဥရောပ နိုင် ငံ တစ်ဝန်းနဲ့ လော့စ်အိန်ဂျလိစ်တို့မှာ ရာပေါင်းများစွာ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် နယူးယော့ခ်မြို့မှာတော့ ပထမဆုံး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီဖက်ရှင်ဒီဇိုင်းကို ၂၀၀၄ ခုနှစ် ကတည်း က နယ်သာလန် မျက်စိ အထူးကု ဆရာဝန်တွေက ဖန်တီးခဲ့ခြင်းဖြစ်ပါ တယ်။ မျက်စိ အတွင်း ကို ပလက်တီနမ် အသည်း ပုံစံ ထည့်သွင်းရာမှာ စိတ် ရှည်ဖို့လိုသလို ဂရု တစိုက် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆရာဝန် တွေက အကြံပြု ခဲ့ပါတယ်။ ဒီလိုမျိုး တစ် ကြိမ် ပြုလုပ်ခဲ့လို့ရှိရင် အမေရိကန် ဒေါ်လာ (၃၀၀၀) ကုန်ကျမှုရှိမယ်လို့ သိရပါ တယ်။
ငွေကြေး တတ်နိုင်တဲ့ သူတွေဟာ အလှ အပ ရေးရာ အတွက် တစ်ကိုယ်လုံး ကို ခွဲစိပ် ပြုပြင် မှုတွေ ပြု လုပ် နေကြ ပါတယ်။ နောက်ဆုံး ခေတ်စား တဲ့ ဖက်ရှင် တစ်ခု ကတော့ မျက်လုံး ထဲမှာ ပလက် တီနမ် အသည်း ပုံ ထည့်သွင်း ခြင်းပဲဖြစ်ပါတယ်။ ဒါကို အမေရိကန် နိုင်ငံ က အစား အသောက် နဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ မျက်လုံးသုတေသန အဖွဲ့အစည်း တို့က ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း မှာ အမေရိကန်နိုင်ငံ၊ နယူးယော့ခ် မြို့မှာ အမျိုးသမီး တစ်ဦး ဟာ မျက်လုံးအတွင်း မှာ ပလက်တီနမ် နဲ့ပြုလုပ် ထားတဲ့ အသည်း ပုံစံကို ထည့်သွင်းခဲ့ပါတယ်။ ဒီအမျိုးသမီးရဲ့ အမည် က တော့ ခရစ္စတီနာဖြစ်ပြီး နယူးယော့ခ် မြို့မှာ ဖွင့်လှစ်ထားတဲ့ မျက်စိ ဆေးခန်းမှာ လာရောက် ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ နယူးယော့ခ် မြို့မှာ မျက်လုံးအတွင်း

Sunday, March 9, 2014

Andriod ဖုန်းတွေကို တိုက်ခိုက်သည့် ဗိုင်းရပ်စ်များ အများအပြားထွက်ပေါ်နေ

Photo: Andriod ဖုန်းတွေကို တိုက်ခိုက်သည့် ဗိုင်းရပ်စ်များ အများအပြားထွက်ပေါ်နေ

မိုဘိုင်းဖုန်း များကို တိုက်ခိုက် မည့် မိုဘိုင်း ဗိုင်းရပ်စ်များ သည် ပမာဏ အားဖြင့် များပြား လာသလို တိုက်နိုင် ဖျက်ဆီး နိုင်စွမ်းလည်း ပိုကြီးမား လာကြကြောင်း အင်တာနက် လုံခြုံရေး နည်းပညာ ကုမ္ပဏီ Kasperskly က သတိပေး ပြောကြား လိုက်သည်။ 

၂၀၁၃ တစ်နှစ်တာ အတွင်း မိုဘိုင်းဗိုင်းရပ်စ် ဆော့ဖ်ဝဲ ၁၄၃၀၀၀ ထိ ရှိခဲ့ကြောင်း ဖြင့် Kasperskly က ထုတ်ပြန်သော ၂၀၁၂-၂၀၁၃ နှစ်ချုပ် အစီရင်ခံစာ တွင် ဖော်ပြထား သည်။ ယနေ့ မိုဘိုင်းဗိုင်းရပ်စ်များ သည် ရာဇ၀တ် လုပ်ငန်း အတွက် ဟက်ကာ တစ်ဦးချင်း နှစ်ဦးချင်း ဖန်တီး ရေးသားသည့် အခြေအနေ မှ ယခုအခါ ငွေကြေး အမြတ် အစွန်း အတွက် အစုလိုက် အဖွဲ့လိုက် ကွန်ရက် ဖွဲ့၍ပင် လုပ်ကိုင် လာကြပြီ ဖြစ်ကြောင်း Kaspersky အစီရင်ခံစာ က ဖော်ပြ သည်။ 

ဖုန်းများကို ဦးတည်သော မိုဘိုင်း ဗိုင်းရပ်စ် ဆော့ဖ်ဝဲများ အနက် ၉၈ ရာခိုင်နှုန်း ထိသည် လူသုံး အများဆုံး သော အန်းဒရွိုက် ဖုန်းများကို ဦးတည် နေကြကြောင်း လည်း Kasperskly က သတိပေး ထားသည်။ မိုဘိုင်း ဗိုင်းရပ်စ်များ ၏ တိုက်ခိုက်မှု အခံရဆုံးမှာ ရုရှား နိုင်ငံ ဖြစ်ကြောင်းလည်း သိရသည်။ မိုဘိုင်း ဗိုင်းရပ်စ်ဖြင့် တိုက်ခိုက် ခံရမှု၏ ၄၀ ရာခိုင်နှုန်း သည် ရုရှား နိုင်ငံမှ ဖုန်း များ ဖြစ်နေသည်။ 

မိုဘိုင်း ဗိုင်းရပ်စ် အများစု သည် ဖုန်းများထဲ က ငွေကြေး ဆိုင်ရာ အချက် အလက်များ၊ ပုဂ်္ဂိုလ်ရေး အချက်အလက် များကို ခိုးယူ သည့် ဗိုင်းရပ်စ် ဆော့ဖ်ဝဲ များဖြစ်ကြောင်း လည်း သိရ သည်။

မိုဘိုင်းဖုန်း များကို တိုက်ခိုက် မည့် မိုဘိုင်း ဗိုင်းရပ်စ်များ သည် ပမာဏ အားဖြင့် များပြား လာသလို တိုက်နိုင် ဖျက်ဆီး နိုင်စွမ်းလည်း ပိုကြီးမား လာကြကြောင်း အင်တာနက် လုံခြုံရေး နည်းပညာ ကုမ္ပဏီ Kasperskly က သတိပေး ပြောကြား လိုက်သည်။
၂၀၁၃ တစ်နှစ်တာ အတွင်း မိုဘိုင်းဗိုင်းရပ်စ် ဆော့ဖ်ဝဲ ၁၄၃၀၀၀ ထိ ရှိခဲ့ကြောင်း ဖြင့် Kasperskly က ထုတ်ပြန်သော ၂၀၁၂-၂၀၁၃ နှစ်ချုပ် အစီရင်ခံစာ တွင် ဖော်ပြထား သည်။ ယနေ့ မိုဘိုင်းဗိုင်းရပ်စ်များ သည် ရာဇ၀တ် လုပ်ငန်း အတွက် ဟက်ကာ တစ်ဦးချင်း နှစ်ဦးချင်း ဖန်တီး ရေးသားသည့် အခြေအနေ မှ ယခုအခါ ငွေကြေး အမြတ် အစွန်း အတွက်

Saturday, March 8, 2014

Facebook စာမျက်နှာသစ် စီစဉ်

Photo: Facebook စာမျက်နှာသစ် စီစဉ်
=====================

အရင် ကြားရှိခဲ့တဲ့ facebook News Feed ပြောင်းမည့်ကိစ္စကို ယနေ့ ဖေ့ဘုတ်ရုံးချုပ် တည်ရှိရာ Menlo Park တွင် အတည်ပြုပြောကြားလိုက်ပါပြီ။
ယခု ကျတော်တို့ထံသို့ရောက်ရှိလာမဲ့ ဖေ့ဘုတ်ရဲ့ ဒီဇိုင်း အသစ်ကတော့ ပိုပြီး ကြီးမားတဲ့ ရုပ်ပုံတွေနဲ့ ဖြစ်ပါတယ်။ အရင် က iCon တွေနဲ့
ရူပ်ပွနေတတ်တဲ့ ဘယ်ဘက်ကော်လံက အခုဆိုရင် ရှင်းလင်းစွာဖြင့် တွေ့ရမှာ ဖြစ်ပါတယ်။ ရှယ်တဲ့ဓာတ်ပုံတွေကိုလည်း နှစ်ပုံတွဲတင်ရင်တောင်မှ
ဆိုဒ်အပြည့်နဲ့ တွေ့နိင်မှာ ဖြစ်ပါတယ်။ ထို News feed ဟာဆိုရင် ယနေ့ကို စတင်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
မကြာခင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

recode.net ရဲ့ ရှင်းလင်းချက်အရ အဆိုပါနောက်ဆုံး ဒီဇိုင်းကို စမ်းသပ်ရာတွင် ရလဒ်အနေနဲ့ ညံဖျင်းတဲ့ ရလဒ်တွေဖြစ်လာခဲ့ပြီး အခု လောလောဆယ် User အနည်းငယ်လောက်ကိုသာ ပေးသုံးခဲ့ပြီး အကုန်လုံးနီးပါး မကြိုက်ကြဘူးလို့သိရပါတယ်။ ဒါကြောင်း UI ကိုပြည့်စုံဖို့အတွက် ပြန်လည် စဉ်းစားခြင်းတွေပြုလုပ်ခဲ့ပြီး မတ်လကုန်လောက်တွင် ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်မို့ ဘယ်ဘက်အထက်ကော်လံက ပြောင်းသွားပြီး နောက်ဆုံး ဒီိဇိုင်းအနေနဲ့ သင့် News feed ပေါ်က ပုံတွေဟာ ပိုပြီး ကြီးမားနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ PC, Tablet, တွေအတွက်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Smart Pro Journal
အရင် ကြားရှိခဲ့တဲ့ facebook News Feed ပြောင်းမည့်ကိစ္စကို ယနေ့ ဖေ့ဘုတ်ရုံးချုပ် တည်ရှိရာ Menlo Park တွင် အတည်ပြုပြောကြားလိုက်ပါပြီ။ယခု ကျတော်တို့ထံသို့ရောက်ရှိလာမဲ့ ဖေ့ဘုတ်ရဲ့ ဒီဇိုင်း အသစ်ကတော့ ပိုပြီး ကြီးမားတဲ့ ရုပ်ပုံတွေနဲ့ ဖြစ်ပါတယ်။ အရင် က iCon တွေနဲ့
ရူပ်ပွနေတတ်တဲ့ ဘယ်ဘက်ကော်လံက အခုဆိုရင် ရှင်းလင်းစွာဖြင့် တွေ့ရမှာ ဖြစ်ပါတယ်။ ရှယ်တဲ့ဓာတ်ပုံတွေကိုလည်း နှစ်ပုံတွဲတင်ရင်တောင်မှဆိုဒ်အပြည့်နဲ့ တွေ့နိင်မှာ ဖြစ်ပါတယ်။ ထို News feed ဟာဆိုရင်

Friday, February 28, 2014

စက်မဖတ်တဲ့ CD / DVD များကို ငှက်ပျော်သီးနဲ့ ဖတ်အောင်လုပ်မယ်

တကယ်ကို ကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ချို့ CD / DVD တွေဟာ အသစ်ထပ်မထွက်
တော့ဘူး ခွေကလည်း မဖတ်ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးကို သုံးလိုက်ပါ။ သင်၏ CD / DVD
ဟာ ကောင်းမွန် သွားပါလိမ့်မယ်။

အသုံးပြုပုံလေးကတော့

Monday, February 24, 2014

ကမ္ဘာ့နဲ့ ချီပြီး ရှိတဲ့ ဖေ့ဘုတ်သုံးစွဲသူတွေကြားမှာ သင့် ဘယ်နှစ်ယောက်မြောက်လဲ

Article By Aung Heine ( mm Social Sky )

ယခုဖော်ပြမဲ့ Web App လေးက သင့်ကို သိရှိစေမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားရင်တော့ http://www.thefacesoffacebook.com/ မှာ ကြည့်ကြည့်လိုက်ပါဦး။

၁ ဘီလီယံတော့ ကြိမ်းသေကျော်မှာ ပါ။ များပြားလှတဲ့ Facebook သုံးစွဲသူတွေကြား ကိုယ်စိတ်ဝင်စားရာနေရာတွေကို

Monday, February 10, 2014

သေနတ်ဒဏ်ရာကို ၁၅ စက္ကန့်အတွင်း သွေးတိတ်စေမည့် XStat ဆေးထိုးအပ်


Photo

သေနတ်ဒဏ်ရာ များကို ၁၅ စက္ကန့် အတွင်း သွေးတိတ် စေမည့် အိတ်ဆောင် ဆေးထိုးအပ် XStat ကို အမေရိကန် ပြည်ထောင်စု အိုရီဂွန် ပြည်နယ် အခြေစိုက် Rev Medx ကုမ္ပဏီက ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။စစ်မြေပြင်တွင် စစ်သားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရ သွားလျှင် အဆိုပါ ဒဏ်ရာကို သွေးအမြန်ဆုံး တိတ်စေရန် ဆောင်ရွက် နိုင်ရေးမှာ အလွန် အရေးကြီးသည်။ သို့သော် စစ်ပွဲ အခြေအနေ၊ ဆေးမှူးနှင့် အလှမ်း ကွာဝေးမှု၊ ဒဏ်ရာရရှိ ထားသော နေရာတို့ အပေါ် မူတည်ပြီး ရံဖန်ရံခါ သေနတ် ဒဏ်ရာကို သွေးတိတ်အောင် ပြုလုပ်ရန် လွန်စွာမှပင် ခက်ခဲ ကြာမြင့် တတ်သည်။
XStat ဆေးထိုးအပ်တွင် လိုအပ်သော ဆေးဝါးများ ပါရှိသည့် ရေမြှုပ်ငယ်များ

Wednesday, February 5, 2014

facebook ရဲ့  10 နှစ်ပြည့် အထိမ်းအမှတ် လက်ဆောင်

Photo: facebook ရဲ့  10 နှစ်ပြည့် အထိမ်းအမှတ် လက်ဆောင်

ဒီနေ့ မှာ ဒီဗွီဒီယို file လိုမျိုး လူတိုင်း ကို facebook ကနေအမှတ်တရ လုပ်ပေးပါတယ်........သင်လည်း ဒီ video လေးကိုကြည့် ပြီး သဘောကျရင် အောက်ကလင့် ကနေ သွားကြည့် ပါ ......သင့် အတွက် ထူးခြား တဲ့ လက်ဆောင် တစ်ခု ရှိနေမှာပါ။

စိုင်းသူ 

https://www.facebook.com/lookback ဝင်ရောက်လည်ပါတ်ရန်

ဒီနေ့ မှာ ဒီဗွီဒီယို file လိုမျိုး လူတိုင်း ကို facebook ကနေအမှတ်တရ လုပ်ပေးပါတယ်........သင်လည်း ဒီ video လေးကိုကြည့် ပြီး သဘောကျရင် အောက်ကလင့် ကနေ သွားကြည့် ပါ ......သင့် အတွက် ထူးခြား တဲ့ လက်ဆောင် တစ်ခု ရှိနေမှာပါ။

စိုင်းသူ

https://www.facebook.com/lookback ဝင်ရောက်လည်ပါတ်ရန်

Monday, February 3, 2014

သတင်းများကို ဖတ်ရှုနိုင်မည့် Paper app သစ်ကို Facebook မှ ဖန်တီးထုတ်လုပ်

Photo: သတင်းများကို ဖတ်ရှုနိုင်မည့် Paper app သစ်ကို Facebook မှ ဖန်တီးထုတ်လုပ်
=====================================

Paper ဟုအမည်ပေးထားသည့် သတင်းသီးသန့်ကိုသာ ဖတ်ရှုနိုင်မည့် App ကို Facebook မှ ဖန်တီးထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ App ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ (ယနေ့) တွင် iPhone User များ၌ စတင်အသုံးပြုနိုင်စေရန် လွှင့်တင်ပေးသွား
မည်ဖြစ်ကြောင်း သိရသည်။ 

Paper App ဟုအမည်ပေးထားသည့်အတိုင်း သတင်းများနှင့် သတင်းဓာတ်ပုံ
များကို Paper စာရွက်ပေါ်တွင် ဖတ်ရှုရသကဲ့သို့ ဖြစ်စေရန် ဖန်တီးရေး
ဆွဲထားသည်ဟု ဆိုသည်။ အဆိုပါ App တွင် သင့် Facecebook သူငယ်ချင်းများမှ Share သော သတင်းများ၊ ဆောင်းပါးများ၊ ဓာတ်ပုံ၊ ဗီဒီယိုများကိုပါ မြင်တွေ့နိုင်မည်ဖြစ်သည်။ သတင်းများဖော်ပြရာတွင် ဓာတ်ပုံအသားပေးပုံစံဖြင့် မြင်တွေ့ရမည်ဖြစ်သည်။ 

အသုံးပြုသူများ အနေဖြင့် သတင်းရယူလိုသည့် Source ကို ကိုယ်ပိုင်
ဖန်တီးနိုင်သလို ထူးထူးခြားခြားပုံစံအနေဖြင့် စာရွက်ခေါက်ကို
ဖြန့်ဖွင့်ဖတ်ရသည့် Theme မျိုးကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ 

တစ်ဖက်နဲ့တစ်ဖက် ဖောက်ထွင်းမြင်နိုင်သည့် Menu အသွင်အပြင်ကို
မြင်တွေ့နိုင်ပြီး ဖုန်းကိုဘယ်ညာစောင်းလိုက်ရုံနဲ့ Auto Scroll လုပ်ပေးမည့် Feature တစ်ခုကိုလည်း ထည့်သွင်းပေးထားသည်ကို တွေ့ရှိရသည်။ လက်ရှိတွင် iPhone များအတွက်သာ ရရှိနိုင်မည်ဖြစ်ပြီး iPad နှင့် Android App များအတွက်တော့ ခဏတာစောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း သိရှိရသည်။

Ref : Tech First Post
...................................
MTT (TSJ Team)
Paper ဟုအမည်ပေးထားသည့် သတင်းသီးသန့်ကိုသာ ဖတ်ရှုနိုင်မည့် App ကို Facebook မှ ဖန်တီးထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ App ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ (ယနေ့) တွင် iPhone User များ၌ စတင်အသုံးပြုနိုင်စေရန် လွှင့်တင်ပေးသွား
မည်ဖြစ်ကြောင်း သိရသည်။ Paper App ဟုအမည်ပေးထားသည့်အတိုင်း သတင်းများနှင့် သတင်းဓာတ်ပုံ
များကို Paper စာရွက်ပေါ်တွင် ဖတ်ရှုရသကဲ့သို့ ဖြစ်စေရန် ဖန်တီးရေး
ဆွဲထားသည်ဟု ဆိုသည်။ အဆိုပါ App တွင် သင့် Facecebook သူငယ်ချင်းများမှ Share သော သတင်းများ၊ ဆောင်းပါးများ၊ ဓာတ်ပုံ၊ ဗီဒီယိုများကိုပါ မြင်တွေ့နိုင်မည်ဖြစ်သည်။ သတင်းများဖော်ပြရာတွင် ဓာတ်ပုံအသားပေးပုံစံဖြင့်

Sunday, February 2, 2014

သစ်လွင်လှပတဲ့ Samsung Wifi စပီကာ

Photo: သစ်လွင်လှပတဲ့ Samsung Wifi စပီကာ
========================
ကြိုးမဲ့ Wifi စပီကာလေးတစ်လုံးဟာ သင့်အိမ်ရဲ့ ပြီးပြည့်မူ အလှအပတွေထဲက တစ်ခုအပါအ၀င်ဖြစ်စေပါတယ်။ ထိုအတွက် Wifi စပီကာလေးတစ်လုံးလောက် စဉ်းစားဖို့ လိုလာပြီးဆိုရင်တော့ Samsung ရဲ့ Wifi စပီကာ လေးဟာလည်း ကြိမ်းသေ တစ်ခုအပါအ၀င် ဖြစ်စေပါလိမ့်မယ်။ အကြောင်းကတော့ သူရဲ့ စမတ်ကျလှပကာ ရိုးရှင်းမူတွေကြောင့်ပဲ ဖြစ်ပါတယ်။ Samsung's Wi-Fi Shape စပီကာလေးဟာ ၀ယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ($399.99) တန်ဖိုးမှာ ရှိပါလိမ့်မယ်။ Multi-room အတွေ့အကြုံကို ခံစားရမှာဖြစ်ပြီး ဘလူးတုမ့်၊ NFC နှစ်မျိုးလုံး အသုံးပြုနိင်ပါတယ်။ ၀ိုင်ဖိုင် ဖြစ်တဲ့ အတွက် သင့်ရဲ့ စမတ်ဖုန်းတွေပေါ်က Samsung Multiroom app ဆိုတဲ့ App လေးနဲ့ ထိန်းချုပ်နိင်မှာ ဖြစ်ပါတယ်။ ထို App ဟာဆိုရင် iOS နဲ့ Android စနစ်နှစ်မျိုးလုံးမှာ ရရှိနိင်တာပဲ ဖြစ်ပါတယ်။ အင်တာနက်အတွက် စိုးရိမ်စရာရှိခဲ့ပါမူ စက်ရဲ့ အနောက်ဘက်မှာ Ethernet port ပါရှိတဲ့အတွက် ဒီအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ USB အပေါက်လည်းပါရှိပါသေးတယ်။ ကောင်းမွန်တဲ့ အသံထွက်တွေနဲ့ ခံစားရရှိမည့် Samsung ရဲ့ Wifi စပီကာ Shape M7 ပဲ ဖြစ်ပါတယ်။  
Aung Heine ( www.smart.com.mm )
ကြိုးမဲ့ Wifi စပီကာလေးတစ်လုံးဟာ သင့်အိမ်ရဲ့ ပြီးပြည့်မူ အလှအပတွေထဲက တစ်ခုအပါအ၀င်ဖြစ်စေပါတယ်။ ထိုအတွက် Wifi စပီကာလေးတစ်လုံးလောက် စဉ်းစားဖို့ လိုလာပြီးဆိုရင်တော့ Samsung ရဲ့ Wifi စပီကာ လေးဟာလည်း ကြိမ်းသေ တစ်ခုအပါအ၀င် ဖြစ်စေပါလိမ့်မယ်။ အကြောင်းကတော့ သူရဲ့ စမတ်ကျလှပကာ ရိုးရှင်းမူတွေကြောင့်ပဲ ဖြစ်ပါတယ်။ Samsung's Wi-Fi Shape စပီကာလေးဟာ ၀ယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ($399.99) တန်ဖိုးမှာ ရှိပါလိမ့်မယ်။ Multi-room အတွေ့အကြုံကို ခံစားရမှာဖြစ်ပြီး ဘလူးတုမ့်၊ NFC နှစ်မျိုးလုံး

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..