လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, April 5, 2014

သမီးလေးရွာသားတွေ မြဝတီရောက်ပြီ

Photo: သမီးလေးရွာသားတွေ မြဝတီရောက်ပြီ
Saturday, April 5, 2014

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒေသခံစစ်တပ်က ရွာတွေသိမ်းလိုက်လို့ အိုးအိမ်မဲ့ဖြစ်နေရတဲ့ သမီးလေးရွာ၊ အင်းပတီးရွာနဲ့ ဒေါ်ကာလီရွာသားတွေဟာ ကရင်ပြည် နယ်မှာ အခြေချနေထိုင်ဖို့ မြဝတီမြို့ကို မနေ့ညနေ ကရောက်သွားကြပြီလို့ သိရပါတယ်။

သူတို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြေနေရာပေးပေမယ့် အဲဒီနေရာဟာ လုပ်ကိုင်စားသောက်ဖို့ မလွယ်တဲ့နေ ရာဖြစ်နေလို့ DKBA ခေါ် ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်က ကမ်းလှမ်းထားတဲ့ ကရင်ပြည်နယ် က ကျောက်ခက်ရွာမှာနေထိုင် လုပ်ကိုင်စားသောက်ဖို့ လိုက်သွားကြတာဖြစ်ပါတယ်။

အဲဒီလိုလိုက်သွားတဲ့အခါ ပြီးခဲ့တဲ့ရက်က ကရင်ပြည်နယ် အရောက်မှာ အစိုးရတပ်တွေကတားထားပြီး၊ သွားခွင့်မပြုတဲ့အတွက်လမ်းမှာကျန့်ကြာခဲ့ရပါတယ်။ မနေ့က မြဝတီမြို့ကိုရောက်သွားတဲ့အခါ မြို့ခံ တွေနဲ့ NLD အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်အဖွဲ့ဝင်တွေ က နွေးနွေးထွေးထွေး ကြိုဆိုကြပြီး စားသောက် စရာတွေလဲဝေငှပေးတယ်လို့သိရပါတယ်။

မနေ့ညက ဖားခြောက်ကောင်ဘုန်းကြီးကျောင်းမှာ ညအိပ်တည်းခိုကြပြီး ဒီမနက်မှာ ကျောက်ခက်ရွာ ကိုခရီးဆက် မယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြဝတီမြို့ ၈၈ မျိုးဆက်အဖွဲ့က ကိုဌေးဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

RFA

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..