လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .
Showing posts with label NLD သတင်းများ. Show all posts
Showing posts with label NLD သတင်းများ. Show all posts

Saturday, April 26, 2014

ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်

Photo: ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်
Saturday, April 26, 2014

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်းအမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာညီပုလေးက ပြောပါတယ်။
"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ ၊ဆရာကြီးကို တစ်ယောက်ယောက်က အကဲခတ်ဖြတ်တာလည်း ဖြေရှင်း မှာပေါ့၊ပြီးတော့ ဆရာရေးခဲ့တဲ့ စာတွေထဲက ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ်၊စာပေနဲ့ပဲဖြစ်ဖြစ် အဖိုးတန်တဲ့နောက် လူတွေ လက်ဆင့်ကမ်းပြီး ဆရာ့ကို ကိုယ်စားပြုတဲ့ကောက်နှုတ်ချက် တစ်ခုခုတော့ ဖြစ်မှာပေါ့ဗျ၊ ကျနော်တို့ ဥာဏ်ကြီးကြီး၊ခေါင်းကြီးကြီး နဲ့ ရွေးကြမှာပေါ့၊ဒါပေမဲ့ အချိန်ယူပြီး လုပ်ကြမှာပေါ့"
တောင်လေးလုံးကျောင်းတိုက်မှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာမြသန်းတင့် ၊ ဆရာတင်မိုး၊ ဆရာဒေါက်တာ သန်းထွန်း စတဲ့ အထင်ကရ စာရေးဆရာကြီးတွေရဲ့ အထိမ်းအမှတ်ကျောက်စာတွေ ကို ရေးထိုးပြီး မှတ်တမ်းတင်ထားတယ်လို့သိရပါတယ်။

ဆရာဦးဝင်းတင်ဟာ ၁၉၆၈ ခုနှစ်ကစပြီး ၁၉၇၈ ခုနှစ်အထိ မန္တလေးမြို့မှာ ဟံသာဝတီသတင်းစာကို ဦးစီးထုတ်ဝေခဲ့ပြီး သတင်းစာပညာနဲ့ မန္တလေးမြို့ ခံတွေအပေါ် သြဇာကြီးခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဆရာဦးဝင်းတင် အတွက်ရည်စူးပြီး သံဃာ ၅ ပါးကို ဆွမ်းကပ်လှူဒါန်း ခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်းအမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာညီပုလေးက ပြောပါတယ်။
"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ ၊ဆရာကြီးကို

Monday, April 21, 2014

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်

Photo: သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်
Monday, April 21, 2014

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်( ၈၅) နှစ်သည် ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရသည်။

ဦးဝင်တင်၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကိုအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ယူ သဂြိုလ်မည်ဖြစ်ကြောင်းအနီးကပ် ပြုစုပေးနေတဲ့  ဦးမောင်မောင်နိုင်က ဧရာဝတီသို့ပြောသည်။

“ဘဘကြီး သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ ဒါပေမယ့် သုံးရက်တော့ ထားမယ်”ဟု ၎င်းက ဆက်ပြောသည်။

ဦးဝင်းတင်ကို ပဲခူးတိုင်း ကြိုပင်ကောက်မြို့တွင် မွေးဖွားခဲ့ပြီး၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပံ္ပ ဘာသာ တွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။

တက္ကသိုလ်၌ ဦးထွန်းတင် (ရှေ့နေ)၊ စာရေး ဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင် စသည့် သူများနှင့် ခေတ်ပြိုင် ကျောင်းနေဖက်များ ဖြစ်သည်။

မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာ တဦးစသည့်ကလောင်အမည်များဖြင့် စာပေရေးသားခဲ့သည်။

အကျိုးဆောင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့ပြီးနောက်၊ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြား သတင်း ဌာနတွင် ည အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။

စာပေ ဗိမာန်၌ လက်ထောက် အယ်ဒီတာ အဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန် ထမ်းဆောင် ခဲ့သည်။

၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ် ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ် ထုတ်ဝေမှု ပညာနှင့် စာနယ်ဇင်း ပညာ ဆည်းပူးကာ၊ မြန်မာ ဘာသာပြန် စာအုပ် စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာ အဖြစ် လုပ်ကိုင် ခဲ့သည်။

အမ်စတာဒမ်တွင် နေထိုင်စဉ် မြန်မာ နိုင်ငံ သတင်းများ စုစည်း ဖော်ပြသည့် ‘ဒို့ပြည် သတင်း’ သတင်းစာ စောင်ရေ ၅ဝဝ ခန့် ကိုယ့်ငွေနှင့်ကိုယ် ကိုယ်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာ တဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် မြန်မာ နိုင်ငံ ပြန်လာသည့် အချိန် အထိ လုပ်ဆောင် ခဲ့သည်။

၁၉၅၇ ခုနှစ် ကြေးမုံ သတင်းစာ ထူထောင်ရာ ကြေးမုံ သတင်းစာ အမှုဆောင် အယ်ဒီတာ အဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူ ဝင်ရောက် လုပ်ကိုင်ခဲ့သည့်အပြင်စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး တာဝန်ကိုလည်း ထမ်းဆောင် ခဲ့သည်။

ကြေးမုံ သတင်းစာ ပြည်သူပိုင် အသိမ်း ခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက ခန့်အပ် ခဲ့သည်။

ဗိုလ်ချုပ်နေဝင်း မန္တလေး မြို့ကို လာတိုင်း လူထုဦးလှ၊ ဒေါ်အမာနှင့် ဦးဝင်းတင်တို့ကို တလေးတစား တွေ့ဆုံ တတ်ပါသည်။

၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး၊ ၁၉၇၂ ခုနှစ်တွင် “ခြေတွင် စကား လက်ဖြား ကဗျာ မျက်နှာ ဇာတ်လမ်း” ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။

အထက် ဗမာနိုင်ငံ စာရေး ဆရာ အသင်း စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက် ခဲ့ရာ ၁၉၇၇ – ၇၈ ခုတွင် မြန်မာ စာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေ စာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်း ဖတ်ပွဲများ ပြုလုပ် ပေးခဲ့သည်။

ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မဆလ တပါတီ လမ်းစဉ်ကို ဝေဖန်တဲ့ စာတမ်း တစောင် တင်သွင်း ဖတ်ကြား ခဲ့သည့် အတွက် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ် လိုက်ကာ ရာထူးမှ ထုတ်ပယ် ခံခဲ့သည်။

၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ အတွင်း စာနယ်ဇင်း သမဂ္ဂ ဖွဲ့စည်း လှုပ်ရှား ကြသည့် အခါ ဒု-ဥက္ကဋ္ဌ အဖြစ် ပါဝင် ဆောင်ရွက် ခဲ့သည့်အပြင် နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ရပ်တည်ခဲ့သူဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ၊ ပြည်သူ သဘော မတူတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန် အရ ဖီဆန်ကြ’ ဟူသော ဆောင်ပုဒ်ကို ရေးသား ခဲ့သည့်အတွက် န၀တ စစ်အစိုးရ၏ အငြိုးထားခြင်းကို ခံရကာ ကိုယ်ဝန် ဖျက်ချမှုနဲ့ ပတ်သက်သူလို့ စွပ်စွဲခံရသူကို လက်ခံထားမှု၊ တရားခံကို အားပေး ကူညီသူအဖြစ် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသည်။

ထောင်ကျနေစဉ် အတောအတွင်း နောက်ထပ် နိုင်ငံရေး ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ဆက်ခါဆက်ခါ ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်တွင်း ၁၉ နှစ် ကျော်ကြာ နေခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က ပြန်လည် လွတ်မြောက်လာခဲ့၏။

ထောင် ကျနေစဉ် အတွင်း ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Award) ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ထိုနှစ် တွင်ပင် ကမ္ဘာ့ သတင်းစာများ အသင်းကြီး (World Association of Newspapers, WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှု ရွှေကလောင်ဆု (Golden Pen of Freedom Award) အား သာယာဝတီ စမ်းစမ်းနွဲ့ နှင့်အတူ ရရှိ ခဲ့သည်။

၂ဝဝ၄ ခုနှစ်မှာ ဦးဝင်းတင်၏ ဆုငွေများနှင့် မတည်ပြီး မြန်မာ့ သတင်း သမဂ္ဂမှ ဥဒါန်း မဂ္ဂဇင်းကို ထုတ်ဝေ ခဲ့သည်။ ဦးဝင်းတင်ကို ဂုဏ်ပြုသည့် အနေဖြင့် ပြင်သစ် နိုင်ငံတွင် လမ်းတလမ်းအား “ဝင်းတင် လမ်း” ဟု အမည် ပေးထားသည်။

ထောင်တွင်းမှ ရရှိသည် ဒဏ်များနှင့် စစ်ကြောတွင် နှိပ်စက်ခံရမှုများကြောင့် ပြန်လည်လွတ်မြောက်လာသည့်အခါ ကျန်းမာရေး ယို့ယွင်းခဲ့ရသည်။

ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို ‘ပေါ်သစ်’ အမည်ဖြင့် ရေးသား ခဲ့ပြီး၊ ‘ကွိ’၊ ‘ဥတ္တရ အလင်း’ စသည့် ဘာသာပြန် စာအုပ်များ ကိုလည်းကောင်း၊ ကမ္ဘာနီတွင် တဒင်္ဂ’ အမည်ရှိ ကွန်မြူနစ် နိုင်ငံများသို့ ခရီးသွား မှတ်တမ်း စာပေကိုလည်း ရေးသား ခဲ့သည့်အပြင် ၊ပန်းချီ အကြောင်း ဖြစ်တဲ့ ‘အလှ ရှာပုံတော်’ ကိုလည်း ရေးသား ခဲ့သည်။

ဧရာဝတီ
ဧရာဝတီ သတင်းဌာန ရန်ကုန်ရုံးသို့ ယမန်နှစ် ဒီဇင်ဘာလက လာရောက်လည်ပတ်စဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်( ၈၅) နှစ်သည် ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရသည်။
ဦးဝင်တင်၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကိုအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ယူ သဂြိုလ်မည်ဖြစ်ကြောင်းအနီးကပ် ပြုစုပေးနေတဲ့ ဦးမောင်မောင်နိုင်က ဧရာဝတီသို့ပြောသည်။
“ဘဘကြီး သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ ဒါပေမယ့် သုံးရက်တော့ ထားမယ်”ဟု ၎င်းက ဆက်ပြောသည်။
ဦးဝင်းတင်ကို ပဲခူးတိုင်း ကြိုပင်ကောက်မြို့တွင် မွေးဖွားခဲ့ပြီး၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ

Saturday, April 19, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် သတင်းစာဆရာကြီး ဦးဝင်းတင်အား သွားရောက်ကြည့်ရှု၊ ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှုအောင်မြင်

Photo: ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် သတင်းစာဆရာကြီး ဦးဝင်းတင်အား သွားရောက်ကြည့်ရှု၊ ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှုအောင်မြင်
Saturday, April 19, 2014

အူ၊ အဆုတ်၊ နှလုံးနှင့် ကျောက်ကပ်ရောဂါများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှုကို ဧပြီ ၁၈ ရက်ည ၇ နာရီခွဲက စတင်ဆောင်ရွက်ခဲ့ရာ ည ၉ နာရီတွင် ကျောက်ကပ်ဆေးကြောကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကျောက်ကပ်ဆေးကြော ကုသမှုကို ဆောင်ရွက်ပေးခဲ့သူ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဌေးက "ကျန်းမာရေး အခြေအနေကဆိုးတယ်။ ကျောက်ကပ်ဆေးတာတော့ အောင်မြင်တယ်။ တစ်ရက်ခြား၊ နှစ်ရက်ခြား ဒါမှမဟုတ်ရင် နောက်နေ့ စသည်ဖြင့် ကျောက်ကပ် မကောင်းမချင်း လုပ်ရမှာပေါ့။ ကျောက်ကပ်ရောဂါကတော့ ခဏဆိုင်းသွားတာပေါ့" ဟု ကျောက်ကပ် ဆေးကြောကုသမှု အပြီးတွင် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက "ကျောက်ကပ်ဆေးတာ ၇ နာရီက စဆေးပြီး ၉ နာရီမှာပြီးတယ်။ ဆရာဝန်တွေက ပြောတာကတော့ ဒီကုသမှု မျှော်မှန်းထားတာထက် အောင်မြင်တယ်။ မနက်ဖြန်မှာ ဒီ Result တွေကိုထပ်စစ်ဆေး၊ မွန်းလွဲ ၁ နာရီမှာ အစည်းအဝေးထိုင်ပြီး ဆက်လုပ်ရမှာတွေကို ဆုံးဖြတ်ကြမှာပါ" ဟု ဧပြီ ၁၈ ရက် ည ၁၀ နာရီခန့်တွင် ပြောကြားသည်။
သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှုမပြုမီ ဧပြီ ၁၈ ရက် ညနေ ၅ နာရီမှ ည ၆ နာရီအထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယအကြိမ်အဖြစ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ခဲ့သည်။ ထို့ပြင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်လည်း ဦးဝင်းတင်အား သွားရောက်တွေ့ဆုံခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ဒုတိယအကြိမ် ထပ်မံလာရောက် အားပေးတဲ့အခါမှာ ဆရာကြီးက ၀မ်းသာပြီး စကားတွေပြောတယ်။ အရမ်းလည်း ရွှင်လန်းလာတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့တွေ့ဆုံရန် သွားရောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှ ဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။
မူလက ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေအရ ကျောက်ကပ်ဆေးကြောရန် လိုအပ်ကြောင်း၊ ကျောက်ကပ်ဆေးကြော စဉ်တွင်လည်း ကျန်းမာရေးကောင်းမွန်ရန် အထူးဂရုပြုရမည့် အခြေအနေရှိကြောင်း၊ ကျောက်ကပ်ဆေးကြော နိုင်ခြင်းမရှိပါက ကျန်းမာရေးအတွက် စိုးရိမ်ရသော အခြေအနေမျိုးရှိကြောင်း ဧပြီ ၁၈ ရက် ညနေပိုင်း အခြေအနေအရ ဦးဝင်းတင်၏ မိသားစုဆရာဝန်က ပြောကြားသည်။

ယင်းသို့သော အခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကျောက်ကပ်ဆေးကြော ကုသမှုပြုလုပ်ရန် သင့်၊ မသင့်ကို အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ခဲ့ပြီး နောက်ဆုံးတွင်အားလုံး၏ ဆုံးဖြတ်ချက်အရ ကျောက်ကပ်ဆေးကြော ကုသရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ယခုကဲ့သို့ ကျောက်ကပ်ဆေးကြော ကုသမှုအောင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သိရှိပြီးနောက် ဆရာကြီးဦးဝင်းတင်အား ကြိုးစားကုသပေးခဲ့ကြသည့် ဆရာဝန်ကြီးများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

(သတင်းစာဆရာကြီး ဦးဝင်းတင်အား ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ တွေ့ဆုံနေကြစဉ်)
Eleven Media Group
အူ၊ အဆုတ်၊ နှလုံးနှင့် ကျောက်ကပ်ရောဂါများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှုကို ဧပြီ ၁၈ ရက်ည ၇ နာရီခွဲက စတင်ဆောင်ရွက်ခဲ့ရာ ည ၉ နာရီတွင် ကျောက်ကပ်ဆေးကြောကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကျောက်ကပ်ဆေးကြော ကုသမှုကို ဆောင်ရွက်ပေးခဲ့သူ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဌေးက "ကျန်းမာရေး အခြေအနေကဆိုးတယ်။ ကျောက်ကပ်ဆေးတာတော့ အောင်မြင်တယ်။ တစ်ရက်ခြား၊ နှစ်ရက်ခြား ဒါမှမဟုတ်ရင်

Thursday, April 10, 2014

ဒေါ်အောင်ဆန်းစုကြည် ဂျာမဏီ-ပြင်သစ် ခရီးစဉ်စတင်

Myanmar Online News's photo.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၉ ရက်နေ့က စပြီး ဂျာမဏီနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ဖို့ ခရီးစတင်လိုက်ပီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမဏီနိုင်ငံ ခရီးစဉ်အတွင်းမှာ ဂျာမန်သမ္မတ ယွာခင်မ်ဂေါက်ခ်၊ အဓိပတိ အန်ဂယ်လာ မာကဲလ်၊ နိုင်ငံခြားရေးဝန်ကြီး ဖှရန့်ခ် ဝေါ်လ်တာ စတိုင်းန်မိုင်းယာ တို့နဲ့ တွေ့ဆုံဖို့ရှိပြီး ဂျာမန်လွှတ်တော် ဘွန်ဒက်စ်တာ့ခ် ကိုလဲ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ ဂျာမန်လွှတ်တော်ဥက္ကဌ ပရော်ဖက်ဆာ ဒေါက်တာ နော်ရ်ဘာ့ထ် လမ်းမန့်ထ်နဲ့ တွေ့ဆုံပြီး လွှတ်တော်ရေးရာကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လူတွေအချင်းချင်းကြား

Saturday, April 5, 2014

သမီးလေးရွာသားတွေ မြဝတီရောက်ပြီ

Photo: သမီးလေးရွာသားတွေ မြဝတီရောက်ပြီ
Saturday, April 5, 2014

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒေသခံစစ်တပ်က ရွာတွေသိမ်းလိုက်လို့ အိုးအိမ်မဲ့ဖြစ်နေရတဲ့ သမီးလေးရွာ၊ အင်းပတီးရွာနဲ့ ဒေါ်ကာလီရွာသားတွေဟာ ကရင်ပြည် နယ်မှာ အခြေချနေထိုင်ဖို့ မြဝတီမြို့ကို မနေ့ညနေ ကရောက်သွားကြပြီလို့ သိရပါတယ်။

သူတို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြေနေရာပေးပေမယ့် အဲဒီနေရာဟာ လုပ်ကိုင်စားသောက်ဖို့ မလွယ်တဲ့နေ ရာဖြစ်နေလို့ DKBA ခေါ် ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်က ကမ်းလှမ်းထားတဲ့ ကရင်ပြည်နယ် က ကျောက်ခက်ရွာမှာနေထိုင် လုပ်ကိုင်စားသောက်ဖို့ လိုက်သွားကြတာဖြစ်ပါတယ်။

အဲဒီလိုလိုက်သွားတဲ့အခါ ပြီးခဲ့တဲ့ရက်က ကရင်ပြည်နယ် အရောက်မှာ အစိုးရတပ်တွေကတားထားပြီး၊ သွားခွင့်မပြုတဲ့အတွက်လမ်းမှာကျန့်ကြာခဲ့ရပါတယ်။ မနေ့က မြဝတီမြို့ကိုရောက်သွားတဲ့အခါ မြို့ခံ တွေနဲ့ NLD အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်အဖွဲ့ဝင်တွေ က နွေးနွေးထွေးထွေး ကြိုဆိုကြပြီး စားသောက် စရာတွေလဲဝေငှပေးတယ်လို့သိရပါတယ်။

မနေ့ညက ဖားခြောက်ကောင်ဘုန်းကြီးကျောင်းမှာ ညအိပ်တည်းခိုကြပြီး ဒီမနက်မှာ ကျောက်ခက်ရွာ ကိုခရီးဆက် မယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြဝတီမြို့ ၈၈ မျိုးဆက်အဖွဲ့က ကိုဌေးဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

RFA
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒေသခံစစ်တပ်က ရွာတွေသိမ်းလိုက်လို့ အိုးအိမ်မဲ့ဖြစ်နေရတဲ့ သမီးလေးရွာ၊ အင်းပတီးရွာနဲ့ ဒေါ်ကာလီရွာသားတွေဟာ ကရင်ပြည် နယ်မှာ အခြေချနေထိုင်ဖို့ မြဝတီမြို့ကို မနေ့ညနေ ကရောက်သွားကြပြီလို့ သိရပါတယ်။
သူတို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြေနေရာပေးပေမယ့် အဲဒီနေရာဟာ လုပ်ကိုင်စားသောက်ဖို့ မလွယ်တဲ့နေ ရာဖြစ်နေလို့ DKBA ခေါ် ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်က ကမ်းလှမ်းထားတဲ့ ကရင်ပြည်နယ် က ကျောက်ခက်ရွာမှာနေထိုင် လုပ်ကိုင်စားသောက်ဖို့ လိုက်သွားကြတာဖြစ်ပါတယ်။
အဲဒီလိုလိုက်သွားတဲ့အခါ ပြီးခဲ့တဲ့ရက်က ကရင်ပြည်နယ် အရောက်မှာ

Friday, April 4, 2014

သိမ်းဆည်းခံ မြေပြန်ရရေး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ဆန္ဒပြ

Photo: သိမ်းဆည်းခံ မြေပြန်ရရေး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ဆန္ဒပြ
Friday, April 4, 2014

ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သိမ်းယူထားသည် ဆိုသော မြေကွက်များ ပြန်ရရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ဧပြီလ ၃ ရက်နေ့က လူတစ်ရာခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒပြသူများက ပြောကြားသည်။

မြေဧရိယာအကျယ် ငါးဧကကျော်ရှိ မြေကွက်များကို ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းက ၂၀၀၆ ခုနှစ်တွင် သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် လာရောက် အကူအညီ တောင်းခံခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထင်ကျော်က ပြောဆိုသည်။

“အဓမ္မ သိမ်းပိုက်ထားတဲ့ ကိစ္စပါ။ကျွန်တော်တို့က တရားစွဲတယ်၊ အမှုဖွင့်တယ်၊ ဖွင့်လို့မရဘူး။ ဒါကို သမ္မတဆီရော၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီထံရော တိုင်တယ်၊ ဘာမှ မထူးခြားဘူး” ဟု ဦးထင်ကျော်က ရှင်းပြသည်။

ဆန္ဒထုတ်ဖော်သူ လူစုကို ဒေါ်အောင်ဆန်းစုကြည်က ခြံဝသို့ ထွက်၍ တွေ့ဆုံခဲ့ကြောင်း၊ တောင်းဆိုမှုများအပေါ် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလူအေးက ပြောဆိုသည်။ 
“အတတ်နိုင်ဆုံးတော့ ကူညီမယ်လို့ ပြောတယ်” ဟု ဦးလူအေးက ဆိုသည်။ 

အဆိုပါ မြေကွက်များမှာ မူလက ဦး AS မိုင်းနပ်ဆိုသူ ပိုင်ဆိုင်ခဲ့ပြီး ၎င်း၏ သားသမီး ၉ ဦးက အမွေခွဲဝေခွင့်အတွက် တရားရုံးမှတစ်ဆင့် လေလံတင် ရောင်းချသဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ကြောင်း ဦးအိုက်လင်း၏ မန်နေဂျာဖြစ်သူ ဦးနေဝင်းဦးက ပြောကြားသည်။ 

အဆိုပါ မြေကွက်ပေါ်တွင် အိမ်ခြေ ၂၉၃ လုံး ကျူးကျော်နေထိုင်ခြင်း ဖြစ်ပြီး တစ်အိမ်လျှင် ကျပ် ၁၀ သိန်းမှ သိန်း ၁၅၀ အထိ နစ်နာကြေးပေးကာ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ သို့သော် ဦးလူအေး အပါအဝင် ငါးဦးက နစ်နာကြေးကို အဆမတန် တောင်းဆိုသဖြင့် ညှိနှိုင်းမရခဲ့ကြောင်း ၎င်းက တုံ့ပြန် ပြောဆိုသည်။ 

“လေလံ ဝယ်ယူတုန်းက တစ်ပေ ပတ်လည်ကို တစ်သောင်း လေးထောင်လောက်ပဲ ရှိတာ။ အခုက လေးသိန်းလောက် ရှိတယ်။ ဒါကြောင့် သူတို့က မြေကွက်ပဲ ပြန်လိုချင်တယ် ဆိုပြီး တောင်းနေတာ။ သူတို့ကို နစ်နာကြေးပေးတဲ့ အချိန်တုန်းကလည်း ပေးပြီးပြီ။ မြေကွက်တွေကလည်း ရောင်းပြီးသွားပြီ။ အိမ်ရာတွေလည်း ဆောက်ပြီးသွားပြီမို့ ပြန်ပေးစရာလည်း မရှိဘူး၊ ညှိနှိုင်းစရာလည်း မလိုတော့ဘူး” ဟု ဦးနေဝင်းဦးက ဆိုသည်။ 

မြေကွက်များ ပြန်လည်ရရှိရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သည့် ဦးထင်ကျော်၊ ဦးလူအေးတို့ အပါအဝင် ခေါင်းဆောင်လေးဦးကို အသရေဖျက်မှုဖြင့် ဦးအိုက်လင်းက တရားစွဲဆိုခဲ့ဖူးပြီး ယခုလက်ရှိတွင် အမှုကို ပြန်လည် ရုပ်သိမ်းထားကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

The Voice Weekly
ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သိမ်းယူထားသည် ဆိုသော မြေကွက်များ ပြန်ရရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ဧပြီလ ၃ ရက်နေ့က လူတစ်ရာခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒပြသူများက ပြောကြားသည်။
မြေဧရိယာအကျယ် ငါးဧကကျော်ရှိ မြေကွက်များကို ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းက ၂၀၀၆ ခုနှစ်တွင် သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင်

Thursday, April 3, 2014

နိုင်ငံတကာ ဝီလီဘရန့် ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်

Photo: နိုင်ငံတကာ ဝီလီဘရန့် ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်
Wednesday, April 02, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်သီတင်းပတ် ဂျာမဏီနိုင်ငံ ခရီးစဉ် အတွင်း ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ( Joachim Gauck ) နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ၀ီလီဘရန့် ဆု ကို လက်ခံမှာဖြစ်ကြောင်း ဂျာမနီ သမ္မတရုံးက မနေ့က ပြောပါတယ်။

ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ရန်ကုန်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီ ခရီးစဉ်အသေးစိတ်ကို မသိရသေးပါဘူး။

နိုင်ငံတကာ ၀ီလီဘရန့် ဆု ကို ကွယ်လွန်သူ ဂျာမနီ အဓိပတိဟောင်း မစ္စတာ ၀ီလီဘရန့် ကို ဂူဏ်ပြုတဲ့ အနေနဲ့ ၂ဝ၁၁ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။ အနုပညာ၊ ယဉ်ကျေးမှု၊ ဘာသာရေး ဆိုင်ရာနယ်ပယ်တွေနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာ ပြည်သူတွေကြား နားလည်မှုတွေ တိုးပွားလာအောင်ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ နဲ့ အဖွဲ့အစည်းတွေကို ချီြးှမှင့်တဲ့ဆုဖြစ်ပါတယ်။ ဒီဆု ကို ပထမဆုံးချီးမြှင့်ခံရသူတွေကတော့ ဂျာမနီ နိုင်ငံ ဘာလင်အခြေစိုက် တေးဂီတဆရာ Daniel Barenboim နဲ့ အီဂျစ် စာရေးဆရာမ Lailia Soliman တို့ ဖြစ်ကြ ပါတယ်

RFA Burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်သီတင်းပတ် ဂျာမဏီနိုင်ငံ ခရီးစဉ် အတွင်း ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ( Joachim Gauck ) နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ၀ီလီဘရန့် ဆု ကို လက်ခံမှာဖြစ်ကြောင်း ဂျာမနီ သမ္မတရုံးက မနေ့က ပြောပါတယ်။
ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ရန်ကုန်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီ ခရီးစဉ်အသေးစိတ်ကို

Thursday, March 27, 2014

လေးပွင့်ဆိုင်တွေ့ဆုံရန် သမ္မတဦးသိန်းစိန်တစ်ဦးသာ စွမ်းဆောင်နိုင်ကြောင်း သူရဦးရွှေမန်းနှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: လေးပွင့်ဆိုင်တွေ့ဆုံရန် သမ္မတဦးသိန်းစိန်တစ်ဦးသာ စွမ်းဆောင်နိုင်ကြောင်း သူရဦးရွှေမန်းနှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Thursday, March 27, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ လေးပွင့်ဆိုင်တွေ့ဆုံမှုအပေါ် မူတည်နေပြီး တွေ့ဆုံမှု ဖြစ်မြောက်ရန်အတွက် လုပ်ဆောင်နိုင်သူမှာ သမ္မတဦးသိန်းစိန် တစ်ဦးတည်းသာရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ် ၂၆ ရက်က ပြုလုပ်သည့် အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်တွန်းထားပါသလားဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “သမ္မတကြီးဆီ ဒါကိုစာပို့လိုက်ရင် လုံလောက်ပြီ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ဆိုရင် လေးပွင့်ဆိုင် တွေ့ဆုံရေးကို သမ္မတကြီးတစ်ယောက်ပဲ စွမ်းဆောင်နိုင်မယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ကျွန်မအနေနဲ့လည်း တစ်ခြားပုဂ္ဂိုလ်တွေပါဖို့ ပြောပိုင်ခွင့် မရှိပါဘူး။ အားလုံး ဒီလေးဦးစလုံးကို စုပြီးတော့ တွေ့ဆုံရေးဖြစ်အောင် လုပ်နိုင်တာကတော့ သမ္မတကြီးတစ်ယောက်ပဲရှိတယ်လို့ ဒီလိုယူဆလို့ သမ္မတကြီးဆီ လိပ်မူပြီး ပေးပို့ခဲ့တာပါ” ဟု ပြန်လည်ဖြေကြားသည်။

ထို့အပြင် ထိုသို့ လေးပွင့်ဆိုင် တွေ့ဆုံမှုအတွက် ပြည်ထောင်စုလွှတ်တော်နာယက အနေဖြင့် အသင့်ရှိကြောင်း ပြောကြားထားခဲ့ပြီးသည့်အတွက် လေးပွင့်ဆိုင်တွေ့ဆုံမှု ဖြစ်မြောက်ရေးမှာ ကျန်နှစ်ယောက်၏ သဘောထားအပေါ် မူတည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တွေ့ဆုံမှုသည် အောင်မြင်ခြင်း၏ အခြေခံဖြစ်သည့်အတွက် ထိုသို့ လေးပွင့်ဆိုင်တွေ့ဆုံမှုကို ထောက်ခံကြောင်း ပြောကြားသည်။

“တွေ့ဆုံတာ၊ ဆွေးနွေးတာ၊ ညှိနှိုင်းတာက အောင်မြင်မှုရဲ့အခြေခံ ဖြစ်ပါတယ်။ တွေ့ဆုံမှုတွေရှိရင် တစ်ယောက်နဲ့တစ်ယောက် သံသယတွေ ကင်းသွားမယ်။ အမြင်မရှင်းတာတွေ မရှိတော့ဘူး။ လေးပွင့်ဆိုင် တွေ့ဆုံမှုကိုလည်း အားပေးပါတယ်။ လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် ပူးပေါင်းလုပ်ဆောင်တာ အကောင်းဆုံးပါ။ ကျွန်တော်တို့နှစ်ယောက် အမြဲတွေ့ဖြစ်တယ် ဆိုတာက လွှတ်တော်ကိစ္စတွေ၊ နိုင်ငံ့ရဲ့ ရှေ့အလားအလာတွေကို တိုင်ပင်ညှိနှိုင်းတာပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေကို ဖလှယ်နိုင်မယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သတ်မှတ်ထားသော အချိန်ကာလအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရန်မှာ လေးပွင့်ဆိုင်တွေ့ဆုံမှုအပေါ်တွင် မူတည်နေကြောင်းလည်း လက်ရှိပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီတွင် တပ်မတော်၏ ဆုံးဖြတ်ချက်သည် ညှိနှိုင်းရန် အခက်အခဲရှိသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံရေးအကြပ်အတည်း မဖြစ်စေရန် ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည့်အတွက် လက်ရှိပြင်ဆင်မှု ပြုလုပ်ရာတွင်လည်း နိုင်ငံရေး အကြပ်အတည်းသို့ ဦးတည်နိုင်မည် မဟုတ်ကြောင်း၊ ထိုသို့ ဦးမတည်နိုင်ရန် အတွက်လည်း တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် မိမိတို့အနေဖြင့် နိုင်ငံအား အကြမ်းဖက်သည့်လမ်းပေါ်သို့ မရောက်စေခြင်ကြောင်း၊ မလိုလားအပ်သော ပဋိပက္ခများ မဖြစ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံရန် မေတ္တာရပ်ခံစာတစ်စောင် ပေးပို့ထားသည်။

နိုင်ငံတော်သမ္မတက ထိုသို့တွေ့ဆုံမှုကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အစီရင်ခံစာ ထွက်ရှိပြီးမှသာ စဉ်းစားရန် သဘောထား ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ပြည်သူများ အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင်တွေ့ဆုံရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်တောင်းဆိုမှုများလည်း ရှိနေသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အား မတ် ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင် အတူတွေ့ရစဉ်

Eleven Media Group
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ လေးပွင့်ဆိုင်တွေ့ဆုံမှုအပေါ် မူတည်နေပြီး တွေ့ဆုံမှု ဖြစ်မြောက်ရန်အတွက် လုပ်ဆောင်နိုင်သူမှာ သမ္မတဦးသိန်းစိန် တစ်ဦးတည်းသာရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ် ၂၆ ရက်က ပြုလုပ်သည့် အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။အဆိုပါသတင်းစာရှင်းလင်းပွဲတွင် လေးပွင့်ဆိုင် တွေ့
ဆုံဆွေးနွေးနိုင်ဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ထံ

NLD နဲ့ ကြံ့ခိုင်ရေး အဓိက အားစမ်းမယ့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ

Photo: NLD နဲ့ ကြံ့ခိုင်ရေး အဓိက အားစမ်းမယ့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ
Thursday, March 27, 2014

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)က  ဖွဲ့စည်းလိုက်တဲ့ ဦးသိန်းစိန် အစိုးရက ဆောင်ရွက်နေတဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေး ကြွေးကြော်နေချိန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် အတွင်း မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်တာမို့ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ကြွေးကြော်သံ တွေက ကြံ့ခိုင်ရေး ပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရေးရရှိရေး ဗျူဟာ တခုအဖြစ် အသုံးပြုမယ့် အခြေအနေတွေ ဖြစ်ထွန်း လာတယ် လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပါတယ်။

သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးဖို့ ကော်မရှင်တွေ ဖွဲ့စည်းတာ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တာဝန်ပေးတာတွေ လုပ်ပြီးတာနဲ့ တပြိုင်နက်တည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ဖို့ရှိတယ် လို့ ကော်မရှင်က ထုတ်ပြန် လိုက်တာမို့ ဒီဖြစ်စဉ်နှစ်ခုက တခုပြီး တခု အစီအစဉ်တကျ ထွက်ပေါ်လာတဲ့ ဖြစ်ရပ်တွေဖြစ်ပြီး အထူးသဖြင့် နှစ်ပေါင်း ၂၀ ကျော် လုံးလုံး လူထုထောက်ခံမှုရရှိခဲ့တဲ့ အတိုက်အခံ ဒီမိုကရေစီပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ဗျူဟာသစ်နဲ့ စိန်ခေါ်လိုက်တာဆိုရင်လည်း မမှားနိုင်ပါဘူး။

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲက လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ဖွဲ့စည်းပုံပြင်ရေးဆောင်ရွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့  အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး၊ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေး ကြိုးစားနေတဲ့ ကြံ့ခိုင်ရေး ပါတီတို့အကြား ၂၀၁၅ ရွေးကောက်ပွဲ အကြို စိန်ခေါ်အားစမ်းတဲ့ နိုင်ငံရေး အားစမ်းပွဲကြီးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

သမ္မတဦးသိန်းစိန်က လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ တို့ကို ပြည်ထောင်စု တရား လွှတ်တော် ချုပ် ကရေးဆွဲဖို့နဲ့  ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနဲ့ တလင် တမယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေတို့ကို  ဇွန်လ ၃၀ ရက်နေ့ ထက် နောက်မကျစေဘဲ ရေးဆွဲဖို့ အဖွဲ့ဝင် ၁၂ ဦးပါ ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးခဲ့ပါတယ်။ အာဏာရ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်အများစု ကြီးစိုးနေတဲ့ လွှတ်တော်က လည်း အစိုးရဘက်က တင်လာမယ့် မျိုးစောင့်ဥပဒေကြမ်းတွေကို အတည်ပြုပေးဖို့ စောင့်ကြို နေတဲ့ပုံ ရှိတယ်လို့ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။

အစိုးရနဲ့ လွှတ်တော် ဘယ်လိုပဲ ကွဲပြားမှုတွေ၊ ပွတ်တိုက်မှုတွေ ရှိနေစေကာမူ ကြံ့ခိုင်ရေးပါတီဆိုတဲ့ မူလ လောင်းရိပ် ကြီးအောက်မှာ အစိုးရရော၊ လွှတ်တော်ကရော ပုလင်းတူဘူးဆို့တွေ အဖြစ် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေး ညီညွတ် စွာ ရပ်တည်နေကြတယ်။ အဲဒါကြောင့်ပဲ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးမှာ အစိုးရရော လွှတ်တော်ပါ အသံတူညီစွာနဲ့ အတိုင် အဖောက်ညီနေကြတာပဲလို့ တိုင်းရင်းသားနိုင်ငံရေးသမား တချို့က သုံးသပ်ပြောဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက  ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကို တိတိကျကျ မကြေညာဘဲ ရာသီဥတု သာသာယာသာရှိချိန် ၃ လကြိုတင် အကြောင်းကြားမယ်လို့ ပြောဆိုပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ မျိုးစောင့်ဥပဒေ တွေ တရားဝင် လွှတ်တော်တင်ပြပြီး ဥပဒေ အဖြစ် ထွက်ရှိလာပြီးမှ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို တိတိကျကျ ထုတ်ပြန်မယ့် ပုံရှိပါတယ်။

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ တနိုင်ငံလုံး မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းကျော်၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ် ၄၅ခုမှာ မဲဆန္ဒနယ် ၄၃ ခုနှစ် အနိုင်ရရှိခဲ့တဲ့ NLD က ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ မှာတော့ လစ်လပ် မဲဆန္ဒနယ် ၃၀ လုံး အနိုင်ရရှိနိုင်တဲ့ အနေအထား မရှိတော့ဘူးလို့ ဆိုသူတွေလည်းရှိပါတယ်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “ရိုးရိုးသားသား ယှဉ်ပြိုင်ဖို့ အားစမ်းတာဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် တခုခုလုပ်ဖို့ စမ်းသပ်တာမျိုး ဖြစ်မှာ စိတ်ပူတယ်။ ၂၀၁၅မှာ ဘယ်လို လိမ်လို့ရမလဲ ဆိုတာမျိုးအတွက် စမ်းသပ်တာ ဆိုရင်တော့ မကောင်းဘူး။ ဒီတခေါက် လိမ်ပြီး လုပ်ကြည့်မယ်။ အခြေအနေကောင်းရင် ၂၀၁၅ မှာ ဆက်လုပ်ကြည့်မယ်ဆိုရင်တော့ မကောင်းဘူး ” လို့ ဧရာဝတီသို့ ပြောဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ ကြံ့ခိုင်ရေးပါတီက သူရဲ့ ရွေးကောက်ပွဲ ဗျူဟာသစ်နဲ့ အင်အားကို စမ်းသပ်ဖို့ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတာလို့ သုံးသပ်ပါတယ်။

နိုင်ငံရေးပါတီအများစုက ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တိကျရေရာစွာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးဘဲ တချို့ပါတီတွေက လုံးဝ ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုပါတယ်။ ဒါပေမယ့် NLD နဲ့ ကြံ့ခိုင်ရေးပါတီက ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ်အားလုံးကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီထိပ်တန်းခေါင်းဆောင် တချို့က ဧရာဝတီကို ထုတ်ဖော်ပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ၂၀၁၅ ရွေးကောက်ပွဲကြီး ကျင်းပခါနီးမှ ကြားဖြတ် ရွှေးကောက်ပွဲ ကျင်းပပေးတာက စဉ်းစားစရာကောင်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီရဲ့ လူထုထောက်ခံမှု အင်အားကို စမ်းသပ်မှုလို့ သုံးသပ်ကြောင်း၊ ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်အားလုံး ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ကြောင်း  ပြောဆိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်လည်းဖြစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးလှဆွေက ကြံ့ခိုင်ရေးပါတီအနေနဲ့ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိကြောင်း ပြောဆိုပါတယ်။

အာဏာရှင် စစ်ခေါင်းဆောင်တွေက လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ဆိုင်ရာ နိုင်ငံရေးသမား တွေအဖြစ် ၂၀၁၁ ခုနှစ်ကတည်းက စတင် အာဏာရယူခဲ့တာမို့ အခုဆိုရင် အာဏာရတဲ့ သက်တမ်း ၃ နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။ ၃ နှစ်တာကာလအတွင်း အမျိုး ဘာသာ သာသနာ ဆိုတဲ့ အမျိုးသားရေး ၀ါဒကို လူထုကြိုက် ရွေးကောက်ပွဲ ဗျူဟာ အဖြစ် ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲလို၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလို NLD ပါတီကို အပြတ်အသတ် ရှုံးနိမ့်တော့မယ့် အနေအထား မရှိတော့ဘူးလို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။

(သာလွန်ဇောင်းထက်နှင့် ထက်နိုင်ဇော် ပူးတွဲရေးသားသည်)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဂျေပိုင်)
ဧရာဝတီ
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)က ဖွဲ့စည်းလိုက်တဲ့ ဦးသိန်းစိန် အစိုးရက ဆောင်ရွက်နေတဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေး ကြွေးကြော်နေချိန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် အတွင်း မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်တာမို့ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ကြွေးကြော်သံ တွေက ကြံ့ခိုင်ရေး ပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရေးရရှိရေး ဗျူဟာ တခုအဖြစ် အသုံးပြုမယ့် အခြေအနေတွေ ဖြစ်ထွန်း လာတယ် လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပါတယ်။သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးဖို့

Sunday, March 23, 2014

NLD တိုင်းရုံးတည်ဆောက်ဖို့ Iron Cross ရန်ပုံငွေဂီတပွဲ ပရိသတ်ထောင်ပေါင်းများစွာ အားပေး

Photo: NLD တိုင်းရုံးတည်ဆောက်ဖို့ Iron Cross ရန်ပုံငွေဂီတပွဲ ပရိသတ်ထောင်ပေါင်းများစွာ အားပေး
Sunday, March 23, 2014 

တာမွေမြို့နယ်က NLD ပါတီ တိုင်းရုံး ပြုပြင်တည်ဆောက်ရေးအတွက် ရွှေထွဋ်တင်ကွင်းမှာ Iron Cross အဖွဲ့နဲ့ ရန်ပုံငွေရှာဖွေပွဲကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။ ပရိသတ် အနည်းဆုံး ၅ထောင်ကျော်လောက်ဟာ ရန်ပုံငွေဂီတပွဲကို အားပေးခဲ့ကြပါတယ်။

နိုင်ငံကျော် ရော့ခ်အဆိုတော်တွေဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်းတို့က ပရိသတ်ထောင်ပေါင်း များစွာကို ဖျော်ဖြေခဲ့သလို လေးဖြူကလည်း အဖေဆိုတဲ့သီချင်းနဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံတွေနဲ့ ဖော်ပြတင်ဆက်ခဲ့ပါတယ်။

ရန်ကုန်တိုင်း NLD ရုံးချုပ်အသစ်ကို တည်ဆောက်ဖို့အတွက် ရန်ပုံငွေရှာဖွေတဲ့ ပထမခြေလှမ်းအဖြစ် ကျင်းပတဲ့ ဒီဂီတပွဲမှာ ၂၁ရာစုမှာ သတင်းအချက်အလက်နဲ့ နည်းပညာကိုအသုံးပြုပြီး အတိုက်အခံ ပါတီတစ်ခုအနေနဲ့ အစိုးရတာဝန်တွေ မထမ်းဆောင်ခင် အဆင်သင့်ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လာမယ့် ပွင့်လင်းရာသီမှာပြုလုပ်မယ့် ဒုတိယမြောက် ကြားဖြတ်ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်မြေ ၃ဝ စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တာမို့ တိုင်းရုံးခန်းတိုးချဲ့မှုက အထောက်အကူဖြစ်မယ်လို့ ဆိုပါတယ်။

တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းမှာကျင်းပတဲ့ ဒီရန်ပုံငွေ ဂီတပွဲကို ပါတီနာယက သူရဦးတင်ဦးကိုယ်တိုင် တက်ရောက်အားပေးခဲ့ပါတယ်။ ရန်ပုံငွေပွဲက ရရှိတဲ့ငွေတွေကိုတော့ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာ သွားမယ်လို့ ဆိုပါတယ်။

Kamayut Media
တာမွေမြို့နယ်က NLD ပါတီ တိုင်းရုံး ပြုပြင်တည်ဆောက်ရေးအတွက် ရွှေထွဋ်တင်ကွင်းမှာ Iron Cross အဖွဲ့နဲ့ ရန်ပုံငွေရှာဖွေပွဲကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။ ပရိသတ် အနည်းဆုံး ၅ထောင်ကျော်လောက်ဟာ ရန်ပုံငွေဂီတပွဲကို အားပေးခဲ့ကြပါတယ်။
နိုင်ငံကျော် ရော့ခ်အဆိုတော်တွေဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်းတို့က ပရိသတ်ထောင်ပေါင်း များစွာကို ဖျော်ဖြေခဲ့သလို လေးဖြူကလည်း အဖေဆိုတဲ့သီချင်းနဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံတွေနဲ့ ဖော်ပြတင်ဆက်ခဲ့ပါတယ်။
ရန်ကုန်တိုင်း NLD ရုံးချုပ်အသစ်ကို တည်ဆောက်ဖို့အတွက် ရန်ပုံငွေရှာဖွေတဲ့ ပထမခြေလှမ်းအဖြစ် ကျင်းပတဲ့ ဒီဂီတပွဲမှာ ၂၁ရာစုမှာ သတင်းအချက်အလက်နဲ့ နည်းပညာကိုအသုံးပြုပြီး အတိုက်အခံ ပါတီတစ်ခုအနေနဲ့ အစိုးရတာဝန်တွေ မထမ်းဆောင်ခင်

Friday, March 21, 2014

၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲ NLD ဝင်ပြိုင်မည်

Photo: ၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲ NLD ဝင်ပြိုင်မည်
Thursday, March 20, 2014

ဒီနှစ်၂၀၁၄ ခုနှစ် အတွင်းမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလအတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ကျင်းပမယ့်ရက်ကို ၃လ ကြိုတင်ကြေညာမယ်လို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ 

ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေ ၃၁ နေရာရှိတယ်လို့ သိရပါတယ်။ 

photo: Myo Zaw Ko
RFA
ဒီနှစ်၂၀၁၄ ခုနှစ် အတွင်းမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောလိုက်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလအတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ကျင်းပမယ့်ရက်ကို

သမ္မတ ဦးသိန်းစိန်နဲ့ ပွင့်လင်း စွာဆွေးနွေးခဲ့တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

Photo: သမ္မတ ဦးသိန်းစိန်နဲ့ ပွင့်လင်း စွာဆွေးနွေးခဲ့တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

Thursday, March 20, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတဦးသိန်းစိန် နဲ့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ က တွေ့ဆုံခဲ့တဲ့ပွဲမှာ မိမိအနေနဲ့ပွင့်လင်းစွာဆွေးနွေး ခဲ့ကြောင်း၊ တိုးတက်မှုများစွာရှိတယ် လို့တော့ မဆိုနိုင်ကြောင်း RFA ကို ပြောကြားပါတယ်။

"ထူးထူးထွေထွေ ဘာမှသတင်း ထုတ်ပြန်စရာမရှိပါဘူး။ ပြောရမယ်ဆိုရင် ထူးထူးထွေထွေ ထုတ်ပြန်စရာမရှိလို့ မထုတ်ပြန်တာပါ။"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ကဏ္ဍအတွက် မနေ့ ညနေ ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့ တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ လယ်ယာမြေတွေ၊ အိုးအိမ်တွေကို သက်ဆိုင်ရာက သိမ်းယူရာမှာ အဓမ္မ ဖျက်ဆီးမှုတွေရှိနေတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ တော့ ဥပဒေ အရဆောင်ရွက်ဖို့ လိုသလို၊ ပြည်သူလူထု ရဲ့ခံစားမှုကိုနားလည်ဖို့လည်း အရေးကြီးကြောင်း ပြောပါတယ်။

"စိုက်ခင်းတွေပဲဖြစ်ဖြစ် ကျူးကျော်ရပ်ကွပ်တွေပဲဖြစ်ဖြစ် တရားဥပဒေနဲ့ မကိုက်ညီဘူး ဆိုလို့ရှိရင် တရားဥပဒေနဲ့ ကိုက်ညီလာအောင်လို့ လုပ်ရမယ်။ ဒါပေမဲ့ အဲ့ဒီ လုပ်တဲ့နေရာမှာ ပြည်သူလူထုရဲ့ အနေအထားနဲ့ လိုအပ်ချက် တွေကိုလည်း ဘယ်လိုမှ မျက်ခြေပျက်လို့ မရဘူး။ ပြည်သူပြည်သားတော်တော် များများက ဥပဒေဆိုတာ ပြည်သူ ပြည်သားကို ချုပ်ချယ်ဖို့ ဖိနှိပ်ဖို့ လုပ်ထားတာလို့ ထင်နေကြတယ်။ အဲ့လိုထင်တာလဲ သူတို့အပြစ် မဟုတ်ဘူးနော် ဒီလိုပဲ ဥပဒေကိုသုံးခဲ့တဲ့ နှစ်ပေါင်းများစွာရှိခဲ့လို့ ဥပဒေမဲ့လုပ်တာကသက်သက်ပေါ့ နော် ၊ရှိတဲ့ဥပဒေကို ကြိုက်သလိုသုံးတာ သက်သက်ပေါ့။"

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ နဲ့ ဒေသခံလူထုအကြား အဆင်မပြေဖြစ်နေ တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ဦးနှစ်ဖက် သဘောထားတွေကို သေသေချာချာဆန်းစစ်ဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတဦးသိန်းစိန် နဲ့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ က တွေ့ဆုံခဲ့တဲ့ပွဲမှာ မိမိအနေနဲ့ပွင့်လင်းစွာဆွေးနွေး ခဲ့ကြောင်း၊ တိုးတက်မှုများစွာရှိတယ် လို့တော့ မဆိုနိုင်ကြောင်း RFA ကို ပြောကြားပါတယ်။
"ထူးထူးထွေထွေ ဘာမှသတင်း ထုတ်ပြန်စရာမရှိပါဘူး။ ပြောရမယ်ဆိုရင် ထူးထူးထွေထွေ ထုတ်ပြန်စရာမရှိလို့ မထုတ်ပြန်တာပါ။"
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ကဏ္ဍအတွက် မနေ့ ညနေ ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့ တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ

Thursday, March 20, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ

Photo: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ

Thursday, March 20, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ မတ် ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် တွေ့ဆုံခဲ့သည်။

လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ခိုင်ဖြိုးပါတီဝင်များမှာ ကော့မှူးမြို့နယ် နှင့် ကွမ်းခြံကုန်းမြို့နယ်မှ ဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာဦးခင်ရွှေ၏ အစီအစဉ်ဖြင့်Elite ကား ငါးစီးဖြင့် လူဦးရေ ၂၀၀ ခန့် ပါဝင်ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မအနေနဲ့ ကော့မှူးမြို့နယ်က မြို့နယ်သူမြို့နယ်သားအားလုံး ကျွန်မတတ်နိုင်သမျှ ကော့မှူးအတွက် အကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ တာဝန်ရှိတယ်ဆိုတာ လက်ခံတယ်။ ဦးခင်ရွှေလည်း လက်ခံမယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ကျွန်မတို့ တတ်နိုင်သမျှ ကျွန်မတို့ပူးပေါင်းပြီးတော့ ဆောင်ရွက်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလိုပူးပေါင်းဆောင်ရွက်မှ ကျွန်မတို့မြို့နယ်က တိုးတက်မှာ ဖွံ့ဖြိုးမှာ။ ကျွန်မတို့မြို့နယ်မှာရှိတဲ့ ပြည်သူ ပြည်သားတွေရဲ့ ဘ၀က ပိုပြီးတော့ ချမ်းသာမှာ အဲဒီတော့မြို့နယ်က ပုဂ္ဂိုလ်တွေကလည်း တာဝန်ရှိတယ်။ ကျွန်မတို့ ဒီလိုလုပ်နိုင်တဲ့ အခွင့်အရေးရတာ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီကို စပြီးတော့ကျင့်သုံးတာ။ အဲဒီတော့ ဒီမိုကရေစီကို စပြီးကျင့်သုံးလာလို့ ကျွန်မတို့ ပူးပေါင်းပြီးတော့ ဒီမြို့နယ် တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးကိုရတာ။
အဲဒါကြောင့်မို့ ဒီမိုကရေစီက ရတဲ့အခွင့်အရေးတွေကို သုံးရုံတင်မရဘူး။ ကိုယ်ကလည်း ပြန်ပြီးတော့ ကိုယ့်တာဝန်အရ ကူညီရမယ်၊ မစရမယ်။ နောက်ဆုံးကျတော့ ဒီမိုကရေစီနိုင်ငံမှာဆိုရင် ပြည်သူပြည်သားတွေက ကိုယ့်နိုင်ငံ တိုးတက်ရေးအတွက် ကိုယ်တာဝန်ယူရမယ်။ နောက်ဆုံးကိုယ်ပဲ တာဝန်ယူရမယ်၊ ကိုယ်ရွေးလိုက်တဲ့သူကိုလည်း ကိုယ်ရွေးလိုက်ခြင်းအားဖြင့် တာဝန်ပေးတာပဲ။ ကိုယ့်ရွေးတဲ့သူကို ဘယ်လိုလူမျိုး ရွေးတယ် ဆိုတာ ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်ရွေးပြီးမှ မကြိုက်ပါဘူးလို့ ပြောနေလို့ရှိရင် ဒါလည်းပြောပိုင်ခွင့်ရှိပါတယ်။ ရွေးတာတော့ မှားမှာပေါ့။ နောက်တစ်ခါ မမှားစေနဲ့ပေါ့။ ဒီလိုပဲ လုပ်ရမှာပေါ့။ အဲဒီတော့ ညီညီညွတ်ညွတ် ရှိရမယ်။ ဟိုဘက်က နိုင်လို့နိုင်တဲ့သူကို ချော်လဲအောင်လုပ်မယ်လို့ သူနိုင်သွားမှာစိုးလို့ ခလုတ်တိုက်အောင်လုပ်မယ်လို့။ ဒါမျိုးတွေဟာ မလုပ်သင့်ဘူး။ ဒါဟာသိက္ခာရှိတဲ့ နိုင်ငံရေးမဟုတ်ဘူး။
သိက္ခာရှိတဲ့ နိုင်ငံရေးမလုပ်နိုင်လို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှာမဟုတ်ဘူး။ အဲဒီတော့ကျွန်မတို့ အမြင်ချင်း မတူတာတွေရှိတယ်။ ဒါကတော့ ရှိမှာပဲ။ လူပဲ အမြင်ချင်းတစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့။
ကျွန်မနဲ့ ဦးခင်ရွှေက သဘောတူတယ်။ ကျွန်မဆုံးဖြတ်မယ်။ ဦးခင်ရွှေက ပိုက်ဆံပို့။ ဒါတစ်ယောက်နဲ့ တစ်ယောက်ငြင်းစရာအကြောင်း မဟုတ်ဘူး။ အဓိက ကတော့ ကျွန်မတို့ ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းဟာ ကျွန်မတို့ရဲ့မြို့နယ်အတွက် အကျိုးဖြစ်စေရမယ်။ အဲဒီလို အကျိုးဖြစ်မယ်ဆိုရင် ကျွန်မတို့လုပ်တာမှန်ပြီလို့ သတ်မှတ်ရမယ်။ ဒီတော့ ကျွန်မတို့မြို့နယ်ထဲက ကျွန်မတို့ပြည်သူပြည်သားတွေကလည်း ဒီလိုပဲ စိတ်ထားရမယ်။ သူက ဘယ်ပါတီက ငါက ဘယ်ပါတီက ဒီလိုခွဲခြားမှုကတော့ အတိုင်းအတာတစ်ခုထိတော့ ရှိမှာပေါ့။ ရှိနိုင်တယ်။ ဒါကိုယ့်ရဲ့နိုင်ငံရေးယုံကြည်ချက်အရ ဒါပေမဲ့ မြို့နယ်တိုးတက်ရေးအတွက်တော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြပါ။ နောက်ပြီးတော့ မိတ်ဖြစ်ဆွေဖြစ်နေကြပါ။ တကယ်ရင့်ကျက်တဲ့ နိုင်ငံကြီးတွေမှာဆိုရင် ရွေးကောက်ပွဲမှာ အကြိတ်အနယ်ပြိုင်ဆိုင်၊ ပြီးတော့ မိတ်ဆွေလိုပဲ နေတာပဲ။ ဘာမှ မိတ်ပျက်တာတွေ မရှိ ဘူး။ အဲဒီတော့ ကျွန်မတို့ ကော့မှူးကို စံပြမြို့နယ်တစ်ခု ဖြစ်စေချင်တယ်”ဟု ဆိုသည်။

ထို့အပြင် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရန်မှာ အဓိကကျကြောင်းလည်း ထည့်သွင်းပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှာ ခေါင်းဆောင်ပိုင်း အချင်းချင်းသင့်မြတ်မှု ရှိနေသည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက မတ် ၆ ရက်က မီဒီယာများကို ပြောကြားထားသည်။

Eleven Media Group

မတ် ၁၉ ရက်က လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ မတ် ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် တွေ့ဆုံခဲ့သည်။
လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ခိုင်ဖြိုးပါတီဝင်များမှာ ကော့မှူးမြို့နယ် နှင့် ကွမ်းခြံကုန်းမြို့နယ်မှ ဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာဦးခင်ရွှေ၏ အစီအစဉ်ဖြင့်Elite ကား ငါးစီးဖြင့် လူဦးရေ ၂၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က

Wednesday, March 19, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရန်ကုန်တိုင်းဒေသကြီး ရံပုံငွေဂီတဖျော်ဖြေပွဲ အိုင်စီအဖွဲ့ဖျော်ဖြေမည်

Photo: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရန်ကုန်တိုင်းဒေသကြီး ရံပုံငွေဂီတဖျော်ဖြေပွဲ
အိုင်စီအဖွဲ့ဖျော်ဖြေမည်
Wednesday, March 19, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရန်ကုန်တိုင်းဒေသကြီး ရံပုံငွေဂီတဖျော်ဖြေပွဲကိုအိုင်စီအဖွဲ့မှဖျော်ဖြေမည်ဟုသိရသည်။
မတ်၂၂ရက်ညရနာရီတွင် ရွှေထွဋ်တင်ဝန်း၊အရှေ့မြင်းပြိုင်ကွင်းလမ်း၊တာမွေမြို့နယ်တွင် ကျင်းပမည့်
အဆိုပါဂီတဖျော်ဖြေပွဲလက်မှတ်များကို Free Standing-6000ks,Seat-15000ks ဖြင့်ရံပုံငွေအဖြစ်ဝယ်ယူအားပေးနိင်ကြောင်းသိရသည်။ လက်မှတ်များကိုစီတီးမတ်ဆိုင်ခွဲများ၊kok ko&nyi nyi beauty saloon (ဒဂုံစင်တာ၊တော်ဝင်စင်တာ)မန်းသီရိတေးသံသွင်း၊The sun musice production၊IT teashopနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)တွင်ဝယ်ယူနိင်ကြောင်းသိရသည်။

Popular Myanmar News Journal
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရန်ကုန်တိုင်းဒေသကြီး ရံပုံငွေဂီတဖျော်ဖြေပွဲကိုအိုင်စီအဖွဲ့မှဖျော်ဖြေမည်ဟုသိရသည်။
မတ်၂၂ရက်ညရနာရီတွင် ရွှေထွဋ်တင်ဝန်း၊အရှေ့မြင်းပြိုင်ကွင်းလမ်း၊တာမွေမြို့နယ်တွင် ကျင်းပမည့်
အဆိုပါဂီတဖျော်ဖြေပွဲလက်မှတ်များကို Free Standing-6000ks,Seat-15000ks ဖြင့်ရံပုံငွေအဖြစ်ဝယ်ယူအားပေးနိင်ကြောင်းသိရသည်။ လက်မှတ်များကိုစီတီးမတ်ဆိုင်ခွဲများ၊kok ko&nyi nyi beauty saloon (ဒဂုံစင်တာ၊တော်ဝင်စင်တာ)မန်းသီရိတေးသံသွင်း၊The sun musice production၊IT teashopနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)တွင်ဝယ်ယူနိင်ကြောင်းသိရသည်။

Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ လူထုဆန္ဒခံယူပွဲ တက်ရောက်မည်

Photo: ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ လူထုဆန္ဒခံယူပွဲ တက်ရောက်မည်
Tuesday, March 18, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေ၊ တနင်္ဂနွေဖြစ်တဲ့ မတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့ ၂၂ ရက်နေ့ စနေနေ့ မနက်ပိုင်း နေပြည်တော်ကနေ ထွက်ခွာမယ်၊ ညနေပိုင်းမှာ မိုးကုတ်မြို့က ဘောလုံးကွင်းမှာ လူထုဟောပြောပွဲလုပ်ပါမယ်၊ မိုးကုတ်မှာညအိပ်ပြီး နောက်တစ်နေ့မနက်ပိုင်းမှာ ကျပ်ပြင်မှာ ဟောပြောပွဲတခါလုပ်ပါမယ်၊ အခြေခံဥပဒေပြင်ဆင်ရေး ခေါင်းစဉ်အောက်မှာပါ၊ ပြီးတာနဲ့ ပြင်ဦးလွင်က တော်ဝင်နှင်းဆီခြံမှာ ပြီးခဲ့တဲ့ ဧရာဝတီစာပေပွဲတော်တုန်းက အကြောင်းကြောင်းကြောင့် မတွေ့ဆုံလိုက်ရတဲ့ မန္တလေးကစာပေအသိုင်းအဝိုင်းနဲ့ တွေ့ဆုံတဲ့ပွဲပါ၊ ပြီးတာနဲ့ နေပြည်တော်ပြန်မှာပါ"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ်မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ အခြားပါတီ အလုပ်အမှုဆောင်တွေလည်း လိုက်ပါသွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ပူးပေါင်းပြင်ဆင်သွားဖို့ ပူးတွဲကြေညာချက်လည်း ထုတ်ပြန်ထားပါတယ်။

RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေ၊ တနင်္ဂနွေဖြစ်တဲ့ မတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက RFA ကို အခုလို ပြောပါတယ်။
"ကျနော်တို့ ၂၂ ရက်နေ့ စနေနေ့ မနက်ပိုင်း နေပြည်တော်ကနေ ထွက်ခွာမယ်၊ ညနေပိုင်းမှာ

Tuesday, March 18, 2014

ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မည်

Photo: ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မည်

Monday, March 17, 2014

မကြာမီပြုလုပ်မည့် ဘားအံငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ကြားရန် နှစ်ဖက်ခေါင်း ဆောင်များအကြား သဘောတူညီမှု ရရှိ ထားပြီဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ဦးလှ မောင်ရွှေက ရန်ကုန်တိုင်းမ်သို့ ပြောသည်။

အဆိုပါဆွေးနွေးပွဲကို ဒေါ်အောင် ဆန်းစုကြည်အပြင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးနှင့် အခြား ဧည့်သည်တော်များကိုလည်း ဖိတ် ကြားသွားမည်ဟု သဘောတူထားသည်။

''ချင်းမိုင်မှာလုပ်တဲ့ ညှိနှိုင်းပွဲတွေ မှာတော့ လာမယ့်ဘားအံပွဲကို ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦး အပါအ ဝင် ဖိတ်ဖို့လူတွေကို အဆိုပြုတာ တွေ့ ရတယ်။ ဝန်ကြီးဦးအောင်မင်းက ဒါတွေ ကို ချက်ချင်းပဲ သဘောတူပါတယ်လို့ ပြောပြီးဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက တော့ ဖိတ်ကြားမှုအပေါ် မပြေလည်တာ မရှိဘူးထင်ပါတယ်''ဟု ဦးလှမောင်ရွှေ က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက် ရောက်မည့်အခြေအနေနှင့် ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ''ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက အမြဲပြောင်းနေတာ။ ဒီပွဲကို တက်မယ် မတက်ဘူးဆိုတာက ပြောဖို့စောပါသေးတယ်။ ဖိတ်စာရောက် တဲ့အခါ ပြောပါမယ်''ဟု အဖွဲ့ချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးÓဏ်ဝင်းကပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရဘက်မှ ပါဝင်ဆွေးနွေးသူများတွင် အမျိုးသမီးများ ပါဝင်ခြင်း မရှိခြင်းနှင့် ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး ဗဟို ဌာနမှ ဦးတင်အောင်မိုးက ''လက်ရှိငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီး တွေ မပါဘူးဆိုတာက ဆွေးနွေးမယ့်အ ကြောင်းအရာတွေကို လက်ရှိ ထဲထဲဝင် ဝင် သိနေတာက အမျိုးသားတွေ ဖြစ်ပါ တယ်။ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ် လာတဲ့ မကောင်းတဲ့ဆိုးကျိုးတွေကိုတော့ အမျိုးသမီးတွေ ခံစားရတာပေါ့။ တကယ် တိုက်နေခိုက်နေတဲ့ အကြောင်းရင်းတွေ ကို စီမံဆောင်ရွက် ဆုံးဖြတ်ခဲ့တာသည် အမျိုးသားတွေပဲဖြစ်တယ်။ ရန်ဖြစ်ခဲ့ကြ တုန်းကလဲ အမျိုးသမီးတွေ ဝင်ပြီးတိုက် ကြခိုက်ကြတာ မရှိပါဘူး။ အဲဒါကြောင့် ဘယ်လိုငြိမ်းချမ်းအောင်နေကြမလဲ ဆို တဲ့အဆင့်မှာတော့ အမျိုးသားတွေပဲ များ နေတာဖြစ်တယ်လို့ နားလည်ပါတယ်။ ငြိမ်းချမ်းမှုတည်ဆောက်ပြီး ရှေ့ဆက် ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့ အခါကျ တော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအများကြီးပါလာမှာပါ''ဟု မှတ်ချက်ပေး သည်။

Yangon Media Group
မကြာမီပြုလုပ်မည့် ဘားအံငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ကြားရန် နှစ်ဖက်ခေါင်း ဆောင်များအကြား သဘောတူညီမှု ရရှိ ထားပြီဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ဦးလှ မောင်ရွှေက ရန်ကုန်တိုင်းမ်သို့ ပြောသည်။
အဆိုပါဆွေးနွေးပွဲကို ဒေါ်အောင် ဆန်းစုကြည်အပြင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးနှင့် အခြား ဧည့်သည်တော်များကိုလည်း ဖိတ် ကြားသွားမည်ဟု သဘောတူထားသည်။
''ချင်းမိုင်မှာလုပ်တဲ့ ညှိနှိုင်းပွဲတွေ မှာတော့ လာမယ့်ဘားအံပွဲကို

Monday, March 10, 2014

ဒေါ်စုဖောင်ဒေးရှင်း တည်ထောင်

Photo: ဒေါ်စုဖောင်ဒေးရှင်း တည်ထောင်
Monday, March 10, 2014

မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်းတွေ တိုးတက် ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲစည်းလိုက်တဲ့ စု ဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနားကို တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့သလို ဒီအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Mitchelle Yeoh လည်း တက်ရောက်ခဲ့ပါတယ်။ ဒေသတွင်းမှာ နောက်ကျကျန်နေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်း တိုးတက် ကောင်းမွန်လာအောင် နိုင်ငံတကာ က ဝိုင်းဝန်း ကူညီကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပွဲနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ တချိန်က ဒေသတွင်းမှာ ပညာရေးနဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်တဲ့ နိုင်ငံတခု ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒေသတွင်း နိုင်ငံတွေကို အမီလိုက်နိုင်ဖို့ အများကြီး လုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့ စုဖောင်ဒေးရှင်းဖွင့်ပွဲနဲ့ ပတ်သက်လို့ ဒီဖောင်ဒေးရှင်း ဝက်ဆိုက်ကနေ တဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားခဲ့ပါတယ်။

"တချိန်တုန်းကတော့ ကျမတို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ အဖွံ့ဖြိုး အတိုးတက်ဆုံး နိုင်ငံတခုအဖြစ် အသိအမှတ်ပြု ခံခဲ့ရတာပါ။ ကျမတို့ရဲ့ ကျန်းမာရေး စနစ်ဟာ ဒေသတွင်းမှာ အလွန်တရာ ကောင်းလွန်းတာမျိုး မဟုတ်ရင်တောင် အကောင်းဆုံးနိုင်ငံတွေထဲက တခုဖြစ်ခဲ့ပါတယ်။ ပညာရေးစနစ်မှာလည်း အလားတူပါပဲ။ ခုချိန်မှာတော့ ကျမတို့ နိုင်ငံဟာ အိမ်နီးနားချင်း နိုင်ငံတွေ အားလုံးရဲ့ နောက်မှာ ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ပညာရေး အဆင့်အတန်းတွေ ပြန်လည် တိုးတက်ကောင်းမွန်လာဖို့ အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားချင်ပါတယ်။ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေမှာ စေတနာသဒ္ဒါတရား ထက်သန်စွာနဲ့ ဝိုင်းဝန်းကူညီကြပါ။ လှူဒါန်းကြပါလို့ တိုက်တွန်းချင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဖွဲ့စည်းတဲ့ စုဖောင်ဒေးရှင်းကို ကမ္ဘာပေါ်က အမျိုးသမီးခေါင်းဆောင်တွေက အားပေး ကူညီခဲ့ကြသလို ဒီအဖွဲ့ရဲ့ ဦးဆောင် နာယကတွေထဲမှာ အမေရိကန် သမ္မတကတော်ဟောင်း လော်ရာဘုရှ် နဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် တို့လည်း ပါဝင်ပါတယ်။ မနေ့က ကျင်းပတဲ့ စု ဖောင်ဒေးရှင်း ဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝ တစေ့တစောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားထဲက အဓိက သရုပ်ဆောင် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုးလည်း တက်ရောက်ခဲ့တာပါ။ သူ့အနေနဲ့ စု ဖောင်ဒေးရှင်းမှာ ဘုတ်အဖွဲ့ဝင်တယောက်အဖြစ်နဲ့ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူတဲ့အကြောင်း မစ်ရှဲလ် ရိုးက ပြောသွားပါတယ်။

"စုဖောင်ဒေးရှင်းရဲ့ ဘုတ်အဖွဲ့ဝင် တယောက်အနေနဲ့ ကျမ သိပ်ကို ဂုဏ်ယူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမဘဝရဲ့ ကဏ္ဍသစ်တခုကို စတင်နေချိန်၊ မြန်မာပြည်သူပြည်သားတွေရဲ့ လူနေမှုဘဝတွေ တိုးတက်ကောင်းမွန်ဖို့  ကြိုးပမ်းနေချိန်မှာ ကျမ အနေနဲ့လည်း ခုလို စုဖောင်ဒေးရှင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် သိပ်ကို ဂုဏ်ယူပါတယ်။ စုဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပေမယ့် အခြေခံအကျဆုံးဖြစ်တဲ့ ပညာရေး နဲ့ ကျန်းမာရေး ကိစ္စတွေမှာ ကူညီဆောင်ရွက်ဖို့ ဖြစ်ပါတယ်။" 

မင်းသမီး မစ်ရှဲလ် ရိုးဟာ ၂ဝ၁၁ ခုနှစ်က ဒါရိုက်တာ လု(က်) ဘက်ဆန် (Luc Besson) ရိုက်ကူးတဲ့ The Lady ရုပ်ရှင်ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် ၂ဝ၁၁ ခုနှစ်တုန်းက မြန်မာနိုင်ငံကနေ အာဏာပိုင်တွေရဲ့ နှင်ထုတ်ခံရမှုနဲ့ ကြုံခဲ့ရတဲ့သူ ဖြစ်ပါတယ်။

မနေ့က စုဖောင်ဒေးရှင်း ဖွင့်ပွဲ  အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အများ ချီးကျူး ပြောဆိုနေသလောက် သိသိသာသာကြီး တိုးတက်ပြောင်းလဲမှု မရှိသေးဘူးလို့ ဝေဖန်ပြောဆိုသွားပေမဲ့၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုင်းမှာတော့ တိုးတက်မှုတွေ ရှိလာတဲ့အကြောင်း အသိအမှတ်ပြု ပြောသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာ အဖွဲ့အစည်းတွေ အများအပြား ပေါ်ထွက်လာခဲ့သလို အရင်က လွတ်လပ်စွာ ရေးသားခွင့်မရှိတဲ့ နိုင်ငံရေး လူမှုရေးဆိုင်ရာ ကိစ္စတွေကို အတော်အသင့် ပွင့်ပွင့်လင်းလင်း ဝေဖန် ရေးသား ထုတ်ဖော်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို သတင်းမီဒီယာပိုင်းမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာတာကတော့ ငြင်းစရာ မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တာပါ။

"ဒီနိုင်ငံထဲမှာ အံမခမ်း အပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်ဆိုပြီး လူတွေ အတော်များများက ပြောကြပါတယ်။ ကျမကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ပြောင်းလဲမှုတွေဟာ သူတို့ပြောနေသလောက် မကြီးကျယ်သေးသလို၊ သိပ် အံသြစရာလည်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျမတို့ အားလုံး မငြင်းနိုင်တဲ့ ပြောင်းလဲမှုတခုတော့ ရှိပါတယ်။ အဲဒါကတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပိုပြီး ရှိလာတဲ့ကိစ္စ ဖြစ်ပါတယ်။"
- လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

လွတ်လပ်တဲ့ သတင်း မီဒီယာတွေမရှိဘဲ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်တရပ် ထူထောင်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့အကြောင်းနဲ့၊ အာဏာရ ပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့် ဖော်ထုတ်နိုင်တဲ့ လွတ်လပ်စွာ သတင်း ရေးသား ဖော်ပြခွင့်တွေ မရှိဘူးဆိုရင် အများပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောသွားခဲ့တာပါ။ သတင်းသမားတွေ အနေနဲ့လည်း သတင်းတွေကို မှန်မှန်ကန်ကန် ဖော်ပြရမှာဖြစ်ပြီး ပြည်သူအများ အကျိုးရှိမယ့် သတင်းမျိုးတွေကို ဖော်ပြဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

မလေးရှားမင်းသမီး Michelle Yeoh (ဝဲ) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား စုဖောင်ဒေးရှင်းတည်ထောင်ခြင်းနဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာ အကြိုဖွင့်ပွဲမှာ အတူတွေ့ရစဉ်။ (မတ်လ ၉၊ ၂၀၁၄)

VOA
မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်းတွေ တိုးတက် ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲစည်းလိုက်တဲ့ စု ဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနားကို တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့သလို ဒီအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Mitchelle Yeoh လည်း တက်ရောက်ခဲ့ပါတယ်။ ဒေသတွင်းမှာ နောက်ကျကျန်နေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်း တိုးတက် ကောင်းမွန်လာအောင် နိုင်ငံတကာ က

Sunday, March 9, 2014

နိုင်ငံတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Photo: နိုင်ငံတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား
Sunday, March 9, 2014

နောင်လာမည့် မျိုးဆက်များအတွက် ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အကျင့်ကို အမွေအဖြစ်ကျန်ခဲ့ရန် အရေးကြီးပြီး နိုင်ငံတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု မတ် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး၌ပြုလုပ်သော ကော့မှူးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကော့မှူးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကော့မှူးမြို့နယ်ဒေသခံများ တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်း၌ စာသင်ကျောင်းဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ကော့မှူးမြို့နယ်အပါအ၀င် မြန်မာတစ်နိုင်ငံလုံး၌ အလုပ်လက်မဲ့များ ပေါများသောကြောင့် အလုပ်အကိုင်ရရှိရေးနှင့် အလုပ်အရည်အသွေးမြှင့်တင်ရေးများ ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးကြောင်း၊ ထိုသို့ ပြည်သူများ၏ ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စသည် အလေ့အကျင့်ကောင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျန်ခဲ့တဲ့လမ်းထက် ကျန်ခဲ့တဲ့တံတားထက် အရေးကြီးတာက ပူးပေါင်းလုပ်ဆောင်မှုအလေ့အကျင့် ကျန်ခဲ့ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကျွန်မတို့နိုင်ငံအတွက် အခုနှစ်အတွက်တင် မဟုတ်ဘူး နောက်နှစ်အတွက် တင်မဟုတ်ဘူး။ မျိုးဆက်သစ်တွေအတွက်ပါ အင်မတန်မှကောင်းတဲ့ အမွေဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်တာ၊ အပေးအယူလုပ်တာ အပေးအယူလုပ်ပြီးတော့ ဘယ်တော့မဆို တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းမတူတာတော့ ရှိမှာပေါ့။ မတူတဲ့အမြင်ကို အေးအေးဆေးဆေးနဲ့ ပညာရှိရှိနဲ့ မှန်မှန်ကန်ကန် ညှိနှိုင်းနိုင်တဲ့ အလေ့အကျင့်ဟာ အဲဒီဟာက အရေးကြီးဆုံးပါပဲ။ ကျန်တဲ့တံတားတွေ၊ လမ်းတွေထက် ကျွန်မတို့ရဲ့နောင်လာမယ့် မျိုးဆက်တွေအတွက် ထားပစ်ခဲ့ရမှာက အဲဒီဟာပါပဲ။ ညှိနှိုင်းပြီးတော့ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်နိုင်ငံ တိုးတက်အောင်လို့ ညှိနှိုင်းပြီး ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစားပြီးတော့ ဒီကိစ္စဟာ ကျွန်မတို့အတွက် ဖွံ့ဖြိုးရေးတွေပဲဖြစ်ဖြစ် အဓိကအခြေခံကတော့ ကျွန်မတို့အချင်းချင်း ပူးပေါင်းပြီး ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ မည်သည့်နေရာသို့သွားသွား ပြည်သူများအဓိက တင်ပြချက်များသည် သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ကောင်းမွန်ရေးစသည့် အခြေခံလိုအပ်ချက်များပင် ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်အတွင်း သောက်သုံးရေရရှိရေး ဆောင်ရွက်နေပြီဖြစ်သောကြောင့် လာမည့်နှစ် ဖွံ့ဖြိုးရေးရန်ပုံငွေများကို ကော့မှူးမြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးရရှိစေရန် စီမံကိန်းတစ်ခုချပြီး လုပ်ကြည့်ချင်သည်ဟု ပြောကြားသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများအပါအ၀င် မည်သည့်ကိစ္စကိုမဆို ရေတိုမစဉ်းစားဘဲ ရေရှည်အမြင်နှင့် စဉ်းစားဆောင်ရွက်သင့်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအပြီးတွင် ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသည့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း ဖွင့်လှစ်မည့်နေရာ၊ ထိုမှတစ်ဆင့် ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာရှိ ဓာတုဆေးဝါးများ ကင်းလွတ်သော စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးထားသည့် သြဂဲနစ်သီးနှံစိုက်ခင်းသို့ သွားရောက် လေ့လာခဲ့သည်။

ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာသူ၊ ကျေးရွာသားများမှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေသည်ကို မတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

Eleven Media Group
နောင်လာမည့် မျိုးဆက်များအတွက် ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အကျင့်ကို အမွေအဖြစ်ကျန်ခဲ့ရန် အရေးကြီးပြီး နိုင်ငံတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု မတ် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး၌ပြုလုပ်သော ကော့မှူးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကော့မှူးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကော့မှူးမြို့နယ်ဒေသခံများ တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်း၌

စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် မီရှဲလ်ယိုတို့ ဖွင့်လှစ်မည်

Photo: စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် မီရှဲလ်ယိုတို့ ဖွင့်လှစ်မည်

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်မည့် စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် The Lady ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သော ကမ္ဘာကျော်မင်းသမီး မီရှဲလ်ယိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစုဖောင်ဒေးရှင်းဖွင့်ပွဲကို တက္ကသိုလ်ရိပ်သာလမ်းသစ် ဆရာစံပလာဇာရှိ Cooperate Business စင်တာ၌  မတ်လ ၉ ရက် နေ့လယ် ၁၂ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်က ပြောသည်။
         
‘‘ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ ကိစ္စတွေကိုတော့ အဲဒီနေ့ကျမှပဲ အမေစု  ကိုယ်တိုင် အသေးစိတ် ပြောလိမ့်မယ်’’ဟု ဦးဖြိုးဇေယျာသော်ကဆိုသည်။
         
စုဖောင်ဒေးရှင်းအနေဖြင့် ကျန်းမာရေးနှင့်ပညာရေးထောက်ပံ့သည့်လုပ်ငန်း များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

7DAY DAILY
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်မည့် စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် The Lady ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သော ကမ္ဘာကျော်မင်းသမီး မီရှဲလ်ယိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါစုဖောင်ဒေးရှင်းဖွင့်ပွဲကို တက္ကသိုလ်ရိပ်သာလမ်းသစ် ဆရာစံပလာဇာရှိ Cooperate Business စင်တာ၌ မတ်လ ၉ ရက် နေ့လယ် ၁၂ နာရီတွင်

Friday, March 7, 2014

ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်ဖို့ မသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်ဖို့ မသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ ပါတီမှာ သူကလွဲပြီး ကျန်တဲ့သူတွေ အရည်အချင်းမရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့တာဟာ မပြောအပ် တဲ့စကားဖြစ်ပြီး ပါတီတစ်ခုနဲ့တစ်ခု အခုလိုတိုက်ခိုက်ဖို့ မသင့်ပါဘူးလို့ မနေ့က ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် သမ္မတဦးသိန်းစိန်က လွှတ်တော်ကို စာပို့ခဲ့ပြီး လွှတ်တော်ကတခါ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တာဝန်ပေးခဲ့ တာနဲ့ ပတ်သက်လို့တော့ လွှတ်တော်အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါ တယ်။

"တခါမှ သမ္မတကြီးကတော့ ဒီလိုဥပဒေတွေ ပြဌာန်းပါလို့ မပြောဖူးပါဘူး၊ တကယ်တော့ အစိုးရဌာနတွေက သူပြဌာန်းချင်တဲ့ ဥပဒေတွေကို ပြဌာန်းပြီး တော့ မူကြမ်းအနေနဲ့ တင်တာပဲ၊ အဲတော့ ဒါလုပ်ထုံးလုပ်နည်းအရ နာယက ကြီးက လုပ်တယ်လို့ပဲ ဒီလိုပဲ ကျမကမြင်ပါတယ်"

ဒါ့အပြင် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာသားတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေရတာနဲ့ ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားပါတယ်။

"တကယ်ဆိုလို့ရှိရင်တော့ နေဖို့ထိုင်ဖို့မဲ့နေတဲ့ ပြည်သူတွေအတွက် နေရာ ထိုင်ခင်းလုပ်ပေးဖို့ကတော့ အစိုးရရဲ့တာဝန်ဖြစ်ပါတယ်၊ တခြားနိုင်ငံတွေမှာ လည်း ဒီလို မြေမဲ့အိမ်မဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် စီမံကိန်းတွေလုပ်ပြီး တော့ နေရာချပေးတာတွေရှိတယ်"

ဖွဲ့စည်းပုံပြင်ဆင်ရေးကို တခြားကိစ္စတွေနဲ့ အာရုံလွှဲဖို့ လုပ်ဆောင်နေမှုတွေ ရှိနိုင်ပါသလားလို့ မေးမြန်းရာမှာ အရေးကြီးတဲ့ပြသနာတစ်ခုကို အဲဒီလို ရှောင်လွှဲဖို့ ရေရှည်မှာမဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ ပါတယ်။

RFA Burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ ပါတီမှာ သူကလွဲပြီး ကျန်တဲ့သူတွေ အရည်အချင်းမရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့တာဟာ မပြောအပ် တဲ့စကားဖြစ်ပြီး ပါတီတစ်ခုနဲ့တစ်ခု အခုလိုတိုက်ခိုက်ဖို့ မသင့်ပါဘူးလို့ မနေ့က ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် သမ္မတဦးသိန်းစိန်က လွှတ်တော်ကို စာပို့ခဲ့ပြီး လွှတ်တော်ကတခါ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တာဝန်ပေးခဲ့ တာနဲ့ ပတ်သက်လို့တော့ လွှတ်တော်အနေနဲ့

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..