လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 1, 2014

ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာ

Photo: ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာ
Tuesday, April 1, 2014

Eiffel Tower လို့ခေါ်တဲ့ ပဲရစ် မျော်စင်ကြီးကို ၁၈၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ တည်ဆောက် ခဲ့တာကြောင့် ယနေ့မှာဆိုရင် သက်တမ်း အားဖြင့် ၁၂၅ နှစ် ရှိပါပြီ။ 

သူ့ကို တည်ဆောက်ဖို့ အတွက် လုပ်သားပေါင်း ၃၀၀ ဦး ပါဝင်ပြီး သံချောင်း ပေါင်း ၁၈၀၃၈ ချောင်း ပါဝင် ထည့်သွင်း အသုံးပြု ထားပါတယ်။ သံမှိုနှက် အလုံး ၂.၅ သန်း အသုံပြုခဲ့ပြီး တာဝါ အလေးချိန်က တန် တစ်သောင်း၊ အမြင့်အားဖြင့် ၉၈၄.၂၅ ပေ ရှိပါတယ်။ သူ့ခေတ် သူ့ခါမှာ modern science ရဲ့ အမှတ်အသား လက္ခဏာ တစ်ခု ဖြစ်ခဲ့ ပါတယ်။ သူ့ကို တည်ဆောက်စဉ်တုန်း ကတော့ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံ တစ်ခု အဖြစ် စံချိန်တင် ပါတယ်။ ၁၉၃၀ ခုနှစ်က အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာ ၁၀၄၆ ပေ မြင့်တဲ့ Chrysler အဆောက်အအုံ ပေါ်ထွန်း မထာခင် အထိ ဖြစ်ပါတယ်။ 

၇ နှစ်တစ်ခါ သူ့ကို တန် ၅၀ မှ ၆၀ အထိ ပမာဏ များတဲ့ သုတ်ဆေးကို အသုံးပြုလို့ သံချေး မတက်အောင် သုတ်ပေး ရ ပါတယ်။ ယနေ့အချိန်အထိ ငွေကြေအကုန်ကျခံလို့ ကမ္ဘာ့ လူအလည်ပတ် အများဆုံး မှတ်တိုင်နေရာ တစ်ခုအဖြစ် စံချိန်တင်ထားပြီး ၇၅ ရာခိုင်နှုန်းသော လည်ပတ် သူတို့က အခြား နိုင်ငံများမှ ဖြစ်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..