လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 1, 2014

တရုတ် နိုင်ငံတွင် လက်ပြတ် တစ်ချောင်းကို ခြေချင်းဝတ်တွင် ကိုင်းဆက်နည်းဖြင့် ပုံမှန်အတိုင်း တပ်ဆင်၍ ကုသပေးနိုင်ခဲ့

Photo: တရုတ် နိုင်ငံတွင် လက်ပြတ် တစ်ချောင်းကို ခြေချင်းဝတ်တွင် ကိုင်းဆက်နည်းဖြင့် ပုံမှန်အတိုင်း တပ်ဆင်၍ ကုသပေးနိုင်ခဲ့

တရုတ် နိုင်ငံမှ ဆရာဝန်များသည် အမျိုးသား တစ်ဦး၏ ထိခိုက် ပျက်စီးသွားသော လက်ပြတ် တစ်ချောင်းကို ကိုင်းဆက်နည်းဖြင့် ပုံမှန်အတိုင်း ဖြစ်အောင် ကုသ၍ တစ်လခန့် အကြာတွင် ၎င်းလက်ကို လူနာ၏ လက်ဖျံ၌ အောင်မြင်စွာ ပြန်လည်တပ်ဆင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျောင်ဝေ အမည်ရှိ အဆိုပါ လူနာသည် လုပ်ငန်းခွင် မတော်တဆမှု တစ်ခု၌ ၎င်း၏ညာဘက် လက်ကို ဆုံးရှုံးခဲ့ရပြီး လက်၏ ပြင်းထန်သော ဒဏ်ရာကြောင့် ဆရာဝန် များက ၎င်းလက်ကို လက်ဖျံတွင် ချက်ချင်းမတပ် ပေးခဲ့ဘဲ လူနာ၏ ခြေချင်းဝတ်တွင် ကိုင်းဆက်တွဲ ချုပ်ခြင်းအားဖြင့် လက်၏ သွေးလည်ပတ် မှုကို ပုံမှန်အတိုင်း ပြန်ဖြစ်စေ ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

တစ်လခန့် အကြာတွင် ဆရာဝန် များသည် ခြေချင်းဝတ်၌ ကိုင်းဆက်တွဲ ချုပ်ထားသည့် လက်ကိုဖြုတ်၍ ကျောင်ဝေ၏ ညာဘက် လက်ဖျံတွင် ပြန်လည်တပ်ဆင် ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကျောင်ဝေ၏ ညာလက်ကို ဆရာဝန်များက အောင်မြင်စွာဖြင့် ပြန်လည်တပ်ဆင် ပေးလိုက်ပြီ ဖြစ်သော်လည်း ၎င်းအနေဖြင့် အခြားခွဲစိတ် ကုသမှု များကို ထပ်မံ ပြုလုပ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ သို့ရာတွင် ကျောင်ဝေ၏ ညာလက်သည် အကောင်း ပကတိ အတိုင်း ပြန်လည်လုပ်ဆောင် နိုင်လိမ့်မည်ဟု မိမိတို့ အနေဖြင့် ယုံကြည်ကြောင်း ခွဲစိတ် ကုသရာတွင် ပါဝင်ခဲ့သည့် ဆရာဝန် တစ်ဦးက ပြောကြားသည်။

မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..