လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 1, 2014

ပြည်မြို့က ကုလားမီးနင်းပွဲ

Photo

ပြည်မြို့ ရုံးလမ်းနဲ့ တက္ကသိုလ်လမ်းထောင့်ရှိ တမီး ကာလီမမယ်တော်ဘုရားပွဲတော်ဓာတ်ပုံတွေဖြစ်ပါတယ်။
ပြည်မြို့တွင်း မြို့သူမြို့သားတွေကို စောင့်ရှောက်ပေးဖို့ မြို့အနှံ့လှည့်လည် အပူဇော်ခံခဲ့ပါတယ်။
ဘုရားကျောင်းအနီး ဓလေ့ထုံးစံအတိုင်း မီးနင်းပွဲတော်ကျင်းပခဲ့ပါတယ်။
ပြည်မြို့မှာတော့ တမေးလူမျိုးများရဲ့ အိန္ဒူဘုရားကျောင်း (၅)ကျောင်းရှိပြီး ကာလီမမယ်တော်ဘုရားပွဲတော်ကို နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိပါတယ်။
ဟိန္ဒူဘုရားပွဲတော်တွေထဲက အစည်ကားဆုံးပွဲတပွဲလို့သိရပြီး ဆယ်ရက်ကြာမြင့်တဲ့ဒီပွဲတော်က ပြီးခဲ့တဲ့ ကြာသပတေးမှာ အဆုံးသတ်ခဲ့တာပါ။

ပွဲတော်ကာလအတွင်း မြို့ခံ ဟိန္ဒူဘာသာဝင်တွေဟာ ညအိပ်ညနေခရီးထွက်လို့ မရဘူး၊

တခြားမြို့ကိုပြောင်းရွေ့သွားသူတွေဟာလည်း ဒီဘုရားပွဲကျင်းပတဲ့ရက်ဆို ပြည်မြို့ကို ပြန်လာပြီး ပါဝင်ဆင်နွှဲကြတယ်လို့ သိရပါတယ်။
ပြည်မြို့မှာတော့ တမီးလ်လူမျိုး အိမ်ခြေ (၈၀) ခန့်ရှိတယ်လို့သိရပါတယ်။
ဘုရားပွဲအတွက် ကုန်ကျစရိတ်ဟာ သိန်းသုံးဆယ်ခန့်ရှိတယ်လို့ဆိုပါတယ်။

ဟိန္ဒူဘာသာဝင်တွေရဲ့ ဂြိုလ်ကိုးလုံး
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဒဟူး၊
ကြာသပတေး၊ သောကြာ၊ စနေ၊
တနင်္ဂနွေ၊ ရာဟု၊ ကိပ်
ဟိန္ဒူဘာသာဝင်တွေရဲ့ အယူအဆ အရ ဂြိုလ်ကိုးလုံးကို ကိုယ်စားပြုတဲ့ ပဲ(၉)မျိုးကို ဘုရာကျောင်းဝင်းအတွင်းက အခန်းထဲမှာ မယ်တော်ထံ ဆုတောင်းပြီး စိုက်ပျိုးကြတာပါ။

စိုက်ပျိုးထားတဲ့ ပဲတွေရဲ့ အခြေအနေကိုကြည့်ပြီးတော့ တိုင်းပြည်ရဲ့ ပြည်သူလူထုရဲ့ ကံကြမ္မာကိုတွက်ချက်ကြတယ်လို့ ဆိုပါတယ်။
ယခုနှစ် ပဲ(၉)မျိုးစလုံး ထူးထူးခြားခြား အပင်အောင်မြင်တဲ့အတွက် ကံကောင်းခြင်းများစွာခံစားရမှာဖြစ်ကြောင်း ဘုရားဝေယျာဝစ္စလုပ်ပိုင်ပေးသူ ကိုမျိုးမြင့်ကပြောပါတယ်။

မနှစ်က ပြည်မှာ ဘုရားပွဲမကျင်းဖြစ်ခဲ့တာကတော့ အဓိကရုဏ်းတွေ နိုင်ငံအနှံ့ ဖြစ်ခဲ့တာကြောင့်လို့ သိရပါတယ်။

ဧရာဝတီblog
 
Photo

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..