လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 1, 2014

မြို့သုံးမြို့တွင် နှစ်ပေါင်း ၅၀ အတွင်း စံချိန်တင် အမြင့်ဆုံး အပူချိန်ရောက်

Photo: မြို့သုံးမြို့တွင် နှစ်ပေါင်း ၅၀ အတွင်း စံချိန်တင် အမြင့်ဆုံး အပူချိန်ရောက်
Tuesday, April 1, 2014

ရာသီဥတု ပြောင်းလဲမှုများ နှစ်စဉ် ကြုံတွေ့ရလျက် ရှိရာ ယခုနှစ် နွေရာသီ ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တို့၌ နှစ်ပေါင်း ၅၀ အတွင်း နေ့အပူချိန် အမြင့်ဆုံး စံချိန်သစ်သည် မတ်လ ၃၁ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ နေ့အပူချိန် စံချိန်သစ်မှာ ညောင်ဦးမြို့တွင် ၄၂ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်၊ ကလေးဝမြို့တွင် ၄၂ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်နှင့် ကျောက်တော်မြို့တွင် ၃၉ ဒသမ ၇ ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး စံချိန်ဟောင်းမှာ၂၀၀၄ ခုနှစ်တွင် ညောင်ဦးမြို့၌ ၄၂ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်၊ ၂၀၁၀ ပြည့်နှစ်တွင် ကလေးဝမြို့၌ ၄၁ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်နှင့် ၁၉၉၅ ခုနှစ်တွင် ကျောက်တော်မြို့၌ ၃၉ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်တို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
“ဒီပြင့် မြို့တွေမှာလည်း နေ့အပူချိန်က ဒီအတိုင်းအတာထက် ပိုပူနေပေမယ့် ဒီမြို့တွေကတော့ ပုံမှန် မဟုတ်တာကြောင့် အမြင့်ဆုံး စံချိန်သစ် တင်သွားတာ” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ရှင်းပြ ပြောဆိုသည်။

မြန်မာနှစ်ကူး အတာသင်္ကြန်ကာလ ဧပြီလ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ ဆက်လက် မြင့်တက်ဖွယ် ရှိသော်လည်း ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အညွန်းကိန်းမှာမူ လျော့နည်းနိုင်ဖွယ် ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
“အညွှန်းကိန်းတွေ လျော့နိုင်တယ် ဆိုပေမယ့် သတိထားဖို့တော့ လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..