လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 30, 2014

*MH370 လေယာဉ်ပေါ်ပါသွားတဲ့ Philiop Wood ရဲ့ Hijack လုပ်ခံရကြောင်း အမှောင်ခန်း ထဲရောက်နေကြောင်း Forum တစ်ခုပေါ် အကူအညီတောင်းခံ လိုက်ခြင်း...

Photo: *MH370 လေယာဉ်ပေါ်ပါသွားတဲ့ Philiop Wood ရဲ့ Hijack လုပ်ခံရကြောင်း အမှောင်ခန်း ထဲရောက်နေကြောင်း Forum တစ်ခုပေါ် အကူအညီတောင်းခံ လိုက်ခြင်း...
Sunday, March 30, 2014

“ ကျွန်တော်တို့လေယာဉ်ပြန်ပေးဆွဲခံရအပြီးမှာ အမည်မသိတဲ့ စစ်ဖက်ဖက် ဆိုင်ရာ လူတွေရဲ့ ဖမ်းဆီးထိမ်း သိမ်းခြင်းကိုခံခဲ့ရတယ် ။ ကျွန်တော်က IBM အတွက်အလုပ်လုပ်နေသူ တစ်ဦးပါ ။ လေယာဉ်ပြန်ပေးဆွဲ တုန်းက ကျွန်တော့် ဆဲလ်ဖုန်းကို ကျွန်တော်ပေါင်ကြားထဲ ၀ှက်ထားခဲ့ တယ် ။ ကျွန်တော်အခု တခြားခရီး သည်တွေ နဲ့တစ်နေရာစီမှာပါ ကျွန်တော့်မှာ အခု ဆဲလ်ဖုန်းရှိတယ် ကျွန်တော့်နာမည် Philiop Wood ပါ ကျွန်တော်ထင်တာကတော့ ကျွန်တော် ဆေးအရှိန်တွေရယ် ကြောင့် ဘာကိုမှ သဲသဲကွဲကွဲမတွေးနိုင်သေးဘူး ”

မှတ်ချက်ပေးသူအချို့ထဲမှာတစ်ယောက်ကတော့ ဒါဟာ British Indian Ocean Territory ရဲ့လက်ချက် လို့ဆိုတယ် ။ တည်နေရာကတော့ Diego Garcia Airport မှာ ပါတဲ့ ။

အဲဒီလူက ဖိုရမ်တစ်ခုမှာ အင်တာနက် ရခိုက် လှမ်းအကူ အညီတောင်းတင် ခဲ့တဲ့ပုံပါ ။

သူတင်ခဲ့တဲ့ဖိုရမ်လင့်ကတော့ http://archive.4plebs.org/pol/thread/27834494/#27834944 ဖြစ်ပါတယ် ။

ရေးခဲ့သူ Philiop Wood ရဲ့ စာမျက်နှာကတော့ http://www.nydailynews.com/news/world/texas-family-missing-malaysia-airlines-passenger-hope-alive-article-1.1723968 ဖြစ်ပါတယ် ။

သူက ပုံတစ်ပုံနဲ့တင်ခဲ့တာပါ ။ ဘာမှမရှိတဲ့အမည်းရောင်သက်သက်ပုံတစ်ပုံပါ ။ ဒီတော့အဲဒီပုံကို ကျွမ်းကျင် သူတွေစစ်ဆေးကြည့်တဲ့အခါ

ကင်မရာ - Apple Iphone 5
မှန်ဘီလူး - iPhone 5 back camera 4.12mmf/2.4 shot at 4.1 mm
Flash - ပိတ်ထားသောအခြေအနေ
နေ့ရက် - မာ့ခ်ျ ၁၈ရက် ၂၀၁၄ 8:49 PM
တည်နေရာ - Latitude/longitude 7 ' 18” 58.3” south , 72 ' 25 ' 35.6” East
File - 320x240 JPEG

“ ဓါတ်ပုံက စိတ်ဝင်စားဖို့ကောင်း ပါတယ် ဘာကြောင့်လည်းဆိုတော့ လုံးဝ အနက်ရောင်ပုံလည်းမဟုတ်ဘူး အဲဒီမှာ noise လေးတွေမြင်ရမယ် အကြီးချဲ့ကြည့်ရင်ပေါ့ သူက အရမ်းမှောင်နေတဲ့အခန်းထဲရောက်နေတဲ့ပုံပါ ။

ဓါတ်ပုံရိုက်ယူတဲ့နေ့ကတော့ မတ်လ ၁၈ ရက်နေ့ ၂၀း၄၉ နာရီမှာဖြစ်ပါတယ် ။

Wood Philip ဆိုတဲ့အသက် ၅၁ နှစ် လူဟာ တကယ်ပဲ USA ကနေလာတဲ့
ခရီးသွားတစ်ယောက်ပါပဲ ။ ဒီသတင်း ကို ဘယ် ဆိုက်မှာမှ အကျယ်တ၀င့် မရေးထားပါဘူး ။ ကျွန်တော့်ဖတ်မိတဲ့လင့်ကတော့

http://infopanaz.blogspot.sg/2014/03/gempar-benarkah-ini-posting-penumpang.html မှာဖြစ်ပါတယ် ။

ဒီသတင်းသာ မှန်နေမယ်ဆိုရင်တော့ လေယာဉ်ဟာ တကယ်ပဲ Diego Garcia Airport မှာ ၀ှက်ထား တာဖြစ်နိုင်ပါတယ် ။ စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေလေယာဉ် တစ်စီးလုံးအစဖျောက် ထားပုံပါပဲ ။ ပြန်ပေးဆွဲပုံစံမျိုး နဲ့လူတွေအားလုံးကို ခွဲခြား ထိမ်းသိမ်းပြီးနောက်မှာ ဆဲလ် ဖုန်း ကံကောင်းစွာ ပါသွားတဲ့ ၀ုဒ်ဖီးလစ်က အင်တာနက်အမြန်ဖွင့်ပြီး သူရှိနေ တဲ့နေရာ ( အလုံပိတ်အမှောင်ခန်း ) ထဲမှာဓါတ်ပုံရိုက်ပြီး ဖိုရမ် တစ်ခုမှာ အကူအညီတောင်းခဲ့တာပါ ။

စိတ်ဝင်စားစရာအရမ်းကောင်းပါတယ် ။ မသမာမှုကိုသာ မလေးအစိုးရ တကယ် လုပ်ခဲ့ရင် သို့မဟုတ် Terroist တွေတကယ်လုပ်ခဲ့ရင် တော့လူ အားလုံး အသက်ရှင်ဖွယ်ရှိသေး တယ်လို့ မျှော်လင့်မိတယ် ။

MN

Credit to Kyaw Swar Myint
(copy via kyawmintun)

နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
photo credit to owner

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..