လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 30, 2014

ကော့သောင်းမြို့ တွင် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုမြင့်မား ၍ ကျန်းမာရေးဌာနမှ နှိုးဆော်ချက်ထုတ်ပြန်ခြင်း

Photo
မြန်မာနိုင်ငံတောင်ဖက်စွန်း ကော့သောင်းမြို့သည် မြန်မာနိုင်ငံအတွင်း အီကွေတာဖြင့် အနီးဆုံးမြို့
မြို့ တစ်မြို့ ဖြစ် သည်နှင့် အညီ ယခု မတ် လ(၂၉)ရက်နေ့ တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်
တက်လျှက်ရှိ သဖြင့် ခရိုင်ကျန်းမာရေးဦးစီးဌာန မှ ခရမ်းလွန်ရောင်ခြည်အန္တရာယ် အသိပေးနှိုးဆော် ချက်များ
အား စားဝတ်နေရေးအတွက် နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှား ရသည့် ပြည်သူများ၊ လာမည့်
သင်္ကြန်ကာလတွင် ရေကစားကြမည့်ပြည်သူများ ၊ ကလေးသူငယ်များ ၊ သက်ကြီးရွယ်အိုများ ၊
ခရမ်းလွန်ရောင်ခြည် အန္တရာယ် မှ ကင်းဝေးစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားသည့်
သတိပေးချက် များ ကို ပြည်သူ များ အကြားကျယ်ကျယ်ပြန့်ပြန့် လိုက်လံအသိပေးနှိုးဆော်လျှက် ရှိ သည်။
ကော့သောင်းမြို့ တွင် ခရမ်းလွန်ရောင်ခြည် မြင့်တက်မှု အနေအထားသည် UV Index (၁၃.၈) အထိ
မြင့်တက် လျှက် ရှိရာ NOAA အဖွဲ့၏ သတ်မှတ်ချက်အရ UV Index > 11 အဆင့် အား လွန်ကဲ အဆင့်
(extreme level) ဟုသတ်မှတ်ထား သည့်ဖြစ်ရာ မြန်မာနိုင်ငံ၏ အခြားမြို့ များထက် ဆိုးရွား စွာ
မြင့်တက်လျှက်ရှိကြောင်းသိရှိရသည်။
Photo

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..