လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, March 28, 2014

၎ နှစ် ဗီဇာပြည့် အလုပ်သမားများ နေထိုင်ခွင့် ၆ လ တိုးမြှင့်မည်

Photo: ၄ နှစ် ဗီဇာပြည့် အလုပ်သမားများ နေထိုင်ခွင့် ၆ လ တိုးမြှင့်မည်
Friday, March 28, 2014 

ထိုင်းနိုင်ငံထဲမှာ ယာယီနိုင်ငံကူးလက်မှတ်  ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်တွေနဲ့ ၀င်ရောက် လုပ်ကိုင်နေပြီး ၄ နှစ် ဗီဇာပြည့်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နောက်ထပ် ရက်ပေါင်း ၁၈၀ နေထိုင်ခွင့် တိုးမြှင့်ပေးဖို့ ထိုင်းဝန်ကြီးများအဖွဲ့ (ယာယီ) က သဘောတူ လိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

၎ နှစ်ဗီဇာပြည့် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ် သမားတွေ ကို နောက်ထပ်နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ပေးဖို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနက အဆိုတင် သွင်းထားတဲ့အပေါ်မှာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ နခွန်းပထုန်ခရိုင် ဆမ်ဖရမ်းမြို့မှာ ကျင်းပသွားတဲ့ နိုင်ငံခြားအလုပ်သမားပြသာနာဖြေရှင်းရေး ၀န်ကြီးများအဖွဲ့ အစည်းအဝေးက သဘောတူလိုက်တာ ဖြစ်ပါတယ်။
ဒီသဘောတူချက်ဟာ လာမယ့်ထိုင်းအစိုးရသစ်လက်ထက်မတိုင်ခင်ထိ ရှင်သန်နေမယ်လို့ လည်း အစည်းအဝေးက ပြောပါတယ်။

ဒါကြောင့် အလုပ်ရှင်တွေအနေနဲ့ ကိုယ့်အလုပ်သမားကို ကိုယ်ခေါ်ပြီး သက်ဆိုင်ရာခရိုင် အလုပ်သမားစီမံခန့်ခွဲရေးရုံးတွေမှာ သွားရောက်တံဆိပ်တုံးထုဖို့နဲ့   အလုပ်သမားရုံးရဲ့ လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ ၀န်ကြီးများအဖွဲ့ ဥက္ကဋ္ဌ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရက ပြောသွားကြောင်း ပရချားထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

လောလောဆယ် အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းကုန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်း လောက်ရှိတယ်လို့ အလုပ်သမားအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

DVB

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..