ဆန်းဒါးလန်း အသင်းကို နောက်မှလိုက် ကစားကာ အနိုင်ရခဲ့ပြီးနောက် ယခုရာသီ၏ ပထမဆုံး ဆုဖလားအဖြစ် Capital Oneချန်ပီယံဘွဲ့ကို မန်ချက်စတာ စီးတီးတို့ ရယူဆွတ်ခူးလိုက်ပြီ ဖြစ်သည်။
မန်စီးတီးတွင် အီဒင်ဂျက်ကို၊ ဒေးဗစ်ဆေးလ်ဗား၊ ဆာဂျီယိုရာမို့စ်၊ ဆမ်မီနာဆရီ၊ ယာယာတိုရေး၊ ဖာနန်ဒင်ဟို၊ အလက်ဇန္ဒား ကိုလာရော့ဗ်၊ မာတင်ဒီမစ်ချယ်လစ်၊ ဗင်းဆင့်ကွမ်ပနီ၊ ပက်ဘလို ဇာဘလက်တာတို့ ပွဲထွက် ကစားသမားများအဖြစ် ပါဝင်လာကြသည်။ ဆန်းဒါးလန်းကမူ ဖေဘီယို ဘော်ရီနီ၊ ဂျက်ကိုးလ်ဘက်၊ ကီဆောင်ယောင်း၊ ဆီဘက်စတီယန်လာဆင်၊ အဒမ်ဂျွန်ဆင်၊ လီကက်တာမိုး၊ မာကို့စ်အလွန်ဆို၊ ဂျွန်အိုရှီးယား၊ ဝက်စ်ဘရောင်း၊ ဖီးလ်ဘာစလေတို့ဖြင့် ခင်းကျင်းပွဲထွက်ခဲ့သည်။
ပွဲချိန်(၉)မိနစ်တွင် အဂူရို မန်စီးတီးအတွက် ဦးဆောင်ဂိုး ရရှိရန် အားထုတ်လာသော်လည်း ဂိုးသမား ဗီတို မန်နိုနီ ကာကွယ်ခဲ့သည်။ (၁၀)မိနစ်တွင်မူ ဆန်းဒါးလန်းတို့ အမှတ်မထင် ဂိုးရရှိသွားသည်။ ဂျွန်ဆင် အမြောက်ကန်တင်ပေးလိုက်သော ဘောလုံးကို ကွမ်ပနီ ရှင်းထုတ်ပုံ မသေသပ်သဖြင့် ဘော်ရီနီ ရယူသွားနိုင်ပြီး ဂိုးသမား ကော်စတယ်လ် ပန်တီလီမွန်နှင့် အနီးကပ်အတွေ့တွင်
ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ (၃၉)မိနစ်တွင် လူကျွံအနေအထားမှ ဘော်ရီနီ လွတ်ထွက်သွားပြီး အပိုင်ကန်ရန် အခွင့်အရေး ရခဲ့သော်လည်း ကွမ်ပနီ လျင်လျင်မြန်မြန်ဖြင့် အကောင်းဆုံး လျှောထိုးဖျက်ထုတ်နိုင်ခဲ့၍သာ မန်စီးတီး နောက်တစ်ဂိုး မပေးခဲ့ရခြင်း ဖြစ်သည်။ ယခုပွဲတွင် မန်စီးတီး နောက်တန်းမှ ကိုလာရော့ဗ်နှင့် ဒီမစ်ချယ်လစ်တို့ နှစ်ဦး၏ ခံစစ်ချဉ်းကပ်ပုံ အမှားများမှတစ်ဆင့် ဆန်းဒါးလန်းတို့ အခွင့်အရေးများ ရရှိနေခဲ့သည်။
(၅၁)မိနစ်တွင် ဆန်းဒါလန်း ကွင်းလယ်လူ ကီက အဝေးမှ အလစ်အငိုက် လှမ်းကန်ရာ ကန်ချက်ကောင်းမွန်သော်လည်း ဂိုးသမား ပန်တီလီမွန် နေရာယူမှန်မှန်ဖြင့် ကာကွယ်သွားခဲ့သည်။ (၅၅)မိနစ်တွင် မန်စီးတီးတို့ ချေပဂိုး ပြန်ရသည်။ တိုရေးက ဇာဘလက်တာထံ ဘောလုံးထုတ်ပေးပြီး ယင်းကို ဇာဘလက်တာက တိုရေးထံပင် ပြန်ချိုးပေးလိုက်ရာ တိုရေးက ဘီးကုပ်ထိပ်နားမှ ပွတ်ကန်ပြီး လှပစွာ ဂိုးသွင်းသွားခြင်း ဖြစ်သည်။ ဘောလုံးသည် ဂိုးဘားတန်းကို ကျော်သွားတော့မယောင် ရှိနေရာမှ ဂိုးသမား မန်နိုနီ၏ ညာဘက်အပေါ်ထောင့်ထဲ စိုက်ကျလာကာ ဂိုးဝင်သွားခဲ့သည်။ (၅၇)မိနစ်တွင် မန်စီးတီးတို့ နောက်တစ်ဂိုး ထပ်သွင်းသည်။ ဧရိယာထဲ အတန်ငယ် ရှုပ်ထွေးသွားချိန်တွင် နာဆရီက ခြေဖမိုးဖြင့် ဝေ့ဝိုက်ကန်ထည့်လိုက်ရာ မန်နိုနီမှာ လှုပ်ရှားချိန်ပင် မရလိုက်ဘဲ ဘောလုံးကို လိုက်ငေးရင်း သွင်းဂိုးကို ခွင့်ပြုလိုက်ရသည်။ ထို့နောက်ပိုင်းတွင်မူ ဆန်းဒါးလန်းက ပိုမိုဖိကစားလာပြီး မန်စီးတီးက ခံစစ်ကို အားပြုကာ တန်ပြန်တိုက်စစ် ချောင်းကစားနေခဲ့သည်။ ပွဲချိန်(၈၉)မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် ဆန်းဒါးလန်း လူစားဝင် တိုက်စစ်မှူး ဆိုင်မွန်ဖလက်ချာ အပိုင်အခွင့်အရေးတစ်ရပ် ရခဲ့သော်လည်း ဘောလုံးနှင့် လွဲချော်သွားသဖြင့် မန်စီးတီး သက်သာရာ ရခဲ့သည်။ ချက်ချင်းလိုလိုပင် မန်စီးတီးက တန်ပြန်တိုက်စစ်ကို အစပြု ကစားလာပြီး တိုရေးက ကွင်းလယ်ဗဟိုကြောအတိုင်း ဘောလုံးဆွဲယူလာကာ ညာဘက်သို့ ထုတ်ပေးလိုက်သည့်နောက် လူစားဝင် ကစားသမား ဂျီးဆက်စ်နာဗက်စ်က ဝါးလုံးထိုး ကန်သွင်းယူပြီး (၃-၁)ဖြင့် ပွဲသိမ်းကာ မန်စီးတီးတို့ Capital One ချန်ပီယံ ဖြစ်လာခဲ့သည်။
Soccer Myanmar
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment