လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, March 3, 2014

တရုတ်နိုင်ငံ၊ ကူမင်မှာ အစုလိုက်အပြုံလိုက် ဓားထိုးမှုကြီးဖြစ်၊ အနည်းဆုံး ၂၉ဦးသေ၊ ၁၃၀ ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်ရဲ့ အကြီးဆုံးမြို့၊ မြို့တော်ဖြစ်တဲ့ ကူမင်မြို့ရဲ့ ဘူတာမှာ အစုလိုက် အပြုံလိုက် ဓားထိုးတိုက်ခိုက်မှုကြီး ဖြစ်ခဲ့ပြီး အနည်းဆုံး လူ၂၉ဦးသေဆုံးခဲ့တယ်လို့ ယူနန်ပြည်နယ် သတင်းအေဂျင်စီ ဆင်ဟွာက ထုတ်ပြန်ခဲ့ပါတယ်။တခြား အယောက်၃၀ဟာလည်း ဒဏ်ရာရခဲ့ပါတယ်။ “ဒါဟာ သိပ်ကိုဆိုးရွားလွန်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီး၊ ကြိုတင်ကြံစည်မှုကြီးပါ။” လို့ အာဏာပိုင်တွေက ဆိုပါတယ်။
သံသယရှိခံရသူ ၄ဦးကို အသေပစ်သတ်၊ ၁ ဦးကို ဖမ်းမိခဲ့ပြီး နောက်တစ်ယောက်ကိုတော့

ရှာဖွေနေတုန်းလို့ ဆင်ဟွာ သတင်းဋ္ဌာနက ပြောပါတယ်။

ရရှိလာတဲ့ အထောက်အထားတွေအရ Xinjiang အနောက်ပိုင်းက အကြမ်းဖက်သမားတွေလို့ သိရပါတယ်။

ကျန်ရစ်သူမိသားစုဝင်တွေကို သမ္မတ ဇီကျင့်ဖျင် နဲ့ ၀န်ကြီးချုပ် တို့က နှစ်သိမ့်စကားပြောကြားခဲ့ပါတယ်။

ဒီအကြမ်းဖက်တိုက်ခိုက်မှုကြီးကို အစွမ်းကုန် ကြိုးစားစုံစမ်းနေတယ်လို့လည်း သမ္မတ ဇီကျင့်ဖျင်က ပြောပါတယ်။

Trend Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..