လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, March 31, 2014

ဧရာဝတီမြစ် အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်အား ဂျာမဏီနိုင်ငံ ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသ

Photo
မခနှင့် မေလိခမြစ် အစပြုရာ မှ မော်တင်စွန်း အထိ စီးဆင်းသွား သော ဧရာဝတီမြစ် အကြောင်းကို ရိုက်ကူး ထားသည့် မှတ်တမ်း ရုပ်ရှင်ကို ဂျာမဏီနိုင်ငံ ရုပ်သံလိုင်းတွင် ယခုလ အတွင်း ထုတ်လွှင့် ပြသလျက် ရှိကြောင်း သိရသည်။အဆိုပါ မှတ်တမ်း ရုပ်ရှင်ကို ထုတ်လွှင့် ပြသရာ၌ ဗန်းမော်မှ မန္တလေးအထိ မှတ်တမ်း ရိုက်ကူးမှု ကိုအပိုင်း(၁)၊ မန္တလေး မှ ဧရာဝတီ မြစ်ဝကျွန်းပေါ် ထိ ရိုက်ကူးမှုကို အပိုင်း(၂) အဖြစ် ပြသခြင်း ဖြစ်သည်။
''ကျွန်တော့်ကို ဂျာမဏီမှာ နေတဲ့ မိတ်ဆွေတစ်ဦး က သတင်းပေး လို့ သိရတာပါ။ ဧရာဝတီ မှတ်တမ်း ရုပ်ရှင်အပိုင်း(၂) နောက်ဆုံး အခန်းမှာ ကျွန်တော်တို့ အဖွဲ့ရဲ့ မြန်မာ့ရိုးရာ ရုပ်သေး တင်ဆက်မှု တွေကို ပေါင်းစပ် ဖန်တီး ထားပါတယ်။ ဒီမှတ်တမ်းမှာ မြန်မာ့ ကြိုးဆွဲရုပ်သေး တင်ဆက်မှုကို လက်စွမ်းပြ ထားတဲ့ ရုပ်သေး ဆရာကြီး ဦးမောင်ကြည် ကွယ်လွန်ပြီး ခြောက်လ အကြာမှာ ထုတ်လွှင့် ပြသတာပါ။ ဆရာ ဦးမောင်ကြည် ရဲ့ပုံရိပ်တွေက လူသာသေ ပေမဲ့ မသေဘဲ ကျန်ခဲ့တဲ့ သူ့အသံ၊ သူ့ဟန်တွေကို လွမ်းဆွတ် သတိရ မိပါတယ် ... '' ဟု ဦးခင်မောင်ထွေး က ပြောပြသည်။
ဧရာဝတီမြစ် အကြောင်း ရိုက်ကူးသည့် မှတ်တမ်း ရုပ်ရှင်ကို Along Mekong အမည်ဖြင့် မဲခေါင်မြစ် အကြောင်း မှတ်တမ်း ရိုက်ကူးခဲ့သည့် Goethe Institute အဖွဲ့ (ပြင်သစ်နှင့် ဂျာမနီနိုင်ငံ တို့ ပူးပေါင်း ထားသည့် အဖွဲ့) က ရိုက်ကူးခြင်း ဖြစ်ပြီး ယင်း မှတ်တမ်းတွင် ဧရာဝတီမြစ် အကြောင်း သီးသန့် မှတ်တမ်းတင်ခြင်း ထက် ဧရာဝတီ မြစ်ရိုး တစ်လျှောက်ရှိ မြန်မာလူမျိုး တို့၏ လူမှုဘဝ များကိုပါ မှတ်တမ်းတင် ထားသည်ဟု သိရသည်။

ယင်း မှတ်တမ်းအား ရိုက်ကူးသည့် Goethe Institute အဖွဲ့သည် ရန်ကုန်မြို့တွင်ရှိသည့် Yangon Film School ( YFS ) ကို တည်ထောင် ပေးခဲ့သည့် အဖွဲ့ ဖြစ်ကြောင်း သိရှိရသည်။ (အတာ)

Themyawadydaily

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..