လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, March 31, 2014

မြန်အောင်တွင်ရောင်းသည့် ငါးပိများ၌ အန္တရာယ်ရှိ ဆိုးဆေးများပါနေဟု ဧရာဝတီတိုင်း FDA ပြော

Photo: မြန်အောင်တွင်ရောင်းသည့် ငါးပိများ၌ အန္တရာယ်ရှိ ဆိုးဆေးများပါနေဟု ဧရာဝတီတိုင်း FDA ပြော
Monday, March 31, 2014

ဧရာဝတီတိုင်း    မြန် အောင်မြို့နယ်အတွင်း ဖြန့်ချိ ရောင်းချနေသော ငါးပိများတွင် ကျန်းမာရေးအတွက်အန္တရာယ် ဖြစ်စေသောဆိုးဆေး Rohdamine -B ပါဝင်နေသည်ဟု  ဧရာဝတီ တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှသတင်းရရှိသည်။

လုပ်ငန်းရှင်ငါးဦးတင်သွင်း ဖြန့်ချိသော ငါးပိအမျိုးအစား ၁၇ ခုကိုစစ်ဆေးရာ Rohdamine-B ဆိုးဆေးအသုံးပြုထားသော အမျိုးအစား ၁၆ ခု  စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်း FDA မှ   ဒေါက်တာပြည့်ဖြိုးက  ပြော သည်။

‘‘မြန်အောင်ငါးပိက ဒေသ ထွက်အရင်းအမြစ်မဟုတ်ပါဘူး။ အကြမ်းဖျင်းပြောရရင် ပုသိမ်နဲ့ သင်္ဃန်းကုန်းဘက်ကလာတာ များတယ်။ မူလလုပ်တဲ့နေရာမှာပဲ ဆိုးဆေးသုံးသလား၊ ဒါမှမဟုတ် ကုန်သည်လက်ထဲရောက်မှဆိုး သလားဆိုတာပြောလို့မရပါဘူး။ အစားအသောက်တွေမှာ အခုလို တွေ့တဲ့ဆိုးဆေးကို ခွင့်မပြုထား ပါဘူး။ ကင်ဆာဖြစ်စေတဲ့အဆိပ် အတောက်ရှိလို့ပါ’’ဟု ဒေါက်တာ ပြည့်ဖြိုးကပြောသည်။

Rohdamine-B ဆိုးဆေး သည်ကင်ဆာဖြစ်စေသောဓာတ် ရှိသဖြင့်   ကုန်ပစ္စည်းများတွင် အသုံးပြုပါက အဆိုပါဆိုးဆေး အသုံးပြုထားကြောင်းသတိပေး စာပါရှိရမည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက သတိပေးမှုပြု လုပ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ် ကွဲရေးဦးစီးဌာန (FDA) ကို ယခုနှစ်ဖေဖော်ဝါရီအတွင်း ဖွဲ့ စည်းပုံအရ ဝန်ထမ်းအင်အား ၁၅ ဦးဖြင့် ပုသိမ်မြို့၌ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

7DAY DAILY

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..