လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, March 3, 2014

ရွှေဘိုတက္ကသိုလ် ကျောင်းသားများရန်ပွဲဖြစ်ရာမှ ကျောင်းသားနှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်တွင် ကျောင်းသားတချို့သည် လ ၂၇ ရက် ညနေ ၅ နာရီခွဲ အချိန်က ကျောင်းသား အချင်းချင်းရန်ပွဲဖြစ်ရာ ကျောင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရွှေဘိုမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ အမှတ်(၁၀) သူဇာရပ်ကွက်အတွင်းရှိ အမျိုးသမီး အဆောင်တစ်ခုရှေ့တွင် အဆောင်သူ တစ်ဦးနှင့် သူမ၏ သူငယ်ချင်း သူငယ်ချင်းလေးယောက်သည် အဆောင်ရှေ့တွင် စကားပြောနေခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။
ထိုစဉ် သတ္တဗေဒ ပထမနှစ် ကျောင်းသားတစ်ဦးနှင့် သူ၏သူငယ်ချင်း သုံးယောက်တို့ ရောက်ရှိလာပြီး အဆောင်သူမိန်းကလေး၏ သူငယ်ချင်း များကို သစ်သားတုတ်များဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ရွှေဘိုမြို့မ ရဲစခန်းရှိ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် ရိုက်နှက်ခံရသည့် ကျောင်းသားနှစ်ဦးမှာ

ခေါင်းပေါက်ပြဲ ဒဏ်ရာ များရရှိခဲ့ကာ ရွှေဘိုမြို့မရဲစခန်းက(ပ) ၉၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၅ အရ အမှုရေးဖွင့်ထားသည်ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုတွင် ကျောင်းသားဆယ်ဦးမှ ကျောင်းသားတစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..