ရန်ကုန်မြို့သည် စီးပွားရေးမြို့တော်ဖြစ်သည်နှင့်အညီ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ရှိလျက်ရှိရာ အထပ်မြင့်အဆောက်အအုံများလည်း တည်ဆောက်နေသဖြင့်ရန်ကုန်မြို့၏အမြင့်ဆုံးအဆောက်အအုံများထွက်ပေါ်လာတော့မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် အင်းလျားလိတ်ဟိုတယ် အနီး တွင် အထပ်ပေါင်း ၃၄ ထပ်မြင့် သော အဆောက်အအုံဖြစ်သည့် ဒိုင်းမွန်း ပဲလေ့စ်ပလာဇာကို တည် ဆောက်လျက်ရှိရာ လာမည့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားသည်။
အခန်းပေါင်း ၄ဝ၆ ခန်းပါရှိသည့် အပြင် မီနီမားကတ်၊ မီနီဆေးရုံ၊ ရေကူးကန်၊ လေ့ကျင့်ရေးခန်းမ၊ ကား ရပ်နားရာနေရာ၊ ဓာတ်လှေကားများ စသည်တို့ဖြင့် ဖွဲ့စည်းတည်ဆောက် လျက်ရှိပြီး
နိုင်ငံတကာအဆင့်မီအထပ်မြင့် အဆောက် အအုံများ၏ အရည် အသွေးအတိုင်း တည်ဆောက်နေခြင်း ဖြစ်သည်။
ခန့်မှန်းခြေအမေရိကန် ဒေါ်လာ သန်း ၆ဝ ခန့် ကုန်ကျမည့် အဆိုပါအထပ်မြင့် အဆောက်အအုံ ကို မန္တလေးဂိုးဒင်းဝင်းစ်ဆောက်လုပ် ရေးကုမ္ပဏီမှ ကမ္ဘာကျော်ပြည်ပဒီဇိုင်း ပညာရှင်များဖြင့် ပုံစံထုတ်တည် ဆောက်နေခြင်း ဖြစ်သည်။
ထို့အပြင် ရန်ကုန်မြို့ကုန်သည် လမ်းတွင် တည်ဆောက်နေသည့် အထပ်မြင့် အဆောက်အအုံသည် လည်း အထပ်ပေါင်း ၃၈ ထပ်ရှိပြီး ဂျပန်ဒီဇိုင်း အင်ဂျင်နီယာက ပုံစံထုတ် ထားခြင်းဖြစ်သည်။ မြေအကျယ် စတုရန်းပေ ၇၂ဝဝဝဝ ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။
ခွင့်ပြုပေးနေ]
အမေရိကန်ဒေါ်လာသန်း ၁ဝဝ ခန့်ကုန်ကျမည့် အဆိုပါ အထပ်မြင့် အဆောက်အအုံသည် လာမည့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးမည်ဟု မျှော်မှန်းထားသည်။ ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက် အအုံများ တည်ဆောက်မှုကို စနစ်တကျ စိစစ်ခွင့်ပြုလျက်ရှိရာ ယခုအခါ အထပ်နှင့် အမြင့်များကို ကန့်သတ်စိစစ်ကာ စည်းမျဉ်း၊ စည်း ကမ်းများဖြင့် ခွင့်ပြုပေးနေသည်။
တည်ဆောက်လျက်ရှိ
ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းပေါ်တွင်လည်း ဗီယက်နမ်က အမေရိကန် ဒေါ်လာ သန်း ၆ဝဝ ခန့် ကုန်ကျမည့် အထပ်မြင့်အဆောက် အအုံများကို လည်း တည်ဆောက် လျက်ရှိနေသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် မိုးပျံ အဆောက် အအုံများ ပေါ်ထွက်လာတော့မည် ဖြစ်သည်။
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment