ပရိသတ် များကြား တွင် လူကြိုက် များ ပြီး အောင်မြင် ခဲ့သည့် “ဘီလူး”ရုပ်ရှင် ဇာတ် ကားကြီး ကို ယ နေ့ အချိန် တွင် ဇာတ်လမ်း တွဲ အဖြစ် ပြန်လည် အသက် သွင်း မည် ဖြစ်သော ကြောင့် သမိုင်း တစ်ခု ဖြစ် ကြောင်း “ဘီလူး” ၀တ္ထု စာရေးသူ အကြည်တော် က ယခု လို ပြော သည်။ဘီလူးကို ဇာတ်လမ်းတွဲအဖြစ် ပြန် ရိုက်တာကလည်း ကောင်းပါတယ်ခင်ဗျ။ စိန်ခေါ်မှုတစ်ခုပါပဲ။ ဘီလူး ရုပ်ရှင်ဇာတ်ကား ကြီးကလည်း စာအုပ်ပေါ်မှာပဲ အခြေခံပါတယ်။ အောင်မြင် ခဲ့တဲ့ ရုပ်ရှင်ကို ဇာတ်လမ်းတွဲပြန် ရိုက်တော့ ကျွန်တော့် အတွက်ကတော့ သမိုင်းလို့ပဲ ခံယူပါတယ်။ ကျွန်တော် တို့ မရှိ တော့ တဲ့အချိန်မှာ ဖလင် ကော် ပြားတွေပေါ် မှာ အရုပ်တွေကျန်ခဲ့မယ်။ နောက်လူတွေက ကြည့်ပြီး ကောင်း သည်၊ ဆိုးသည် ကို ဝေဖန် ကြမယ်၊မကောင်းရင် မကောင်းသလိုပြော ကြမယ်၊ ကောင်းတယ်ဆို ကောင်းသလိုဖြစ် မယ်။ အဲဒီအတွက်
ကျွန် တော့်တို့က မှတ်တိုင် တစ်ခုကျန်ခဲ့တယ်လို့ပဲ သဘောထားပါတယ်။ ဒီဟာက ကျွန်တော်ဘာသာ ဇာတ်လမ်းပြန် ရေးရတာဆိုတော့လေ၊ ၀တ္ထုကိုကစားချင်သ လို လုပ်လို့ရတာေ ပါ့နော်။ လိုအပ်တဲ့ ဟာကို ကိုယ့်ဟာကိုပြန် ဖို့လို့ ရ တဲ့အတွက် တော်တော် လေးစိတ်ကျေနပ်မှုရပါတယ်။ ကျွန်တော် တို့ ပထမဦး ဆုံး အခန်း စဉ်းစားတာက လူ တွေ စိတ်ဝင်စား မှုကို အရင် စဉ်းစား တယ်။ အခု ဇာတ်လမ်း တွဲ တွေ ရိုက်လာကြတယ်။ ထင်သ လောက် မ အောင် မြင် ကြဘူးပေါ့နော်။ TV မှာ အလကားပြ တာ တောင် ဒီဟာကြီးလာရင် ကျော်သွားတယ်ဆိုတော့ ကျွန် တော် တို့က ဖြစ်လို့ မရဘူး။ အသစ်နဲ့ လုပ်ရင်လည်း ဒီ အတိုင်းပဲ အကျော်ခံ ရမှာဆိုတော့ အဲတော့ အကောင်း ဆုံး ကို စဉ်းစားလိုက်တယ်။ မအောင်မြင်တဲ့ဟာကို ပြန်လုပ်မယ်။ အဲ တော့မှ ပိုစိတ် ၀င်စားမယ်။ ကြည့်ဖြစ်မယ်၊ အဓိက ကဒီ ဇာတ်လမ်းတွဲ ကို ကြည့်ဖို့ပဲ။ ဒါကို ကျွန်တော်တို့ ရွေးချယ်ခဲ့တာပါ။ ဘီလူးလို နောက်ထပ်မွေး ဖို့က တော့ အခုတော့ မရှိသေး ပါဘူး။ ဇာတ်ကောင်တစ်ယောက်မွေးပြီး ရေး ဖို့ က လည်း သိပ်တော့ မဖြစ်နိုင် တော့ ဘူးပေါ့ နော်။ ဘယ်လိုပြောမလဲ၊ ရယ်လိုက်ရတာ တွေ ကလည်း အကုန်ဖြစ် သွားတော့ နောက် ထပ် တစ်ခု ရှာ ဖို့ကလည်း လောလောဆယ် ခေါင်းထဲ မရောက်သေးပါဘူး””ဟု အကြည် တော်က ပြောသည်။
အဆိုပါ “ဘီလူး” ဇာတ်လမ်းတွဲကို ယခင် ရိုက်ကူး ခဲ့သည့် ဒါရိုက်တာ မီးပွားနှင့် အတူ ပါဝင် သရုပ် ဆောင် ခဲ့ကြသည့် သရုပ် ဆောင်များဖြစ်သော ဗေလုဝအပါအ၀င် အနုပညာ ရှင်များ စွာလည်း ပါဝင်မည်ဖြစ်ပြီး 5 Net Work မှ ထုတ်လွှင့်ပြသမည်ဖြစ် သည်။
By The Messenger
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ

No comments:
Post a Comment