လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, March 3, 2014

အထိရောက်ဆုံး ၀ိတ်ချနည်းလေးများ

ကမ္ဘာနဲ့ အ၀ှမ်း အရွယ်ရောက်ပြီးဝိတ်တက်နေကြတဲ့ ကျား/မ များဟာ ကျမ္မာရေး (သို့  မဟုတ်)လှပမှုအတွက် အစာ-ဆေး-လေ့ကျင်ခဏ်း စတဲ့နည်းမျိုးစုံတို့ ဖြင့် ၀ိတ် ချနေကြ ပါတယ်။ မည်သို့ ပင်နည်းမျိုးစုံနဲ့ ဝိတ်ချနေကြပါစေ ၂၀၁၃ ခုနှစ် တနှစ်တာ ကာလပတ် လုံး လေ့လာစမ်းစစ်ချက်များအရ အောက်ပါဝိတ်ချနည်း (၈)မျိုးက အထိရောက် ဆုံးဖြစ်စေ ခဲ့တယ်လို့  Beauty High(ခေါ်)ကျမ္မာလှပမှုဆိုင်ရာ အင်တာနက်သတင်း လွှာ မှာဖော်ပြထားပါတယ်။

(၁) နံက်စာ ကောင်းကောင်းစားပါ...

ကျန်းမာစွာဖြင့် ကိုယ်အလေးချိန်ကျစေရန်အတွက် “နံက်စာကို ရှင်ဘုရင်ကြီးလိုစားပါ၊ ညစာကို သူဖုန်းစားလို စားပါ” ဆိုတဲ့ ဆောင်ပုဒ်လေးကို ကျမ္မာရေးအမြင်ရှိသူတိုင်း သိနှင့်ပြီးသားဖြစ်နေပါလိမ့်မယ်။ ဆန်-လူး-ဆပ်-ကွေကာအုပ် တို့ ဟာ နံက်စာ အ တွက် ကောင်းမွန်တဲ့အစားအစာများဖြစ်ပါတယ်။ ၂၀၁၃ နှစ်မကုန်မီ တစ်လအလို (နို ၀င်ဘာလ) မှာ နောက်ဆုံးလေ့လာစမ်း စစ်ချက်များအရ၊ အညိုရောင်ကွေကာ အုပ် (အကြမ်း)ဟာ အရွယ် ၃-ပါးအားလုံးအတွက် ကျမ္မာရေးဘက်စုံကောင်းစေတဲ့ အပြင်၊ ကိုလက်စထရောကျစေပြီး၊ အချိန်တော်တော်ကြာ အဆာခံနိုင်တာကြောင့် အကောင်း ဆုံး နံက်စာတစ်ခုဖြစ်တယ်လို့ ကျမ္မာရေး

သုတေသီများက တညီတညွတ် တည်း ထောက် ခံထားခဲ့ကြပါတယ်။

(၂) အသင့်စား အဆာပြေတွေကိုရှောင်ပါ...

အာလူးကြော်၊ ကြက်ကြော်၊ ဒိုးနတ် စတဲ့ ဆီကြော်မုန့် အမျိုးမျိုးက လွယ်လင့်တကူ ၀ယ်ယူနိုင်တဲ့အပြင် ဈေးနှုန်းသင့်တင့်သ လောက်၊ အရသာလဲကောင်းနေ တာ မို့ လူကြီး-လူရွယ်-လူငယ်မရွေး ဆာလောင်မွတ်သိပ်မှုအတွက် ဖြေရှင်းနေကြပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး၊ ကျမ္မာရေးသုတေသီများက “အဲဒီလိုအစားအစာတွေမှာ ကယ်လိုရီပမာဏ များပြားလွန်းနေကြောင်း၊ အရမ်းဗိုက်ဆာလာတဲ့ အချိန်မျိုးမှာ မည်သူမဆို သာမန်ထက်ပိုစားမိစေတာမို့ ဖြစ်နိုင်ရင် ဆာလောင်မွတ်သိပ်တဲ့အခါမှာ ထို အသင့်စား ဆီကြော်တွေကို (လုံးဝ) မစားသင့်ကြောင်း၊ ဆင်ခြင်နိုင်ရင် ၀ိတ်ကျစေ မှာဧကန်မလွဲဖြစ်ကြောင်း” ၂၀၁၃ ခုနှစ် မေလ မှာ သတိပေးအကြံပြုထားခဲ့ကြပါတယ်။

(၄) အစာစားချင်စိတ်ကို ချိုးနှိမ်ပါ...

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း အ၀လွန်သူတွေကို လေ့လာစမ်းစစ်ပြီးနောက် မှာတော့ “ဗိုက်ကြီးအင့်နေအောင် မစားသင့်ဘဲ ဗိုက်ဝရုံ လောက်သာစားသင့်ကြောင်း၊ မိမိပါးစပ်ကို အလိုမလိုက်သင့်ကြောင်း၊ ထို့ နည်းတူ စိတ်ကိုလည်းချိုးနှိမ်တတ်ဖို့ လို အပ်ကြောင်း၊ ဒီလိုအစာ(များများ)စားချင်တဲ့စိတ်ကို ချိုးနှိမ်နိုင်ပါက ၀ိတ်ချဖို့  အတွက် အထိရောက်ဆုံးနည်းဖြစ်စေနိုင်ကြောင်း ” ..စသည်ဖြင့် အကြံပြူထားခဲ့ပါတယ်။

(၅) အိပ်ရေး၀၀ အိပ်ပါ...

အရွယ်ရောက်ပြီးသူ လူတစ်ယောက်အတွက် ပျမ်းမျှ ၇-နာရီကြာမျှ အိပ်စက်သင့်ပြီး၊ အိပ်ချိန်က ညဘက်ဖြစ်သင့်ပါတယ်။ ဥပ မာ…ညဂျုတီကျ၍ နေ့ ဘက်ရောက်မှသာ အိပ်စက်ကြရသူများ၊ အိပ်ရေးမ၀သူ နို့ တိုက်မိခင်များ၊ အိပ်စက်ချိန်နည်းသူများ နဲ့  နာတာရှည်အိပ်မပျော်သူတွေမှာ အက်စ်ထရိုဂျင်ဟိုမုန်းစိမ့်ထွက်လာပြီး အစာစား ချင်စိတ်ကိုပြင်းပြလာတာကြောင့် သိသိ သာသာ ကိုယ်အလေးချိန်တိုး လာစေတယ်လို့  ၂၀၁၃ ခုနှစ် နှစ်လည်ပိုင်း လေ့လာစမ်းစစ်မှုများအရ သတိပေးနှိုးဆော် ထားပါ တယ်။

(၆) အချိုလျော့စားပါ...

ကိုယ်ခံစွမ်းအားကောင်းစေဖို့ ၊သက်လုံကောင်းစေဖို့ နဲ့ မှတ်ဥာဏ်ကောင်းစေ ဖို့ အတွက် အချိုဓာတ်(သကြား)က မရှိမဖြစ် လိုအပ်ပါတယ်။ သို့ သော် လိုအပ် တဲ့ပမာဏထက်ပိုစားမိခြင်းက ၀ိတ်တက်လာနိုင်တာကြောင့် သကြားလုံး၊ ချော ကလက်၊ သကြား၊ ပီကေစတဲ့ “မြင်သာထင်သာရှိတဲ့ အချိုများ” ကို လျော့စားနေကြ သလိုဘဲ၊ ထို့ နည်းတူစွာ “မြင်သာထင်သာမရှိတဲ့ အချိုစာများ” ဖြစ်ကြတဲ့ အချိုဓာတ်ကဲ ထားသော ဟင်းလျာများ၊ ဖျော်ရည်၊ သစ်သီးခြောက်၊ သစ်သီးစည်သွပ်ဗူး၊ သွားရည်စာ မုန့် အမျိုးမျိုးစသည်တို့ ကိုလည်း သတိနဲ့ ယှဉ်၍ စားသောက်တတ်ဖို့ လိုကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ မှာ အ၀လွန်တိုက် ဖျက်ရေး သုတေသနအဖွဲ့ က ထပ်လောင်း သတိပေးထားခဲ့ပါတယ်။

(၇) မကြာမကြာ ကိုယ်အလေးချိန် ချိန်တွယ်ပါ...

၂၀၁၃ ခုနှစ် ဒီဇင်ဘာလဆန်းက လေ့လာစမ်းစစ်မှုအရ၊ ရက်သတ္တ တစ်ပတ်လျှင် ၁-ကြိမ် (သို့ မဟုတ်) ၁၀-ရက် တစ်ကြိမ်ကျ ကိုယ်အလေးချိန်ကို ချိန်တွယ်၍ မှတ် တမ်းပြုထားသင့်တယ်လို့ ဆိုပါတယ်။ အဲဒီလို မိမိကိုယ်ကိုစမ်းစစ်တဲ့ နည်းလေးက ၀ိတ်ကျ စေမယ့် နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်တဲ့။

(၈) နံက်အိပ်ယာထချိန်မှန်နေပါစေ...

အရွယ်ရောက်ပြီး ကျား-မများကို လေ့လာစမ်းစစ်ပြီးနောက်မှာတော့၊ နံက်အိပ်ယာ ထချိန် ပုံမှန်မဟုတ်ခြင်း နဲ့  ၀ိတ်တက်လာခြင်း တို့ ဟာ ပတ်သက်ဆက်နွယ်နေ တယ်လို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကုန်စစ်တမ်းများက ဆိုပါတယ်။ အထူးသဖြင့် နံက်အိပ်ယာ ထချိန်မမှန်တဲ့ အမျိုးသမီးတွေရဲ့ ခန္ဒာကိုယ်မှာ အဆီပိုတွေ စုဝေးလာ တာကြောင့် နာရီနှိုးစက်သုံး၍အချိန်မှန်မှန် အိပ်ယာထသင့်ပါ တယ်တဲ့။

(၉) မကြာခဏဓာတ်ပုံရိုက်ပ...

မိမိရဲ့ ဓာတ်ပုံဟာ မိမိရဲ့ ကိုယ်ပွားဖြစ်ပါတယ်။ ပိန်သွားခြင်း/၀လာခြင်းတို့ ကို မျက်မြင် သက်သေအဖြစ် အဆုံးအဖြတ်ပေးနိုင်တဲ့ ဓာတ်ပုံလေးများကို ၁-လ ၁-ကြိမ် ရိုက်ယူ၍ မိမိဖာသာ ဝေဖန်စမ်းစစ်ကြည်ပါလို့  အ၀လွန်တိုက်ဖျက်ရေး သုတေသီများက ၂၀၁၃ ခုနှစ် မကုန်ခင် (မကြာသေးခင်)ကာလက အကြံပြုထားပါတယ်။

15-02-2014 နေ့ ထုတ် ဒို့ ကျေးရွာဂျာနယ်မှာပါ တဲ့ဆောင်းပါးလေး ပါ။ FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့ အ တွက် စေ တနာ များစွာဖြင့်.မျှဝေလိုက် ရပါ တယ်ရှင်။ (ဆောင်းပါးရှင်....ပေါက်ပေါက်)

<<လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင် ။ ပေါက်ပေါက်….မျှဝေသည်)

credit to promise.pauk fb
နှင်းဆီဖူးလေးများ-Love BUDS

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..