ကားမောင်းနေတုန်း စာရိုက်တာ၊ ဖုန်းပြောတာတွေဟာ ကယ်လီဖိုးနီးယားမှာ တရားမ၀င်ပါဘူး။ ဒါပေမဲ့ ဥပဒေကတော့ နည်းပညာလောက်ကို အမှီလိုက်ဖို့အတွက် ကားမောင်းနေတုန်း သုံးနိုင်တဲ့ စမတ်ဖုန်းအသုံးတစ်ရပ်ကို တရားဝင်ကြေညာလိုက်ပါတယ်။အရင် တရားရုံးဥပဒေအရ ကားမောင်းနေတုန်း စမတ်ဖုန်းနဲ့မြေပုံဖတ်ရင် တရားမ၀င်ခဲ့ဘူးလို့ AP သတင်းဋ္ဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။ ခုနောက်ပိုင်းမှာ အဲ့ဒီ့ ဥပဒေကို ပြင်လိုက်ပါပြီ။ ဖုန်းပြောတာနဲ့ စာရိုက်တာကိုပဲ ဥပဒေသက်ရောက်မှုရှိတယ်လို့ ခရိုင်အမှတ် ၅ တရားရုံးက ပြောခဲ့ပါတယ်။
၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလမှာ Fresno မြို့သား Steven Spriggsဟာ ကားလမ်းကြောင်းပိတ်နေတုန်း iPhone 4 နဲ့မြေပုံကြည့်နေခဲ့ပါတယ်။ အမှုက
အဲ့မှာစခဲ့တာပဲ။ Stevenဟာ ပိုကောင်းမယ့် လမ်းကြောင်းကို ရွေးနေတုန်း ကယ်လီဖိုးနီးယား အမြန်ယာဉ်ကြော ကင်းလှည့်တာဝန်ရှိသူက ကားကိုတားပြီး ၁၆၅ ဒေါ်လာ ဒဏ်ရိုက်ခဲ့ပါတော့တယ်။
ယာဉ်စည်းကမ်းထိန်းသိမ်းရေး တရားရုံးမှာ တရားပြိုင်ကြတော့ Steven Spriggs ရှုံးသွားပါတယ်။ သူ့စီမှာရှိတဲ့ မြေပုံကြည့် လက်မှတ်ကို ပြတော့လည်း ထပ်ရှုံးပြန်ပါတယ်။ ဒီတော့ ခရိုင်တရားရုံးကို ထပ်တက်ခဲ့ပါတယ်။
လက်ကိုင်ဖုန်းနဲ့ ဖုန်းပြောတာ၊ဖုန်းနားထောင်တာက လွဲရင် တခြားနည်းလမ်းနဲ့ အသုံးပြုတာတွေကို တရားမ၀င်ဘူးလို့ သတ်မှတ်မရကြောင်း ခရိုင် တရားသူကြီးတွေက ပြောခဲ့တဲ့အတွက် Steven Spriggs အနိုင်ရရှိသွားခဲ့တာပါပဲ။
Trend Myanmar
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment