(၁) ၂၈-၂-၂၀၁၄ ရက် (သောကြာနေ့)မှ စတင်ကာ ၃-၃-၂၀၁၄ ရက် (တနင်္လာနေ့ အထိ) ကာလ အတွက် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း တန်ဘိုးများခန့်မှန်းရာတွင် မြန်မာ နိုင်ငံတောင်ပိုင်း ဒေသ များမှအစပြုကာ အထက်ဖက် ရန်ကုန်မြို့ အပါ အ၀င် မြစ်ဝကျွန်းပေါ်တောင်ပိုင်းဒေသများအထိ နေ့စဉ် နံနက် (၁၁)နာရီမှ နေ့ (၁) နာရီ အတွင်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တန်ဘိုးများဟာ လွန်ကဲ အဆင့် (extreme level) ကို ရောက်ရှိနှိုင်ကြောင်း ခန့်မှန်းထားပါတယ်။
(၂) ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဘိုး လွန်ကဲအဆင့်ရောက်ရှိနေချိန် တွင် နေပူထဲတွင်
အချိန်ကာလကြာမြင့်စွာ အကာအကွယ်မဲ့နေထိုင်ပါက ကျန်းမာရေး အန္တရာယ်ရှိမှု အလွန်မြင့် မားနှိုင် (Health serious risk) ကြောင်း သတ်မှတ်ထား ပါတယ်။
(၃) ကာကွယ်မှုအနေဖြင့် လုပ်ဆောင်သင့်ကြောင်း အကြံပြုချက်များမှာ အထူးသဖြင့် နံနက်(၁၁)နာရီ မှ နေ့(၁)နာရီအတွင်းကာလဟာ အဆိုးဆုံးဖြစ်တဲ့အတွက် အဲဒီအချိန် များမှာ နေရိပ်အောက်ထဲတွင် နေထိုင်ဖို့လိုပါတယ်။ သဘာဝနေရောင်ခြည်ထဲတွင် အကာအကွယ်မဲ့အချိန်ကြာမြင့်စွာ မနေသင့်ပါ။ အကယ်၍ မဖြစ်မနေ နေရပါကလည်း အကာအကွယ်အဖြစ် ရောင်ခြည်ကာမျက်မှန်၊ လုံခြုံတဲ့ အ၀တ်အထည် နဲ့ အနား ကျယ်ပြန့် တဲ့ ဦးထုပ် စတာတွေကို ၀တ်ဆင်ပြီး အကာအကွယ်ပြုသင့် ပါတယ်။
(၄) အထက်ပါလမ်းညွှန်ချက်များမှာ ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ်(World Meteoro -logical Organi -zation-WMO) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(World Health Organization-WHO) တို့ရဲ့ လမ်းညွှန်ချက်းများအတိုင်း ဖြစ်ပါတယ်။
(၅) ခရမ်းလွန်ရောင်ခြည်သင့်မှုအတိုင်းအတာဆိုးဝါးမှုဟာ လူမျိုး၊ အသား အရောင်၊
နေထိုင် ရာဒေသ လတ္တီတွဒ်၊ မြေပြင်အထက်အမြင့် စတာတွေအပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားနိုင်ပါတယ်။
(၆) ခရမ်းလွန်ရောက်ခြည်သင့်မှုဟာလက်ရှိမှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ အပေါ် အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ နေနဲ့အတူ မြောက်ဖက်ဒေသများဆီ မြစ်ကြီးနား နဲ့ ပူတာအိုမြို့များအထိ ရွေ့လာမှာဖြစ်တဲ့အတွက် လာမယ့် မေလ မိုးမကျမီအထိ ခရမ်းလွန်
ရောင်ခြည်သင့်မှုကို ဆက်လက် သတိပြုကြဖို့ လိုပါတယ်။
(၇) အခြားသောမြို့တော်ကြီးများ အတွက်လည်း ဆက်လက် ဖေါ်ပြပေးသွားပါ့မယ်။
ဒေါက်တာထွန်းလွင်
Popular Myanmar News Journal
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment