နာမည်ကြီး အဆိုတော်များ ဖြစ်သည့် ဇော်ပိုင်၊ R ဇာနည်၊ ဖြိုးကြီး၊ ထူးအယ်လင်း၊ ဟဲလေး၊ Wai လျှံ၊ အစ္စဏီ၊ စစ် သွေး၊ ညီနန္ဒ၊ သူရ၊ ဘိုဘို၊ ယုဇန၊ Jenny ၊ ဆုပန်ထွာ၊ No ၊ သန္တာဗိုလ်၊ မာရီနာ၊ မှူးရတနာ တို့ ပါဝင်သီဆိုထား သည့် "Star" တို့ရဲ့သင်္ကြန် တေးအယ်လ်ဘမ်ကို တေးသံရှင် စစ်သွေးမှ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး မတ်လ ပထမ ပတ်တွင် ရတနာမြိုင် တေးသံသွင်းမှ ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ DVD Live Show အခွေ တေးစီးရီး မိတ်ဆက်သည့် အခမ်းအနားကို ဒါရိုက်တာအဖြစ် ရိုက်ကူးသူ တေးသံ ရှင် စစ်သွေး၏ မွေးနေ့တွင် ပူးတွဲ ပြုလုပ်ခဲ့သည်။ ''ဒီသင်္ကြန် အခွေလေးကို 2013 SEA Games ပွဲလေးမှာ အဖွင့် သီချင်းဆိုရင်းနဲ့ အနုပညာ မောင်နှမတွေဖြစ်တဲ့ ဇော်ပိုင်၊ ဖြိုးကြီး၊ R ဇာနည်၊ ထူးအယ်လင်း၊ ဟဲလေးတို့နဲ့ တွေ့ဆုံ ပြီး ဒီနှစ်မှာတော့ မြူးမြူးကြွကြွ နဲ့ သင်္ကြန်ခွေလေး တစ်ခွေလုပ်ဖို့
ပြောဖြစ်ကြတယ်။ နာမည်ကြီး အဆိုတော်တွေ ဖြစ်တာကြောင့် သူတို့ အားလပ်တဲ့ရက်ကို သေချာ ညှိနှိုင်းပြီးမှ ဒီ "Star" တို့ရဲ့သင်္ကြန် Live Show လေးကိုရိုက် ကူးခဲ့ပါတယ်'' ဟု မွေးနေ့ရှင် စစ်သွေးက ပြောပြခဲ့သည်။
Star တို့ရဲ့ သင်္ကြန် DVD Live Show ခွေကို Promotion များအနေဖြင့် မတ် ၂၇ ရက်တွင် ပြည်သူ့ရင်ပြင်၊ ဧပြီ ၅ ရက်တွင် လှိုင်သာယာ ဗစ်တိုးရီးယားနှင့် မန္တလေးမြို့တို့၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment