လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, February 2, 2014

အသင်းကြီးတွေ နိုင်ပွဲကိုယ်စီနဲ့ အဖွင့်လှခဲ့တဲ့ MNL Myanmar 2014 အဖွင့်ပွဲစဉ်များ

Photo: အသင်းကြီးတွေ နိုင်ပွဲကိုယ်စီနဲ့ အဖွင့်လှခဲ့တဲ့ MNL Myanmar 2014 အဖွင့်ပွဲစဉ်များ
Saturday, February 1, 2014

မြန်မာနေရှင်နယ်လိဂ် MNL Myanmar 2014 ပထမ အကျော့ Week -1 ပွဲစဉ်များအား ယနေ့ စတင် ကျင်းပခဲ့ရာ လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက်၊ ကမ္ဘောဇ အက်ဖ်စီ၊ ရတနာပုံ အက်ဖ်စီ၊ ဇေယျာရွှေမြေ အက်ဖ်စီ နှင့် ဇွဲကပင် ယူနိုက်တက် တို့ နိုင်ပွဲများဖြင့် ရာသီသစ်အား ဖွင့်လှစ် နိုင်ခဲ့ကြသည်။

နိုင်ပွဲအတွက် ရုန်းကန်ခဲ့ရတဲ့ လက်ရှိချန်ပီယံ

ရန်ကုန် ယူနိုက်တက် အသင်းအိမ်ကွင်း ဖြစ်သည့် YUSC မြက်ခင်းတု ကွင်းတွင် အိမ်ရှင် ရန်ကုန် ယူနိုက်တက် အသင်းက မနောမြေကို ဒုတိယပိုင်း သွင်းဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိသွား ခဲ့သည်။ AFC Cup 2014 အတွက် ပြင်ဆင်မှု ပိုမိုပြုလုပ် ထားသော ရန်ကုန် ယူနိုက်တက် အသင်းသည် ဧည့်သည် မနောမြေ အသင်း၏ ခံစစ်၊ တိုက်စစ် လျင်လျင်မြန်မြန် ချိတ်ဆက် ကစားနိုင်မှုကြောင့် ပထမပိုင်း ပွဲကစားချိန် အတွင်း ထောင့်ကန်ဘော ၉ ကြိမ် အထိ ရသည့်တိုင်အောင် အနိုင်ဂိုး မသွင်းနိုင်ခဲ့ပေ။ ဒုတိယ ပိုင်းတွင် နည်းပြ အဲရစ် နည်းဗျူဟာ ပြင်ဆင်ပြောင်းလဲ မှုများကြောင့် ပွဲချိန် ၇၃ မိနစ်တွင် နောက်ခံလူ အလက်ဇန္ဒား၊ ပွဲချိန် ၈၂ မိနစ်တွင် ရန်အောင်ကျော်တို့ အနိုင်ဂိုးများ သွင်းယူနိုင် ခဲ့ကြသည်။ သို့သော် မနောမြေ အသင်းမှာ နောက်ဆုံး မိနစ်အထိ မလျှော့သော စိတ်ဓာတ်ဖြင့် ဂိုးရရန် ကြိုးပမ်းသွားခဲ့ရာ ထပ်ဆောင်း အချိန်ပို ၉၀+၁ မိနစ်တွင် ရှေ့တန်းလူ အဆက်လေ သွင်းယူသော နှစ်သိမ့်ဂိုး တစ်ဂိုး ပြန်လည်ရရှိခဲ့သည်။

ရန်ကုန် အသင်းသည် လာမည့် မြန်မာ နေရှင် နယ်လိဂ် ပွဲစဉ် ၂ တွင် တောင်ကြီး မြို့ သို့ သွားရောက် ပြီး ကမ္ဘောဇ အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

တောင်ပေါ်မြေမှာ နေပြည်တော် အက်ဖ်စီကို အနိုင်ယူသွားတဲ့ ကမ္ဘောဇ

၂၀၁၄ ရာသီအဖွင့် Charity ဆုဖလား ရရှိထားသည့် ကမ္ဘောဇ အသင်းသည် ယခုရာသီအဖွင့်ပွဲစဉ်အဖြစ် နေပြည်တော်နှင့် ကစားခဲ့ သည့်ပွဲ၌ ဟန်ဆန်၊ ဇစ်ကိုဗစ်နှင့် စိုးမင်းဦး အစရှိသည့် အဓိက, ကစားသမားများဖြင့် ပွဲထွက်ကစားခဲ့သည်။ နေပြည်တော်အသင်းကလည်း ယခုရာသီ မတိုင်ခင်ဈေးကွက်မှာ ၀ယ်ယူထားခဲ့သည့် ကစားသမား များဖြင့် အိမ်ရှင်အသင်းအား ရင်ဆိုင် ကစားခဲ့သည်။ ပထမပိုင်းတွင် နေပြည်တော် အသင်းသည် အိမ်ရှင် ကမ္ဘောဇအသင်းကို မာမာထန်ထန် တုံ့ပြန်ကစားခဲ့ပြီး ပထမပိုင်းပြီးသည် အထိ (၀-၁)ဖြင့် ဦးဆောင် ထား နိုင်ခဲ့သည်။ ဧည့်သည်အတွက် ဦးဆောင်ဂိုးကို နံပါတ် (၁၇) မီရှယ်လ်က သွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းတွင် ကမ္ဘောဇ အသင်းသည် တိုက်စစ်မြှင့်တင်ပြီး ကစားခဲ့ရာ ချေပဂိုးကို တိုက်စစ်မှူး စိုးမင်းဦးက ၅၆ မိနစ်၌ နံပါတ် (၂၀) ဇစ်ကိုဗစ်၏ ဖန်တီး ပေးပို့မှုက တဆင့် သွင်းယူခဲ့သည်။ ယင်းနောက် ကမ္ဘောဇ အသင်းကပင် ဆက်တိုက် ဖိအားပေးကစားခဲ့ပြီး ဒုတိယ ဂိုးအဖြစ် ဟန်ဆန်က ၆၇ မိနစ်တွင် ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့သည်။ လက်ကျန်ပွဲချိန်များတွင် နေပြည်တော်အသင်း၏ ထိုးဖောက်မှု များကို ကမ္ဘောဇအသင်း နောက်တန်းနှင့် ဂိုးသမားတို့ အမှားအယွင်းမရှိ ဆက်လက် ကာကွယ် သွားနိုင်ခဲ့သဖြင့် ပွဲပြီး ဆုံးချိန်တွင် ကမ္ဘောဇ အသင်းက နေပြည်တော် အသင်းအား ၂ - ၁ ရလဒ်ဖြင့် အနိုင် ရရှိခဲ့သည်။

အောင်ဆန်းကွင်းမှာ ဂိုးမိုးရွာလိုက်တဲ့ ဇွဲကပင်

တန်းတက် GFA အသင်း၏ MNL ပထမဆုံး ပွဲစဉ်မှာမူ ဂိုးပြတ် ရှုံးနိမ့်မှုဖြင့် တာထွက် မကောင်းခဲ့ပေ။ ဇွဲကပင် အသင်းမှာ ပွဲစလျင် စချင်း လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားပြီး ပထမပိုင်း အတွင်းမှာပင် (၆)ဂိုးပြတ်ဖြင့် GFA အသင်းအား ဦးဆောင် ကစားနိုင်ခဲ့သည်။ ဇွဲကပင် အသင်းတွင် ညီညီမင်း၊ ကိုကိုမင်း ညီနောင်နှစ်ဦး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး နှစ်ဦးစလုံး ဂိုးရရှိခဲ့ ကြသည်။ GFA အသင်း အနေဖြင့် နောက် တန်း အားနည်းချက် များကြောင့် ဇွဲကပင် အသင်းတိုက်စစ် ဆင်မှုများကို မထိန်း နိုင်ခဲ့ဘဲ စောစီးစွာ ဂိုးများ ပေးလိုက်ရခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင်မှု ဇွဲကပင် အသင်းကစားသမား အချို့ တစ်ကိုယ်ကောင်း ဆန်စွာ ကစားမှုများ၊ ဂိုးပေါက် လွဲချော်မှု များကြောင့် ထပ်မံ ဂိုးမရတော့ဘဲ ပထမပိုင်း ရလဒ်အတိုင်းသာ ပွဲပြီးဆုံး ခဲ့သည်။

ဇွဲကပင် အသင်းအတွက် ပွဲအစ ၃ မိနစ်မှာပင် ဂျပန် ကွင်းလယ်လူ ကန်တာရိုက ဗွေဆော်ဦးဂိုး သွင်းယူပေး ခဲ့ပြီး ၂၉ မိနစ်တွင် နိုင်နိုင်ကျော်၊ ၃၉၊ ၄၅ မိနစ်တွင် ညီညီမင်း၊ ၁၄၊ ၄၂ မိနစ်တွင် အမီအိုဘီ တို့က ဂိုးများသွင်းယူပေးခဲ့ကြသည်။

အခြား ပွဲစဉ်ရလဒ်များ

ဗထူးကွင်း - ရတနာပုံ (၁-၀) ချင်းယူနိုက်တက်
ဖွန်ဆေးကာ (၇၆ မိနစ်)

မုံရွာကွင်း - ဇေယျာရွှေမြေ (၂-၁) ဆောက်သမ်းမြန်မာ
ဇေယျာရွှေမြေ ( ချူကွာဇူ- ၆၈၊ ၆၉ မိနစ်)
ဆောက်သမ်းမြန်မာ - စိုးမြတ်သူ ၆၂ မိနစ်

မှ-MFF
Popular Myanmar News Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..