လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, February 2, 2014

ထိုင်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ အတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွား

Photo: ထိုင်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ အတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွား
Saturday, February 1, 2014

ထိုင်းနိုင်ငံမှာ အစိုးရက စီစဉ်ထားတဲ့ မနက်ဖြန် ရွေးကောက်ပွဲ မတိုင်ခင် ဒီကနေ့မှာ အစိုးရ ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေ အကြား ဘန်ကောက်မြို့မှာ တဘက်နဲ့ တဘ်က ထိပ်တိုက် ရင်ဆိုင် အကြမ်းဖက် မှုတွေ ဖြစ်ပွားခဲ့ရာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေ နဲ့ ပေါက်ကွဲမှုတွေပါ ဖြစ်ပွားခဲ့ ပါတယ်။

ဘန်ကောက်မြို့ မြောက်ဘက်ပိုင်း ထိပ်တိုင်ရင်ဆိုင်ပွဲ မှာတော့ ဗုံးတွေပစ်သွင်း သေနတ်တွေနဲ့ ပစ်ခတ်မှုတွေ ကြောင့် လူအတော်များ များ ဒဏ်ရာ ရသွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲကို အဓိက အတိုက် အခံ ပါတီက သပိတ်မှောက် ထားပြီး၊ ရွေးကောက်ခံတွေ မပါတဲ့ ကြားဖြတ် ပြည်သူ့ကောင်စီမျိုးနဲ့ လက်ရှိအစိုးရကို အစားထိုးဖို့ကို တောင်းဆို ထားပါတယ်။

အတိုက်အခံ ထောက်ခံသူတွေဟာ မဲပြားတွေ ဖြန့်ဝေ နေတာတွေကိုလည်း လိုက်လံ တားဆီး ပိတ်ပင်မှုတွေ ပြုလုပ်နေကြပါတယ်။

 BBC Burmese

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..