လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, February 2, 2014

ဘာသာရေး အဆောက်အဦးများ လေ့လာရေးအစီအစဉ် မန္တလေးမှာ စတင်

Photo: ဘာသာရေး အဆောက်အဦးများ လေ့လာရေးအစီအစဉ် မန္တလေးမှာ စတင်
Saturday, February 1, 2014

မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား ပိုမိုရင်းနှီးလာကြဖို့နဲ့ သဟဇာတဖြစ်တဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် ရည်ရွယ်ပြီး လူငယ် ၂၇ ယောက်ဟာ မန္တလေးမြို့ က ခရစ်ယန်ဘုရားကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။

ဒီနေ့ ဘာသာရေး အဆောက်အအုံတွေကို သွားရောက်လေ့လာနိုင်အောင် စီစဉ်ပေးခဲ့တဲ့ SMILE ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (မန္တလေး) တာဝန်ခံ ဒေါ်ယမင်းက RFA ကို အခုလို ပြောပါတယ်။

“လူငယ်တွေကြားထဲမှာ အချင်းချင်း သဟဇာတဖြစ်ပြီးတော့ နောင်မှာ သဟဇာတဖြစ်တဲ့ လူ့အသိုင်းအဝိုင်းလေးတစ်ခုဖြစ်လာဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီဟာကိုလုပ်ခဲ့တာပေါ့”

အဲဒီ လူငယ် ၂၇ ဦးဟာ မန္တလေးမြို့ သနန္တနဓမ္မ ဟိန္ဒူဘုရားကျောင်း၊ Sacred Heart Cathedral ဘုရားကျောင်း၊ တောင်ပလူ ဗလီ၊ ခလီဖာဗလီနဲ့ မြဝတီမင်းကြီးကျောင်းတိုက်တွေမှာ လေ့လာခဲ့ကြတာပါ။

အခုလို ဘာသာပေါင်းစုံ လူငယ်တွေစုပေါင်းပြီး ဘာသာရေးကျောင်းတော်တွေကို သွားရောက်လေ့လာတာဟာ မန္တလေးမြို့မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အခုလို လေ့လာရေးအစီအစဉ်တွေကို ရန်ကုန်နဲ့ မန္တလေးမှာလည်း ပြုလုပ်ခဲ့သလို ပဲခူး၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့တွေမှာလည်း အလားတူ လေ့လာရေး အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။

RFA
မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား ပိုမိုရင်းနှီးလာကြဖို့နဲ့ သဟဇာတဖြစ်တဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် ရည်ရွယ်ပြီး လူငယ် ၂၇ ယောက်ဟာ မန္တလေးမြို့ က ခရစ်ယန်ဘုရားကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။ဒီနေ့ ဘာသာရေး အဆောက်အအုံတွေကို သွားရောက်လေ့လာနိုင်အောင် စီစဉ်ပေးခဲ့တဲ့ SMILE ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (မန္တလေး) တာဝန်ခံ ဒေါ်ယမင်းက RFA ကို အခုလို ပြောပါတယ်။

“လူငယ်တွေကြားထဲမှာ အချင်းချင်း သဟဇာတဖြစ်ပြီးတော့ နောင်မှာ သဟဇာတဖြစ်တဲ့ လူ့အသိုင်းအဝိုင်းလေးတစ်ခုဖြစ်လာဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီဟာကိုလုပ်ခဲ့တာပေါ့”

အဲဒီ လူငယ် ၂၇ ဦးဟာ မန္တလေးမြို့ သနန္တနဓမ္မ ဟိန္ဒူဘုရားကျောင်း၊ Sacred Heart Cathedral ဘုရားကျောင်း၊ တောင်ပလူ ဗလီ၊ ခလီဖာဗလီနဲ့ မြဝတီမင်းကြီးကျောင်းတိုက်တွေမှာ လေ့လာခဲ့ကြတာပါ။

အခုလို ဘာသာပေါင်းစုံ လူငယ်တွေစုပေါင်းပြီး ဘာသာရေးကျောင်းတော်တွေကို သွားရောက်လေ့လာတာဟာ မန္တလေးမြို့မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အခုလို လေ့လာရေးအစီအစဉ်တွေကို ရန်ကုန်နဲ့ မန္တလေးမှာလည်း ပြုလုပ်ခဲ့သလို ပဲခူး၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့တွေမှာလည်း အလားတူ လေ့လာရေး အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..