ပြန်လည်လွတ်မြောက်လာသော သတင်းထောက်မခိုင်အား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လူတစ်ယောက်အား ဇာတ်လမ်းတစ်ခု ဖန်တီးထောင်ချ၍ ရကြောင်း သိခွင့်ရခဲ့သည်ဟု ထောင်ဒဏ်သုံးလ ကျခံပြီး ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီခန့်က ပြန်လည်လွတ်မြောက်လာသည့် Eleven Media Group ၏ သတင်းထောက်ဖြစ်သူ မခိုင်က ပြောကြားသည်။
“ကျွန်မဖြစ်တဲ့ဖြစ်စဉ်က ကျန်သတင်းသမားတွေ သတင်းလိုက်ရင်းဖြစ်ပွားရတဲ့ ကိစ္စတွေနဲ့စာရင် အသေးအမွှားပါ။ အရင်တည်းက တရားစီရင်ရေး မဏ္ဍိုင်ကြီးက တကယ်ပဲ ခြစားနေတယ်လို့ ကြားရတာ။ အဲဒါကို ကိုယ်ကိုယ်တိုင်ကြုံရမှပဲ တကယ်ဆိုတာ သိလိုက်ရတယ်။ ပြီးတော့ တရားရင်ဆိုင်တဲ့အခါ တရားလိုဘက်က စွဲချက်တွေကို ကြည့်လိုက်ရတော့ ကျွန်မ တစ်ခုပဲတွေ့ရ လိုက်ရတယ်။ အဲဒါက ဘာလဲဆိုတော့ ဇာတ်လမ်းတစ်ခု ဖန်တီးပြီး
လူတစ်ယောက်ကို ထောင်ချလို့ ရပါလားလို့ သိလိုက်ရပါတယ်။ ထပ်ပြီး စဉ်းစားမိတာက တရားလိုဘက်က စွဲချက်တွေကို သာမန်လူတစ်ယောက် ကြည့်လိုက်ရင်တောင် မတရားသဖြင့် အကွက်ဆင်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာကို တွေ့ရပါတယ်။ ဒါကို တရားသူကြီး တစ်ယောက်အနေနဲ့ ဘာလို့ကြောင့် မသိရတာလဲ။ ကျွန်မလိုမျိုး တခြားဘယ်သူတွေများ ဘယ်လောက်တောင် ခံရပြီးပြီလဲလို့ တွေးမိတယ်”ဟု မခိုင်က ဖေဖော်ဝါရီ ၂၁ ရက် နံနက်တွင် လွိုင်ကော်အကျဉ်းထောင်ရှေ့၌ ပြောကြားခဲ့သည်။
အဆိုပါ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် Eleven Media Group ၏ ကယားပြည်နယ် သတင်းထောက် မခိုင် (ခ) နော်ခိုင်ခိုင်အေးချိုသည် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တရားမဝင် ဗီဒီယိုခွေငှားရမ်းသည့် ကိစ္စနှင့်ပတ်သက်၍ သတင်းရယူရန် ရှေ့နေ ဒေါ်အေးအေးဖြိုးအိမ်သို့ သွားရောက်ခဲ့ပြီး သတင်းမေးမြန်းခဲ့ရာ မေးမြန်းမှုအပေါ် မကျေနပ်၍ ဒေါ်အေးအေးဖြိုးက အိမ်ကျော်နင်းမှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှုတို့ ဖြင့် လွိုင်ကော်မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒုတိယ မြို့နယ် တရားသူကြီး ဦးမြမင်းဟန်က သတင်းထောက် မခိုင်အား ထောင်ဒဏ်ချ မှတ်ခဲ့ခြင်းဖြစ်သည်။
သတင်းထောက်မခိုင်အား ထောင်ဒဏ်ချထားမှုနှင့် ပတ်သက်၍ သတင်းထောက်တို့၏ ကျင့်ဝတ်နှင့်အညီ ပြုမူဆောင်ရွက်ခဲ့ ခြင်းများ ပေါ်လွင်ထင်ရှား နေပါသော်လည်း မူလမြို့နယ်တရားရုံးတော်က သက်သေထွက်ဆိုချက်များနှင့် ပတ်သက်၍ ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ ပြစ်ဒဏ်များချမှတ်ခဲ့ခြင်း သည် ဥပဒေအရလည်းကောင်း၊ အကြောင်း ခြင်းရာအရ လည်းကောင်း မှားယွင်းလျက် ရှိနေသည့်အတွက် အမှုဖြစ်စဉ် အကျဉ်းနှင့် အတူ အယူခံအကြောင်းပြချက် ခြောက်ချက်ဖြင့် ဇန်နဝါရီ ၂ ရက်က လွိုင်ကော်ခရိုင် တရားသူကြီးရုံးသို့ ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ် (၃/၂ဝ၁၄) ဖြင့် အယူခံတင်သွင်းခဲ့ သော်လည်း ပယ်ချခံခဲ့ရသည်။
ထိုသို့ မခိုင်အား ထောင်ဒဏ်ချမှတ်ခဲ့ ခြင်းသည် လွတ်လပ်စွာ သတင်းရယူခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်ခံရသည့်အပြင် တရား မျှတခြင်းမရှိသည့် စီရင်မှုမျိုးဖြစ်သဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည့်အပေါ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဇန်နဝါရီ ၇ ရက်တွင် သတင်းသမား ၁ဝဝ ကျော်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြသည်။
Eleven Media Group
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment