အင်ဒိုနီးရှားသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် Bali မြို့သို့ ရောက်ရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် Bali မြို့ KOPI LUWAK ကော်ဖီစိုက်ပျိုးရေးခြံ၌ ကြောင်ကတိုးမွေးမြူပြီး ကော်ဖီ စိုက်ပျိုးထားမှုကို ကြည့်ရှုလေ့လာကြသည်။
ဖေဖော်ဝါရီ ၂ဝ ရက် နံနက်ပိုင်းတွင် Bali မြို့ Jasamarga Bali Tol Highway Corporation မှ တည်ဆောက်ထားသော Bali Mandara Toll Road တံတားကို သွားရောက်လေ့လာကြသည်။
Bali Mandara တံတားသည် အရှည် ၁၂ ကီလိုမီတာရှိပြီး ဘာလီ ကျွန်းတောင်ဘက်ရှိ Benoa ၊ Ngurah Rai နှင့် Nusa Dua နယ်မြေသုံးခုကို Pelabuhan Benoa ပင်လယ်အော်အား ဖြတ်သန်း၍ ဆက်စပ်တည် ဆောက်ထားခြင်းဖြစ်သည်။ Bali မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို
ဖြေရှင်းနိုင်ရန် Bali အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် ပင်လယ်ကမ်းခြေရှိ ဟိုတယ်ဇုန်အား မြန်ဆန်လွယ်ကူစွာ သွားလာနိုင်ရန် ရည်ရွယ်၍ တည် ဆောက်ထားခြင်းဖြစ်ပြီး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့သည် Bali အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် အင်ဒိုနီးရှားတပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ဂျကာတာမြို့ Halin Perdank Liusama လေဆိပ်သို့ ရောက်ရှိသည်။
ဆက်လက်၍ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာရာ ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်သို့ ဖေဖော်ဝါရီ ၂ဝ ရက် ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြပြီး လေဆိပ်၌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
မြဝတီ
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment