လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, February 22, 2014

ခရမ်းမြို့မရဲစခန်း(ပ)၃၆/၂၀၁၄၊ပုဒ်မ၃၃၂/၃၃၃/၁၁၄အမှုမှ ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင် နေသူများအား ကူညီသတင်းပေးကြပါရန် မေတ္တာရပ်ခံခြင်း

၁၆.၂.၂၀၁၄ရက်နေ့ ၂၀၁၀အချိန် ခရမ်းမြို့မရဲစခန်းမှ ဒုရဲအုပ် သောင်းဆန်းညွန့်နှင့်အဖွဲ့သည် ခရမ်းမြို့မရဲစခန်(ပ)၁၃၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၄/ကျင့်-၅၁၂အမှုမှတရားခံပြေး ကိုနိုင်(ခ)ဒါးစူးသည် ခရမ်းမြို့၊ (၂)ရပ်ကွက်၊ ကွက်သစ်ပိုင်း၊
မြ၀တီမင်းကြီးလမ်းရှိ ၎င်း၏နေအိမ်သို့ ရောက်ရှိနေကြောင်း
သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ပါသည်။
ထိုသို့သွားရောက်ဖမ်းဆီးရာအဆိုပါနေအိမ်ခြံဝင်းအရောက်
ကိုနိုင်(ခ)နိုင်မိုး(ခ)ဒါးစူးပါ (၈)ဦးခန့် (အမျိုးသမီးများပါ)မှဓါး၊ တုတ်များဖြင့် ပြန်လည်ဝိုင်းဝန်းထိုးခုတ်ရိုက်နှက်ကြသဖြင့် ဒုရဲအုပ် သောင်းဆန်းညွန့်တွင် နဖူးပေါက်ပြဲ၊ ဦးခေါင်းနောက်စေ့ဝဲဘက်ပေါက်ပြဲဒဏ်ရာ၊
တပ်ကြပ် အောင်နိုင်ထွေးတွင် နဖူးပေါက်ပြဲ ဒဏ်ရာတို့ရရှိကာ ခရမ်းဆေးရုံတွင်အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ်လည်းကောင်း၊ တပ်ကြပ် တင်မောင်နိုင်တွင် ၀ဲ/ယာဂျိုစောင်းပြတ်ရှ၊ ၀ဲ/ယာမျက်ခုံး ဖူးရောင်၊ မေးစေ့ပေါက်ပြဲ ဒဏ်ရာများရရှိကာ ရန်ကုန်
ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရသောကြောင့် ကိုနိုင်(ခ)နိုင်မိုး(ခ)ဒါးစူးပါ
(၈)ဦးအား ခရမ်းမြို့မရဲစခန်း(ပ)၃၆/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၃၂/၃၃၃/၁၁၄ဖြင့် အမှုဖွင့်ပြီး တရားခံများ
ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါပြစ်မှုကျူးလွန်သူများအနက် မစန်းမြင့်(ခ)နာအိုဒါး
(ဒါးစူး၏အဒေါ်)၊ ဟိန္ဒူ/ဗုဒ္ဓ၊ (ဘ)ဦးဘဲလူးနှင့် ဒေါ်ခင်စိန်
(ခ)ဒေါ်ပါတီး (ဒါးစူး၏မိခင်) ၊ ဟိန္ဒူ/ဗုဒ္ဓ၊ (ဘ)ဦးဘဲလူးတို့အား
ဖမ်းဆီးရမိ ပြီး အောက်ပါတရားခံများမှာ ထွက်ပြေးတိမ်းရှောင်
လျက်ရှိပါသည်-

၁။ကိုနိုင်(ခ)နိုင်မိုး(ခ)ဒါးစူး၊ အမှတ်-မရှိ၊ မြ၀တီမင်းကြီးလမ်း၊
ကွက်သစ်ပိုင်း၊ (၂)ရပ်ကွက်၊ ခရမ်းမြို့။

၂။သိန်းမင်း(ခ)မီဒီယာ(ဒါးစူး၏ဦးလေး) လိပ်စာတူ။

၃။ဇော်လင်းထက်(ခ)ဘားလူး(ဒါးစူး၏ညီဝမ်းကွဲ) လိပ်စာတူ။

၎။အေးလွင်(ခ)မရမ်းသီး(ဒါးစူး၏ဦးလေး) လိပ်စာတူ။

၅။မခင်မာသန်း(ခ)ဘန်းလူး(ဒါးစူး၏အဒေါ်) လိပ်စာတူ။

၆။မစွေစီလာ(ဒါးစူး၏အဒေါ်) လိပ်စာတူ။

အမှုမှပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသော ကိုနိုင်(ခ)နိုင်မိုး(ခ)ဒါးစူးပါ (၆)ဦးအားအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး
အတွက် မိဘပြည်သူများအနေဖြင့် ၎င်းတို့နှင့်ပတ်သက်၍
အောက်ဖေါ်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီ
သတင်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-

၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၅၆-၂၁၀၄၂(တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၅၆-၃၀၀၉၈(ခရမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)
၀၅၆-၃၀၀၀၇(ခရမ်းမြို့မရဲစခန်း)

Yangon Police


No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..