တောင်ကိုရီးယား ရေတပ်နှင့် မရိန်းတပ်ဖွဲ့များ ပါဝင်သော အဖွဲ့ တစ်ဖွဲ့သည်
အမေရိကန် နှင့် ထိုင်းနိုင်ငံတို့ ဦးဆောင်သော Cobra Gold စစ်ရေး
လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်ရန် တောင်ကိုရီးယား နိုင်ငံ တောင်ပိုင်း
Jinhae ဆိပ်ကမ်းမှ ဖေဖော်ဝါရီ ၂ ရက် အစောပိုင်း တွင် ထိုင်းနိုင်ငံသို့
ထွက်ခွာခဲ့ ကြောင်း ဖေဖော်ဝါရီ ၃ ရက် Yonhap သတင်းတစ်ရပ် အရ သိရသည်။ အဆိုပါ အဖွဲ့တွင် ရေတပ် တပ်ဖွဲ့ဝင် ၁၇ဝ ဦး ၊ မရိန်း တပ်ဖွဲ့ဝင် ၂၁၆
ဦးနှင့် အတူ တန်ချိန် ၂၆ဝဝ ခန့် အလေးချိန် ရှိသော ကမ်းထိုးရေယာဉ်
တစ်စီးနှင့် ကုန်းရေ နှစ်သွယ်သွား တိုက်ခိုက်ရေး ရေယာဉ်များ ပါဝင်ကြောင်း ၊
၎င်းအဖွဲ့သည် ထိုင်းနိုင်ငံ Sattahip ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၁
ရက်နေ့တွင် ရောက်ရှိ မည် ဖြစ်ကြောင်း သိရှိရသည်။
Cobra Gold စစ်ရေး လေ့ကျင့်ခန်းအား ဖေဖော်ဝါရီ ၁၁ ရက်မှ ၂၁ ရက် အထိ ပြုလုပ်မည် ဖြစ်ပြီး ၄င်း စစ်ရေး လေ့ကျင့်ခန်းတွင် ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန် နှင့် ထိုင်းနိုင်ငံတို့မှ တပ်ဖွဲ့ဝင် ၇၈ဝဝ ဦးခန့် ပါဝင် လေ့ကျင့်မည် ဖြစ်ကြောင်း သိရှိရသည်။
တောင်ကိုရီးယား တပ်ဖွဲ့ဝင် များသည် မတ်လ အစောပိုင်းတွင် မိခင်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် နိုင်ငံစုံ တပ်ဖွဲ့ဝင်များ တပ်ဖြန့် ချထားရေး၊ လက်နက် ဖျက်သိမ်းရေးနှင့် တည်ငြိမ်ရေး ရည်မှန်းချက် တာဝန်များ အပါအဝင် ပဋိပက္ခများ အဆုံးသတ်ရေး ဆိုင်ရာ လေ့ကျင့်ခန်းများ လေ့ကျင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကန

No comments:
Post a Comment