ရုရှားနိုင်ငံ မှ ဆောက်ခဲ့သော HQ 183 Ho Chi Minh City အမည်ရှိ
ဒုတိယမြောက် ကီလို အတန်းအစား ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘော အား ဗီယက်နမ်
နိုင်ငံ ရေတပ် အခြေစိုက် စခန်း သို့ ပို့ဆောင်ရန် ရုရှားနိုင်ငံ
Yantar သင်္ဘောကျင်း မှ အကြီးစား ၀န်ချီသင်္ဘော ဖြင့် ဖေဖော်ဝါရီ ၃ ရက်က
သယ်ဆောင် ထွက်ခွာ သွားကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။
ဗီယက်နမ် နိုင်ငံသည် ရုရှားနိုင်ငံ မှ ကီလို အတန်းအစား ရေငုပ်သင်္ဘော ၆ စင်း ၀ယ်ယူရေး အတွက် ၂၀၀၉ ခုနှစ်တွင် သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ရာ ပထမဆုံး အစင်း ဖြစ်သည့် HQ 182 Hanoi ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သည်။
အဆိုပါ အကြီးစား ၀န်ချီသင်္ဘောသည် ယခုအခါ ဘောလ်တစ် ပင်လယ်သို့ ခုတ်မောင်းလျက် ရှိပြီး ဗီယက်နမ် နိုင်ငံ Cam Ranh ဆိပ်ကမ်းသို့ ရောက်ရန် အချိန် တစ်လခွဲခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ရုရှား နိုင်ငံသည် HQ 184 Haiphong အမည်ရှိ တတိယမြောက် ရေငုပ် သင်္ဘောကို ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်မှ စ၍ တည်ဆောက်လျက် ရှိပြီး ယခုနှစ် အတွင်း ဗီယက်နမ် နိုင်ငံသို့ ဆက်လက် ပေးပို့ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကန

No comments:
Post a Comment