လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, February 6, 2014

မန္တလေးတွင် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပမည်

မန္တလေးမြို့တော်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ကျရောက်သော ၉၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပမည့် တာဝန် ရှိသူများထံမှ သိရှိရသည်။
"ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ ကဗျာတွေ ရွတ်ဖတ်ကြမယ်။ ကဗျာပြပွဲ အဖြစ်လည်း ပြသကြပါမယ်" ဟု ယင်းပွဲ စီစဉ်သူ ဦးပုညဆွေက ဆိုသည်။
ယင်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲနှင့် ရွတ်ဖတ်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မန္တလေးမြို့တော် ၃၄ လမ်း ၈၀ x ၈၁ လမ်းကြား၊ သီရိ ပန်းချီပြခန်း၌ ပြုလုပ်မည်ဖြစ်ပြီး ဗိုလ်ချုပ်အကြောင်း ရေးသားထားသော စာအုပ်များ ကိုလည်း လျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူ စဥ့်ကိုင်မြို့နယ် ပလိပ်မြို့မှ လူငယ်များက ပရဟိတ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းသားများကို ဗိုလ်ချုပ်နှင့် ပတ်သက်သည့် အကြောင်းအရာများ ဟောပြောကြမည်ဖြစ်ပြီး မွေးနေ့အထိမ်းအမှတ် အဖြစ် ကျောင်းသားများကို စာရေး ကိရိယာများ လှူဒါန်းသွားရန် စီစဉ်လျက်ရှိကြောင်း ပလိပ်မြို့ဒေသခံ လူငယ်များထံမှ သိရှိရသည်။

"မြို့နယ်အတွင်းမှာ ပရဟိတ ကျောင်းတွေ များတဲ့အတွက် ဘယ်ကျောင်းမှာ လှူမယ်ဆိုတာ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်အောင်ဆန်းချစ်သူ ပလိပ်မြို့ဒေသခံ လူငယ်တစ်ဦးက ဆိုသည်။

ယင်းလူငယ်များ အဖွဲ့သည် ပြီးခဲ့သည့်နှစ် ဗိုလ်ချုပ်မွေးနေ့ကလည်း ပလိပ်မြို့ ရေချမ်းအိုး ဘုန်းတော်ကြီးသင် ကျောင်းတိုက်မှ ကျောင်းသားများကို စာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

အမျိုးသားရေးနှင့် သက်ဆိုင်သော အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်လေ့ ရှိသည့် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် တွင်လည်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ယင်းကျောင်းတိုက် ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..