လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, February 27, 2014

ဆင်းထုတော်တွင်ပျားစွဲ ဖူးမြှော်ကြသူမစဲ

ထူးခြားဖြစ်စဉ်တစ်ခုကို အကြောင်းပြု၍ မှတ်တမ်းတစ်ခု အဖြစ်ပြော ဆိုလေ့ရှိသည်။ ရထားလမ်းဖောက် သည့်နှစ်က၊ လေပြင်း တိုက်သည့်နှစ်က၊ ကျောင်းရေစက်ချတဲ့နှစ်က၊ မီးလောင်တဲ့နှစ်က စသည်ဖြင့်မှတ်တမ်း အဖြစ်ပြောဆိုကြရာတွင် ဂန့်ဂေါမြို့နယ်သူ၊ မြို့နယ်သားများပြောဆိုလေ့ရှိသောစကားမှတ်တမ်းများထဲ၌ ရေကြီး လျှံတဲ့နှစ်ကဟူသော မှတ်တမ်းလည်းတစ်ခုအပါအဝင်ဖြစ်သည်။
၁၉၆၈ ခုနှစ်က မြစ်သာမြစ်ရေမှာ အမြင့်ဆုံး စံချိန်း တင်ရေကြီးရေ လျှံမှုဖြစ်ခဲ့ရာ ကျေးရွာ များသို့ရေလျှံ တက်သဖြင့် အမြင့်ပိုင်း သို့ပြောင်းရွှေ့နေ ထိုင်ကြရ သည့် ကျေးရွာများ အနက် အောင်မြင်ကျေးရွာသည်လည်း တစ်ရွာအပါအဝင်ဖြစ်သည်။
ကျေးရွာဟောင်းအရပ်ဖြစ်ခဲ့သည့်နေရာ(ရှောက်ပင်ရွာ)တွင် ဘုရားစေတီများ ကျန်ခဲ့ရာ အောင်မြင်ရွာနေ ပြည်သူများက အဆိုပါဘုရားစေတီများအား

မွမ်းမံပြင် ဆင်ခြင်း၊ အနေကဇာတင်လှူပူဇော်ခြင်းတို့နှင့် ဗုဒ္ဓပူဇနိယ ပွဲတို့ကို နှစ်စဉ်ဆောင်ရွက် လျှက်ရှိကြသည်။ ယခုနှစ်တွင်ကျင်းပသည့် ဗုဒ္ဓပူဇနိယပွဲတော်၌ အသံမစဲမဟာ ပဌာန်းပွဲကိုပါထည့်သွင်းကျင်းပပူဇော်ရာ ပဌာန်းပွဲ စတင်ကျင်းပသည့်နေ့တွင် စေတီတော်အတွင်းရှိ ဘုရား ဆင်း ထုခေါင်းတော်တွင် ပျားများအုံဖွဲ့ကြောင်းနှင့် ပွဲတော်ကျင်းပစဉ်ကာလတွင် ရာသီ ဥတုမှာ ထူးခြားစွာ သာယာမှုရှိကြောင်း၊ ပွဲတော်ကျင်းပပြီးသည်မှာ တစ်လကျော်ကြာပြီးဖြစ်သော် လည်း ဘုရားဖူးများလာရောက် ဆဲဖြစ်ကြောင်းနှင့် ဆုတောင်းပြည့်သည်ဟု ယုံကြည်မှုဖြင့် လာရောက်ဖူးမြှော်ကြခြင်းဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..