အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြိမ် (၂၀) မြောက် ချန်ပီယံ ဖြစ်ခဲ့သည့် မန်ချက်စတာ ယူနိက်တက် အသင်း၏ ဘာကလေ ပရီးမီးယားလိဂ် ဆုဖလားကို DHL ကုမ္ပဏီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် ပြသမည် ဖြစ်ပြီး မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း DHL ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းဆုဖလားကို ရွှေတိဂုံ စေတီတော်ကြီး၏ ရင်ပြင်တော်ပေါ်တွင် အများပြည်သူကို ပြသမည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း ယင်းသတင်းများမှာ ကောလာဟလသာ ဖြစ်ကြောင်း၊ ဆီဒိုးနား ဟိုတယ်၌သာ လူဦးရေ အကန့်အသတ်ဖြင့် ပြသမည် ဖြစ်ကြောင်း၊ ယင်းဖလားကြီးကို ကြည့်ရှုလိုသူများကို DHL ကုမ္ပဏီက လက်မှတ် ရောင်းချမည် မဟုတ်သော်လည်း မည်သည့် ကန့်သတ်ချက် ဆိုသည်ကိုမူ လက်ရှိ အချိန်၌
ပြောခွင့် မရှိကြောင်း ၎င်းကဆိုသည်။
အဆိုပါ ပရီမီးယားလိဂ်ဖလားနှင့် အတူ မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ကစားခဲ့သည့် ကစားသမားဟောင်း တစ်ဦးလည်း လိုက်ပါလာမည် ဖြစ်သော်လည်း လက်ရှိ အချိန်၌ မည်သူ ဖြစ်မည် ဆိုသည်ကို အတိအကျ မပြောနိုင်သေးကြောင်း၊ DHL ကုမ္ပဏီသည် မန်ချက်စတာ ယူနိုက်တက် အသင်းကို အထောက်အပံ့ ပေးထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် ယင်းသို့ ပြသရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မန်ချက်စတာ ယူနိုက်တက်အသင်း ကစားသမားဟောင်းများ ဖြစ်သည့် ကလေတန် ဘလက်မိုး၊ လီရှပ်၊ ဒင်းနစ်အာဝင်နှင့် အင်ဒီကိုးတို့မှာ ချန်ပီယံလိဂ်၊ အပ်ဖ်အေ၊ ပရီမီးယားလိဂ် ဖလား သုံးလုံးတို့နှင့် အတူ ၂၀၁၃ ခုနစ် အတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက် ပြသခဲ့ဖူးပြီး မြန်မာ့ လက်ရွေးစင် ကစားသမားများနှင့် ခြေစမ်း ကစားခဲ့ဖူးသည်။
ယခု အစီအစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဆုဖလား လှည့်လည် ပြသရေး အစီအစဉ်အရ ကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် ၎င်းတို့ ရရှိခဲ့သော ဆုဖလားများကို ပြသမည် ဖြစ်ပြီး ယင်းအစီအစဉ်ကို ဂျာမနီ အခြေစိုက် DHL ကုမ္ပဏီက ပံ့ပိုး ကူညီပေးခြင်း ဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ စတင် တည်ထောင်ခဲ့သည့် DHL ကုမ္ပဏီသည် လက်ရှိ အချိန်၌ ဝန်ထမ်းပေါင်း ၂၇၅၀၀၀ ဖြင့် စာနှင့် ကုန်ပစ္စည်းများကို ကမ္ဘာ့နေရာ အနှံ့သို့ ပို့ဆောင်ပေးလျက် ရှိသည်။
၂၀၁၁ ခုနှစ် သြဂုတ်လတွင် မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အမေရိကန် ဒေါ်လာသန်း ၄၀ တန်ဖိုးရှိ လေ့ကျင့်ရေး ဝတ်စုံများ ထောက်ပံ့ ပေးခဲ့သည်။
The Voice Weekly
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment