အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ကလေးငယ် အနည်းစုတွင် ပိုလီယို ရောဂါနှင့် ပုံစံတူသည့် ကုသ၍မရနိုင်သော ရှားပါးရောဂါ တစ်မျိုး ကူးစက်ပေါ်ပေါက်လျက် ရှိကြောင်း အမေရိကန် သုတေသန ပညာရှင်များက ယမန်နေ့က ပြောကြားလိုက်သည်။
ရုတ်တရက် သွက်ချာပါဒ ဖြစ်သည့် ရောဂါအခြေအနေ ၅ မျိုးနှင့် ပတ်သက်ပြီး Philadelphia မြို့ အမေရိကန် အာရုံကြောဆိုင်ရာ ကုသရေးအဖွဲ့၏ နှစ်စဉ်အစည်းအဝေးတွင် Stanford တက္ကသိုလ် ကျွမ်းကျင်ပညာရှင်များက ရှင်းလင်းဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝှမ်း ပိုလီယို ဗိုင်းရက်စ် တိုက်ဖျက်ရေးများကို ဆောင်ရွက်လျက် ရှိပြီး ၁၉၅၀ ပြည့်နှစ်များ ကတည်းက ထိရောက်သည့် ကာကွယ်ဆေးများ တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ပိုလီယိုနှင့် တူသည့် အခြားသော ဗိုင်းရက်စ်များ ပျံ့ပွားရောက်ရှိနိုင်ကြောင်း အာရုံကြော ကုသရေးဆိုင်ရာ ပညာရှင်
Keith Van Haren က ပြောကြားသည်။
ယင်းသို့သော ကူးစက်ရောဂါများသည် ပါကစ္စတန်၊ နိုင်ဂျီးရီးယားနှင့် အာဖဂန်နစ္စတန် စသည့် နိုင်ငံများသို့ ပျံ့နှံ့ ရောက်ရှိလျက် ရှိသည်။ အဆိုပါ ရောဂါသည် အလွန်ရှားပါးသည့် ရောဂါဖြစ်သည့်အတွက် မိမိတို့၏ ကလေးငယ်များတွင် ခန္ဓာကိုယ် ပျော့ခွေနေသည့် သွက်ချာပါဒ ရောဂါလက္ခဏာမျိုး တွေ့ရှိရလျှင် နီးစပ်ရာ ဆရာဝန်နှင့် တိုက်ရိုက် ဆက်သွယ်ရန် မိဘများအား သတိပေး တိုက်တွန်းထားကြောင်း သိရှိရသည်။
MOI Webportal Myanmar
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment