သိမ်းစ်မြစ်ကမ်းပါး နေရာအချို့တွင် မုန်တိုင်းတိုက်ခတ်ရာမှ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခြင်းနှင့်အတူ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးဟောင်းများစွာ ကမ်းတင်လာခဲ့
ဗြိတိန်တွင် ရာသီဥတု ဆိုးရွားမှု နောက်ဆက်တွဲ အန္တရာယ်တစ်ခုကို မမျှော်လင့်ဘဲ ရင်ဆိုင်နေရပြီ ဖြစ်သည်။ သိမ်းစ်မြစ်ကမ်းပါး နေရာအချို့တွင် မုန်တိုင်းတိုက်ခတ်ရာမှ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခြင်းနှင့်အတူ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးဟောင်းများစွာ ကမ်းတင်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးများသည် ဂျာမန်လေတပ်မှ Luftwaffe ဗုံးကြဲလေယာဉ်များက ကြဲချထားခဲ့ခြင်း ဖြစ်သည်။ ဗုံးများသည် ကမ်းခြေတွင် ပျံ့နှံ့တည်ရှိနေပြီး ယင်းတို့အနက် ပေါက်ကွဲနိုင်စွမ်း ရှိနေသည့် အခြေအနေ မည်၍မည်မျှ ရှိသည်ကို အဖြေမထုတ်နိုင်သေးချေ။
ဗုံးများအနက် အများစုသည်
ဗုံးခွဲများဖြစ်နေပြီး အချို့မှာလည်း ဗုံးသီးအဖြစ် ရှိနေဆဲဟု သိရသည်။ သိမ်းစ်မြစ်ကမ်းပါး တစ်လျှောက်တွင် နောက်ထပ် ဗုံးအများအပြား ရှိနေဆဲဟုလည်း ယူဆရသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမန်တပ်များက လန်ဒန်ကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်စဉ် ယင်းလက်နက်များ ကြွင်းကျန်နေခြင်း ဖြစ်သည်။ ဝက်ဝစ်ခ်ပင်လယ်အော်တွင် ပေါင်(၁၀၀) Mk XIX အမျိုးအစား ဗြိတိန်လုပ် ရေငုပ်သင်္ဘောဖျက် မိုင်းတစ်လုံး လှိုင်းရိုက်သဖြင့် ပေါ်လာသည်ကို တွေ့ရသည်။ ယင်းနေရာသည် နာမည်ကျော် ကော်နစ်ရှ် ကမ်းခြေ အပန်းဖြေစခန်းနှင့် မနီးမဝေးတွင် တည်ရှိသည်။
ပိုလေးဆိပ်ကမ်း အနီးတွင် ဒုတိယကမ္ဘာစစ်လက်ကျန် မော်တာကျည် နှစ်တောင့်ကို တွေ့ရသည်။ မြောက်ပိုင်းဒီဗွန်၊ ဝူလာကွမ်ဘီစသော နေရာများတွင်လည်း မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ဒုတိယကမ္ဘာစစ် အကြွင်းအကျန် လက်နက်အချို့ကို တွေ့ရှိ သိမ်းဆည်းခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Planet Myanmar Network
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment