အလုံမြို့နယ် ငုဝါလမ်း အပိုင်း (၃) ရှိအများပြည်သူ အသုံးပြုနိုင်သော နောက်ဖေးလမ်းကြား မြေနေ ရာပေါ်တွင် အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်ထားခြင်းများ ကြောင့် ၀င်ပေါက်ပိတ်ကာ နောက်ဖေးလမ်း သန့်ရှင်းရေး ပြုလုပ်ရာ၌ အခက်အခဲတွေ့နေရကြောင်းတိုက် ခန်းနေသူများ ထံမှ သိရသည်။
ထိုကဲ့သို့ဆောက်လုပ်ခြင်းများ ကြောင့် တိုက်ခန်းမှမိလ်္လာကန်များ ပြည့်သည့် အခါကားဖြင့်စုပ်ယူရန် အခက်အခဲဖြစ်ခြင်း၊ တစ်စုံတစ်ခု ဖြစ်၍ထွက်ရန် နောက်ဖေးလမ်း ပျောက်လာခြင်း၊ ရေစီး၊ ရေလာ စီးဆင်းမှုတွင်လည်း ပိတ်ဆို့ခြင်းစ သည့်အခက်အခဲများကြုံတွေ့နေ ရကြောင်းသိရသည်။
““ကျွန်မတို့မိလ္လာကန်ပြည့်လို့ ကားခေါ်ပြီးစုပ်ခိုင်းမယ်ဆိုရင် ဘယ်အပေါက်က နေပိုက်ကိုသွင်းရ မလဲမသိတော့ဘူး။ သူများအိမ်ထဲ ကဖြတ်ပြီးသွင်းလို့ပဲ ရတယ်။ တချို့ ကမိလ်္လာကားမခေါ်တော့ဘဲဒီအတိုင်း ဖောက်ချတဲ့အတွက်
အနံ့အသက် မကောင်းဘူး”” ဟုအဆိုပါနေရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ယင်းကိစ္စကိုရန်ကုန်မြို့တော် စည်ပင်သို့ ၂၀၁၃ ခုနှစ် နှစ်စပိုင်း ၌ပင်တိုင်ကြားခဲ့သော်လည်းတစ် ကြိမ်သာလာကြည့်ခဲ့၍ဖြေရှင်းပေးမှု မရှိသေးကြောင်းသိရသည်။
““ဆောက်လုပ်ထားတဲ့ပိုင်ရှင် တွေကိုသွားပြောတော့လည်းသူတို့ ကဒီနေရာကိုမြေပိုအဖြစ်တရားဝင် ၀ယ်ထားတယ်လို့ပြောတယ်။ ဂရန် ထဲမှာလည်းပါတယ်လို့ပြောတယ်။ ဒါပေမဲ့အခြားလမ်းတွေ၊ နေရာ တွေမှာသူ့နေရာနဲ့သူနောက်ဖေး လမ်းကြားတွေအားလုံးရှိတယ်။ ကျွန်မတို့ဒီနေရာပဲဖြစ်နေတဲ့အတွက် စည်ပင်သာယာကိုတိုင်ထားတာပါ။ ဒါပေမဲ့ အခုထိလာမရှင်းပေးသေး ဘူး”” ဟုယင်းနေရာတွင်နေထိုင်သူ ဒေါ်ခင်သန္တာဝင်းကပြောသည်။
အဆိုပါကိစ္စသည်အများပြည်သူ နှင့်သက်ဆိုင်၍နေထိုင်သူအချို့ အခက်အခဲဖြစ်နေကြောင်းကိုအလုံ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးခိုင်မောင်ရည်ထံသို့တိုင် ကြားထားကြောင်းလည်းသိရသည်။
The Hot News Weekly
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment