လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, February 25, 2014

ထိုင်းအခက် ဗမာ့အချက်လော

ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့်နှစ်စဉ် ဆန်တန်ချိန် လေးသန်းခန့်ဝယ်ယူရန် လိုအပ်လျက်ရှိရာ
ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ အဓိက၀ယ်ယူမည်ဖြစ်ကြောင်း ယခုနှစ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလပိုင်းအ တွင်းက ပြည်တွင်းရုပ်သံ သတင်းဌာန များတွင် ကြေညာထားခဲ့သည်။
တရုတ်နှင့် ထိုင်းနိုင်ငံကြား ဆန်ကုန်သွယ်မှုစာချုပ် ပျက်ပြား မှုကြောင့် မြန်မာ့ဆန်ဈေးကွက် အလားအလာ ကောင်းလာ
နိုင်သည်ဟု မြန်မာ ဆန်ကုန်သည်အသိုင်းအ၀ိုင်းက သုံးသပ်
နေကြသည်။ထိုင်းအခက်ပြီးခဲ့သည့် ၂၀၁၃ နှစ်လယ်ပိုင်းမှ စတင်ပြီး ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ၏ပြည်တွင်းရေးမငြိမ်သက်မှုများ ကြောင့် တရုတ်နိုင်ငံက ထိုင်းနိုင်ငံမှ ဆန်တန်ချိန် တစ်သန်းကျော်ဝယ်ယူမည့်


အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ထိုင်းကုန်သွယ်ရေး ၀န်ကြီးဌာန၏ပြောကြားချက်များကို ကိုးကား၍ ထိုင်းအခြေစိုက် သတင်းဌာနများ တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံနှင့် ထိုင်းနှစ်နိုင်ငံကြား ၂၀၁၃ နှစ်ကုန်ပိုင်းတွင် သဘောတူညီခဲ့သည့် အဆိုပါ ဆန်ဝယ်ယူမည့် အစီအစဉ်ကို
ဖျက် သိမ်းခြင်းမှာ ထိုလာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်
အနေဖြင့် ၀န်ကြီးချုပ် ယင်လတ်၏ ဆန်ရောင်းချခြင်း ပေါ်လစီကို စစ်ဆေးမှုပြုလုပ်နေသော ကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်အစိုးရအနေဖြင့် လယ်သမားများကို ဆန်ဖိုးငွေများ မပေးချေနိုင်သည့် အခြေအနေများကြောင့် ယင်လတ်အစိုးရ၏ အဓိကထောက်ခံသူ လယ်သမားများကပါ အစိုးရကို ဆန့်ကျင် သည့် အင်အားစု
ဖြစ်လာနိုင်သဖြင့် ထိုင်းအစိုးရအနေဖြင့် အစိုးရချင်း သဘော
တူညီမှုကို မည်သည့် နည်းနှင့်မျှ ဖြည့်စွမ်းနိုင်မည့် အခြေအနေ
မရှိပေ။

ဗမာ့အချက်လော

ယခုကဲ့သို့ ထိုင်းနှင့် ဆန်ကုန်သွယ်မှုစာချုပ် ပျက်ပြယ်သွားက
မြန်မာနိုင်ငံအတွက် အလားအလာကောင်းများ ရှိနေသည်ဟု ဆိုနိုင်သော်လည်း မြန်မာနိုင်ငံ၏ဆန်ဈေးကွက် ကျွမ်းကျင်သူ အများစုက ပြည်တွင်းဆန်ဈေးကွက်ကို သတိထားသင့်ကြောင်း သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်အများစုသည် တရုတ်၊
အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ အဓိက တင်ပို့လျက် ရှိသော်လည်း ဆန်မှာမူ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ အများဆုံးတင်ပို့ လျက်ရှိသည်။

“တရားမ၀င်လမ်းကြောင်းနဲ့က ၉၀ ရာခိုင်နှုန်းလောက်ရှိ
တယ်” ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများ အသင်းဝင် ကုန်သည်ကြီး တစ်ဦးက ဆိုသည်။

အဆိုပါ တရုတ်နှင့် ထိုင်း ဆန်ကုန်သွယ်မှုစာချုပ် ပျက်ပြယ်
ခြင်းသည် တရားမ၀င်မဟုတ်သရွေ့ မြန်မာ့ဆန်ဈေးကွက်ကို
ထိခိုက်ခြင်း မရှိနိုင်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

တရုတ်အနေဖြင့် ရိက္ခာလိုအပ်ချက်ကို မြန်မာနိုင်ငံသာမက
ဗီယက်နမ်၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများမှလည်း ၀ယ်ယူ
ဖြည့်တင်းနိုင်သည့် အခြေအနေရှိနေသဖြင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါပမာဏကို ၁၀၀ ရာခိုင်နှုန်းအပြည့် ရရှိရန် မလွယ်ကူ
ကြောင်း ဆန်ကုန်သည်ကြီး တစ်ဦးက ဆိုသည်။

တရုတ်သို့ ဆန်တင်ပို့မှု တရားဝင် အခြေအနေမဖြစ်ပေါ်
သေးခြင်းကြာင့် မြန်မာနိုင်ငံအနေဖြင့် နစ်နာနိုင်သည့်
အခြေအနေများလည်း ရှိနေသေေးကြာင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းဖြင့် တရားမ၀င် ကုန်သွယ်မှုများကို တရားဝင်ဖြစ်စေရန် မြန်မာနိုင်ငံစက်မှု
လက်မှု ကုန်သည်များ အသင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း
ချုပ်မှ စီးပွားကူးသန်းသို့ တင်ပြထားသော်လည်း ယနေ့အချိန်ထိ
ပြောင်းလဲခြင်း မရှိသေးကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော် လှိုင်က ပြောကြားသည်။

“စီးပွားကူးသန်းက တရုတ်ဘက်ကို ကမ်းလှမ်းထားတာတော့ ရှိတယ်။ ဒါတွေက မကြာခင်တော့သိရမှာပါ။ ဆန်ကို ဦးတို့ဘက်တင်ပို့တာ တရားဝင်ဖြစ်ပေမဲ့၊ သူတို့ဘက်က တရားမ၀င်ဘူး။ ဒါကြောင့် မြန်မာဘက်ကုန်သည် တွေအတွက် နစ်နာတယ်”ဟု ၎င်းကဆိုသည်။

တရုတ်ညစ်ကွက်တွေ သိဖို့လို

ဆန်ကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ
တရားဝင် တင်ပို့ရန်နှင့် တရုတ်တပ်မတော် ရိက္ခာအတွက်
မြန်မာနိုင်ငံမှ ဆန်ကို တရားဝင်ရောင်းချနိုင်ရန် အစိုးရချင်း အကြိမ်ကြိမ်ချိတ်ဆက်ဆွေးနွေး လျက်ရှိသော်လည်း ယခု အချိန်အထိ ရေရာသည့်အနေအထား မရှိ ကြောင့် နယ်စပ်
ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိကြီးတစ်ဦးက
ဆိုသည်။

“တရုတ်က ဖွင့်မပေးချင်လို့သာ မပေးတာ ဒီဆန်တွေ သူတို့ ဆီကို မှောင်ခိုဝင်နေတာ သူတို့သိတာပဲ။ ကိုယ့်ဂိတ်မှာသာ
မှောင်ခို သူတို့ နိုင်ငံထဲရောက်သွားရင် တရားဝင် ဖြစ်သွား
ရော”ဟု မူဆယ်နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်းမှ ကုန်သည်ကြီးတစ်ဦးက ဆိုသည်။

မူဆယ်နယ်စပ်ဂိတ်မှ နေ၍ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့
ဆန်တင်ကား အနည်းဆုံး အစီး ၂၀ ခန့်မှာ နေ့စဉ်လိုလို သွားရောက်နေကြောင်း ၎င်းက ဆိုသည်။

“တရုတ်ကလိုအပ်တဲ့အခါကျရင် ဘာမဟုတ်တဲ့ ဒန့်တလွန်စေ့၊ တလိုင်းမကြီးကွမ်းဖက်လိုဟာမျိုးတောင် ဈေးပိုပေးပြီး ၀ယ်
တယ်။ အဲဒီ့လို ၀ယ်တဲ့အခါ ဒီမြန်မာဘက်က ကုန်သည်တွေက
ဒေသတွေဆင်း အတင်းအ၀ယ်ပြီးစု ကြတယ်။ ဟော အဲဒီ့တော့
ပြည်တွင်းမှာ ဈေးကွက်တွေ တက်ကုန်ရော။ တက်ပြီးရင် မြန်မာ
နိုင်ငံက ဈေးပြန်ကျဖို့က ခက်တယ်။ ဒါကြောင့် ပြည်တွင်းစားသုံး
သူကို ထိခိုက်စေတယ်။ အခုလို ဆန်မျိုး ဆိုရင်ပိုဆိုးတာပေါ့”ဟု
ရန်ကုန် မြို့ဝါးတန်းလမ်း ကုန်သည်ဒိုင်အတွင်းရှိ ၀ါရင့်ဆန်ကုန်သည် ကြီးတစ်ဦးက ပြောကြားသည်။

မရေရာသေးပါ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကမူ ဆန်
ကုန်သွယ်မှုတွင် ယင်းကိစ္စများကြောင့် နယ်စပ်ကုန်သွယ်မှု
အနည်းငယ် ပိုမို ကောင်းမွန်လာနိုင်သော်လည်း ရေကြောင်း
ကုန်သွယ်မှု ပုံမှန်ကုန်သွယ်ရေးပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ပြောကြားသည်။

ကမ္ဘာ့အရည်အသွေးမီ ဆန်အဆင့်တွင် ပထမမှာ ထိုင်း၊
ဒုတိယမှာ ဗီယက်နမ်တို့ဖြစ်ပြီး ယခုအချိန်တွင် မြန်မာ့ဆန်၏ အရည်အသွေးကို မြှင့်တင်ရန် လိုအပ်နေသေးကြောင်း ဘုရင့်
နောင်ဆန်ကုန်စည်ဒိုင်အတွင်းမှ ပြည်ပသို့ တင်ပို့နေသည့် ဆန်ကုန်သည်ကြီးတစ်ဦးက ပြောကြားသည်။

“အခု အရည်အသွေးအရမ်းစီစစ်တယ်ဆိုတဲ့ ဂျပန်ကိုတောင်
၂၅ မှတ်တန် ဆန်ပဲတင်ပို့နိုင်တာ။ ဒါကြောင့် ဒီစာချုပ်ပျက်ပြယ်
တာနဲ့ မြန်မာ့ ဆန်ကို ပိုဝယ်မယ်လို့ မဆိုနိုင်ဘူး”ဟု ၎င်းက
ပြောကြားသည်။

ယခုလက်ရှိတွင် မြန်မာ့ဆန်ကို အာဖရိကနှင့် ဘင်္ဂလားဒေ့ရှ်
လောက်သာ အဓိက၀ယ်ယူနေကြောင်း ဆန်ကုန်သည်များ
ထံမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းဆန်များကို ၄ နိုင်ငံမှ စာရင်းရှိဝယ်ယူနေသော်လည်း တရုတ်နိုင်ငံ၏၀ယ်ယူမှုမှာ စာရင်းပျောက်ဖြစ်နေ ကြောင်း
ဝါတန်းလမ်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုးမောင်က ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွင်းတွင် တရုတ်နိုင်ငံမှ မြန်မာ့လုံးတီးဆန်များကို ၀ယ်ယူရန်စီစဉ်နေသဖြင့် လုံးတီးဆန်ကို တရား ၀င်တင်ပို့ခွင့်ရရှိ
ရန် စီးပွား/ကူးသန်းသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တောင်း ဆိုထားကြောင်းကိုလည်း ယင်းအသင်းမှ စုံစမ်းသိရှိရသည်။

ယခင်နှစ်ကဆိုလျှင် နယ်စပ်မှတရုတ်သို့ ဆန်အသွား တရားဝင် စာရင်းတန်ချိန် တစ်သိန်းခန့်သာပြပြီး တကယ့်လက်တွေ့တွင်
ရှစ်သိန်း ခန့်သွားကြောင်း နယ်စပ်ဆန်ကုန်သည်များထံမှ စုံစမ်း
သိရှိရသည်။

တရုတ်သို့ ဆန်တန်ချိန်တစ်သန်း တင်ပို့ရန် ပျက်ကွက်သည့်
ထိုင်း၏ အခက်အခဲသည် မြန်မာနိုင်ငံအတွက် အခွင့်အရေးကောင်း
အဖြစ် ပိုင် ပိုင်နိုင်နိုင်ဆိုင်ကိုင်နိုင်ရန်မှာ ရေရာသေချာလှသည့် အခြေအနေတော့ မရှိကြောင်း နယ်စပ်ကုန်သည်ကြီးများက သုံးသပ်လျက်ရှိသည်။

မျိုးပပစန်း
ဓာတ်ပုံ - ကျော်ကျော်မင်း

ဒို့တောင်သူ သတင်းဂျာနယ်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..