ထိုင်းနိုင်ငံငံ ဘန်ကောက်မြို့ ပသူနန်းရပ်ကွက်ရှိ FEEL pratunam ဆိုတဲ့ ပင်လယ်စာရောင်းတဲ့ စားသောက်ဆိုင်တခုမှာ လစာမရဘဲ ပိတ်လှောင် ခိုင်းစေခံနေရတဲ့ မွန်လူငယ် ၃ ဦး ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
သူတို့ဟာ ညနေ ၃ နာရီကနေ ၁၂ နာရီအထိ ဆိုင်မှာ အလုပ်လုပ်ရပြီး ဆိုင်ဖွင့်ချိန်ကလွဲရင် သူတို့ကို ဆိုင်ရှင်က ပိတ်လောင်ထားတယ်လို့ ပိတ်လောင်ခံရသူ မတင်ဇာနိုင်က ပြောပါတယ်။
“အလုပ်ပြီးရင် အခန်းထဲမှာ သော့ပိတ်ပြီး ထားခဲ့ပါတယ်။ မနက်ဖြန် သူလာဦးမယ်။ ညနေ ၅ နာရီလောက်မှ မနက်စာ ထမင်းစားရတယ်။ ထမင်းတွေ ပိုရင် ရေခဲသေတ္တာထဲ ထည့်ပြီး သော့ခတ်ထားလိုက်ပါတယ်။ ဟင်းတွေ ပေးချက်ပြီး မစားခိုင်းပါဘူး။”သူတို့ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ လာရောက်ကြပြီး ပွဲစားရဲ့ ဆက်သွယ်ပေးမှုနဲ့ အဲဒီဆိုင်မှာ အလုပ်ရခဲ့တာလို့ ဆိုပါတယ်။ အဲဒီဆိုင်မှာ အလုပ်လုပ်တာ ၃ လ ကျော်ရှိပေမယ့် လစာလည်း မရဘဲ
ပိတ်လောင်ခံခဲ့ရတာဖြစ်တယ်လို့လည်း မတင်ဇာက ပြောပါတယ်။
ပိတ်လှောင်ခံနေရသူတွေကို သွားရောက်ကယ်တင်ခဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက “အဲဒီကလေးတွေ ၁၅ ရက်နေ့က ကျနော်ဆီ ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ကျနော်တို့က သူတို့ ဓာတ်ပုံနဲ့ နေရပ်လိပ်စာတွေကို တောင်းတယ်။ မနေ့က ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကို အကူအညီတောင်းတယ်။ သူတို့က ခဏနေဦး၊ ဒီကိစ္စက လူကုန်ကူးမှု မြောက်လား၊ ဘာညာ သူတို့မှာလည်း ဥပဒေကြောင်းအရ လုပ်ရကိုင်ရတာတွေ ရှိတယ်။ ဒီနေ့ မနက် ၉ နာရီလောက်မှာ သူဌေးက လာပြီးဆဲတယ်။ မင်းတို့ကို ပုလိပ်ခေါ်မယ်၊ ဖမ်းမယ်လို့ ခြိမ်းခြောက်တော့ တင်ဇာနိုင်ဆိုတဲ့ ကောင်မလေးက စိုးရိမ်စရာ အခြေအနေကို ဖုန်းဆက်တော့ ကျနော်တို့ ချက်ချင်းရဲစခန်း လာတယ်။ အဲဒါကြောင့်မို့လို့ ဒီနေ့ မွန်းလွဲ ၃ နာရီလောက်မှာ ကယ်ထုတ်နိုင်လိုက်တယ်။”
အလုပ်ရှင်ကို ဖမ်းဆီးထားလိုက်တယ်လို့ ဆိုပါတယ်။ မတင်ဇာနိုင်ကတော့ အလုပ်ရှင်ကို တရားဥပေဒေက ဘယ်လိုပဲ စီရင်စီရင် သူ့အနေနဲ့ လုပ်ခလစာရရင် ကျေနပ်တယ်လို့ ပြောပါတယ်။
ပိတ်လောင်ခိုင်းဆေးခံရသူ ၃ ဦးဟာ အသက် ၁၈ ကနေ ၂၀ နှစ်ရှိ မွန်လူမျိုးတွေဖြစ်ပြီး လုပ်ခလစာရရင် မိမိနေရပ်ကို ပြန်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
DVB
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment