လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, February 20, 2014

ထိုင်းနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အစိုးရအနေနဲ့ အင်အားသုံး ဖြိုခွဲတာတွေ မလုပ်ဖို့ ထိုင်းနိုင်ငံ တရားရုံးတခုကနေ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မနေ့ကတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် လူ ၅ ဦး သေဆုံးသွားခဲ့ရပြီး နောက်မှာ အခုလို တရားရုံးရဲ့ ကြေညာချက် ထွက်လာတာပါ။
အစိုးရ ရုံးနေရာ တဝိုက်က ဆန္ဒပြ သပိတ်စခန်းတွေကို ရဲက ဖြိုခွဲဖို့ ကြိုးစားပေမယ့် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။
အခုလို အရပ်ဘက် တရားရုံးက ကြားဝင်ပြီး အမိန့်ထုတ်ပြန်လိုက်တာဟာ လပေါင်းများစွာ မတည်မငြိမ် ဖြစ်နေခဲ့မှုတွေကို အစိုးရက ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်လိုက်တဲ့ အရေးပေါ်အမိန့်ကို အကောင်အထည်ဖော်ရေးမှာ ရှုပ်ထွေးမှုတွေကို ဖြစ်စေနိုင်ပါတယ်။
ထောင်သောင်းချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကတော့

ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ရဲ့ ယာယီရုံးနေရာကို ဝိုင်းထားကြပါတယ်။

ပုံစာ- ၀န်ကြီးချုပ်ရဲ့ ယာယီရုံးရှေ့မှာ ၀ိုင်းရံဆန္ဒပြကြသူများ

BBC

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..