လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, February 20, 2014

ကြက်ဥစားရင် ပါဏာတိပါသာကံ ထိုက် မထိုက်

တချို့က ကြက်ဥကို အသက်မရှိသေးဘူးလို့ ယူစတယ်၊ ဗုဒ္ဓရဲ့ အဆိုအမိန့် အရ ဒီကြက်ဥလေး သန္တန် ပေါ်လာပြီဆိုကသေးက ဒီထဲမှာ ဝိညင်လေးရှိနေပြီ။ ဒီကြက်ဥလေး ပုပ်မသွားအောင် အသက်က ထိန်းသိမ်း စောင့်ရှောက်တယ်။ အကောင်မပေါ်သေးတာနဲ့ အသက်မရှိဘူးဆိုတာ မဟုတ်သေးဘူး။
ကြက်ဥလေးဟာ မိခင် ကြက်မကလည်း ဝပ်ပေးတယ် ဒါနဲ့ တဖြည်းဖြည်းရင့်လာတော့ အကောင်ဖြစ်လာတယ်။ အဲ့ဒီဖြစ်လာဖို့ အခြေခံ မျိုစေ့ရှိကသေးက အသက်ရှိတယ်လို့ ပြောရမယ်။ ဒါကို ကြက်ဥစားရင် ပါဏာတိပါသာကံ ထိုက်လားလို့ ဆိုရင်၊ သတ္တဝါလို့လည်းယူစမယ် - သတ္တဝါလည်းဟုတ်နေပြီးသားပဲ၊ အသက်လည်းရှိတယ်၊ သေစေလိုတဲ့ စိတ်လည်းရှိမယ် - သေအောင်လို့လည်းလုပ်မယ် - သေလည်း သေတယ် ဒီလို ၅ချက်နဲ့

ကိုက်ရင်တော့ ပါဏာတိပါသာကံ မြှောက်တယ်လို့ ပြောရမယ်။ သတ္တဝါလို့ မယူစဘူး အသက်မရှိဘူးဆိုပြီ စားမယ်ဆိုရင်တော့ သေမူတော့ဖြစ်တယ် ဒါပေမဲ့ ပါဏာတိပါသာကံ မြှောက်စေတဲ့ အင်္ဂါ ၅ ရပ်တော့ မပြည့်စုံဘူးလို့ပဲ ပြောရမယ်။

(အရှင်ဒေါက်တာနန္ဒမာလာဘိဝံသ)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..