ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက မြန်မာ အလုပ်သမားတဦး အမှိုက်သိမ်းကားပေါ်ကနေ ပြုတ်ကျပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
ဖူးခက်မြို့ ၀ိချစ်ရပ်ကွက် ဒါလားဆမွတ်ထောင်းန် စာသင်ကျောင်းရှေ့မှာ မြူနီစပယ် အမှိုက်သိမ်းကားပေါ်ကနေ လူတဦး ပြုတ်ကျကြောင်း သတင်းရရှိတဲ့အတွက် ၀ိချစ်ရဲစခန်းက တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့အတူ အချင်းဖြစ်ပွားရာကို ရောက်ရှိသွားတဲ့အခါ အလုပ်သမားတဦး ဦးခေါင်းမှာ ဒဏ်ရာနဲ့ ပက်လက်အနေအထား သေဆုံးနေတာ တွေ့ရတယ်လို့ တာဝန်ကျ ရဲမှူး ဆာနစ် နူခုန်းက သတင်းထောက်တွေကို ပြောပါတယ်။
ကားမောင်းသူရဲ့ ထွက်ဆိုချက်အရ သေဆုံးသူဟာ မြန်မာအလုပ်သမား
ဦးမောင်ဝင်း အသက် ၅၁ နှစ် ဆိုသူ ဖြစ်ပြီး အမှိုက်သိမ်းတဲ့ တာဝန်ကို ယူရတယ်လို့ ဆိုပါတယ်။
မနက် ၉ နာရီလောက်က စက္ကူထုတ်တွေကို ကားခေါင်မိုးပေါ်တင်မလို့ လုပ်ရင်း ခြေချော်ကျပြီး ဦးခေါင်းနဲ့ မြေပြင် ဆောင့်မိခဲ့ကြောင်း၊ သူကို ဆေးရုံပို့ဖို့ အခြားအလုပ်သမားနဲ့အတူ ခန္ဒာကိုယ်ကို မလိုက်တဲ့အခါ သေဆုံးနေပြီလို့ ထွက်ဆိုခဲ့ကြောင်း ပြောပါတယ်။
သေဆုံးသူရဲ့အလောင်းကို ဆေးစစ်ဖို့ ၀ချီရ ဆေးရုံကို သယ်ခဲ့ပြီး ကားမောင်းသူ (ထိုင်းနိုင်ငံသား) နဲ့ ကားပေါ်ပါ အခြားအလုပ်သမားတဦးကိုလည်း ဆက်လက် စစ်ဆေးသွားမယ်လို့ တာဝန်ကျရဲမှူးက ပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
DVB
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment