လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, February 27, 2014

ဂျာမနီတွင် တိုက်ခတ်ခဲ့သည့် ဘန်ဇီးမား၊ ဘေးလ်နှင့် ရော်နယ်လ်ဒို ဂိုးမုန်တိုင်း ရှော်လ်ကေး ၁-၆ ရီးယဲလ်မက်ဒရစ်

ရှော်လ်ကေး အသင်း အနေဖြင့် ဂျာမန်မြေ အိမ်ကွင်းတွင်ပင် ကစား ရသည့်တိုင် ရီးယဲလ်မက်ဒရစ်၏ တိုက်စစ်မုန်တိုင်းအောက် ပြားပြား ဝပ်သွားခဲ့ရသည်။
ရှော်လ်ကေး အသင်းတွင် ကလာ့စ်ယန်ဟန်တဲလား၊ ဂျူလီယန်ဒရိုက်ဆလာ၊ မက်စ်မေယာ၊ ဂျက်ဖာဆန်ဖာဖန်၊ ရိုမန်နျူစ်တက်ဒါ၊ ကီဗင်ပရင့်စ်ဘိုတန်၊ ဆာ့ဒ်ကိုလာဆီနက်၊ ဖိလစ်ပီဆန်တာနာ၊ ဂျိုဝယ်လ်မာတစ်ပ်၊ ဘန်နီဒစ်ခ် ဟိုဝီဒက်စ်တို့ ပါဝင်ကစားခဲ့သည်။ ရီးယဲလ်ဘက်တွင်မူ ကီရင်မ်ဘန်ဇီးမား၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဂါရတ်သ်ဘေးလ်၊ အိန်ဂျယ်လ်ဒီမာရီယာ၊ ရှာဘီအလွန်ဆို၊ လူကာမိုဒရစ်၊ မာဆယ်လို၊ ဆာဂျီယိုရာမို့စ်၊ ပီပီ၊ ဒန်နီကာ ဗာဂျယ်လ်တို့နှင့် လူစုံတက်စုံ ပွဲထွက်ခဲ့သည်။
ပွဲချိန် (၁၃)မိနစ်တွင် ရော်နယ်လ်ဒို နောက်ပေါက်ဖြင့် ချပေးသော ဘောလုံး ရှော်လ်ကေးနောက်တန်းနှင့် ထိကာ လည်ထွက်သွားပြီး ဘန်ဇီးမား ရှေ့တည့်တည့် ရောက်သွားသောကြောင့် ၎င်းက အပြင်း ကန်သွင်းပြီး ရီးယဲလ်တို့ ပွဲကို

ဦးဆောင်သည်။ ထို့နောက် ပီပီ၏ နေရာယူပုံ အမှားမှ တစ်ဆင့် ရှော်လ်ကေးဘက်မှ ဒရိုက်ဆလာ အပိုင် အခွင့်အရေး တစ်ကြိမ် ရသော်လည်း ရီးယဲလ်ဂိုးသမား အိုင်ကာကားဆီးလက်စ် လက်စွမ်းပြ ကာကွယ်သွားသည်။ (၂၁)မိနစ်တွင် ညာခြမ်း၌ ဘန်ဇီးမား ဘောလုံး တားယူပြီး အသာပြန်ချပေးသည်ကို ဘေးလ်က ခံစစ်သမား (၃)ဦး ဝန်းရံထားသည့်ကြားမှ ဝင်တိုးကာ ထောင့်ကျဉ်းထဲ မရမက ကန်သွင်းပြီး ရီးယဲလ်တို့ ဒုတိယဂိုး ရရှိခဲ့သည်။ ထို့နောက် ရော်နယ်လ်ဒို ညာခြမ်းမှ ဆွဲပြေးလာပြီး ခံစစ် သမားများကို ခြေယောင်ပြကာ အနိမ့်ဖြတ်ကန်သော ဘောလုံး ဂိုးတိုင်အောက်ခြေ ထိမှန်ပြီး ပြန်ထွက်လာသဖြင့် ရှော်လ်ကေး ဂိုးသမား ရက်ဖ်ဖာဟ်မန် ဖမ်းယူ ထားနိုင်လိုက်သည်။ မကြာမီမှာပင် ကွင်းလယ်မှ မျှောထုတ်ပေး လိုက်သော ဘောလုံးကို ရော်နယ်လ်ဒို ဆွဲပြေးကန်သွင်းခွင့် ရခဲ့ပြန်သည့်တိုင် ဖာဟ်မန် နေရာယူမှန်မှန် ကာကွယ် သွားပြန်သည်။ ရီးယဲလ်သည် ရှော်လ်ကေးကို ဆက်တိုက်ဖိကစားပြီး ဘယ်ခြမ်းမှ ဖြတ်တင်ဘောကို ဘန်ဇီးမား လျှောထိုး ပိတ်သွင်းမှုမှာလည်း ဂိုးပေါက် လွဲသွားခဲ့သည်။ ထို့နောက် ရီးယဲလ်ညာခြမ်း တွဲလုံးမှတစ်ဆင့် ဘန်ဇီးမားက ဧရိယာထဲ ဖြတ်ဝင်လာသော ရော်နယ်လ်ဒိုထံ ချိုးပေးသော ဘောလုံးကို ပေါ်တူဂီ တိုက်စစ်သမားက အပိုင် ကန်သွင်းသော်လည်း ဖာဟ်မန် ခြေထောက်ဆန့်ထုတ် တားဆီးခဲ့သဖြင့် ဂိုးမဝင်ခဲ့ပြန်ချေ။ ပထမပိုင်းအပြီးတွင် ရီးယဲလ်က (၂-၀)ဖြင့် ပွဲကိုဦးဆောင်ခဲ့သည်။

(၅၂)မိနစ်တွင်မူ တောက်လျှောက် ဂိုးကံခေနေသော ရော်နယ်လ်ဒို တစ်ယောက် ဂိုးပေါက်စတင် ရှာတွေ့သွားသည်။ ဘေးလ်ပေးပို့သော ဘောလုံးကို ရော်နယ်လ်ဒိုက မာတစ်ပ်အား ခြေယောင်ပြ လှည့်စားပြီး ဘယ်ယွန်းယွန်းမှ ဘယ်ခြေဖြင့် အားပြင်းပြင်း ထောင့်ဖြတ်ကန်သွင်းသွားခြင်း ဖြစ်သည်။ ထို့နောက် ဒီမာရီယာ ခါးဖြတ်ပေးပို့သော ဘောလုံးကို ဘန်ဇီးမား အပိုင် ကန်ခွင့်ရသော်လည်း ဘားတန်းကျော်သွားခဲ့ပြန်သည်။ (၅၇)မိနစ်တွင်မူ ရော်နယ်လ်ဒိုနှင့် ဘန်ဇီးမား တစ်ချက်ထိ တွဲလုံးကစားပြီး ရော်နယ်လ်ဒို နောက်ပေါက်ဖြင့် ချပေးလိုက်ရာ ဘန်ဇီးမားက ဂိုးသမား ဖာဟ်မန်ကိုပါ ကျော်ဖြတ်ကာ ဘောလုံးဆွဲယူပြီး အနိမ့်ကန်သွင်းသဖြင့် ရီးယဲလ်တို့ စတုတ္ထဂိုး ရရှိခဲ့သည်။ စိတ်တိုင်းကျ တိုက်စစ်ဆင် ဖိကစားနေသော ရီးယဲလ်သည် (၆၉)မိနစ်တွင် ရာမို့စ် မျှောထိုးပေးသော ဘောလုံးမှတစ်ဆင့် ညာခြမ်းမှ ဘေးလ်က ဆွဲပြေးရင်း ဖာဟ်မန်နှင့် တစ်ဦးချင်းအတွေ့၌ သွေးအေးအေး ကန်သွင်းခဲ့သဖြင့် ပဉ္စမဂိုး ရရှိခဲ့ပြန်သည်။ (၈၉)မိနစ်တွင် ရှော်လ်ကေးနောက်တန်းကို ဘန်ဇီးမားက ဖိအားပေးကာ ဘောလုံး အရယူပြီး ရော်နယ်လ်ဒို့ထံ ထိုးပေးရာ ၎င်းက ဂိုးသမား ဖာဟ်မန်နှင့် အနီးကပ် အနေအထားထိ ဆွဲယူကာ လိမ်ခေါက်ထွက်သွားပြီးမှ ဒါဇင်ဝက်မြောက် သွင်းဂိုးကို ကန်သွင်း ယူခဲ့သည်။ မိနစ်(၉၀)တွင် ဘယ်ခြမ်းမှ လူစားဝင်ကစားသမား ခရစ္စတီယန် ဖုခ်ျစ်ခုပ်တင်ပေးသည်ကို ဟန်တဲလားက ဧရိယာ အပြင်ဘက်မှ လှလှပပ မြေမကျ အပြင်း ကန်သွင်းပြီး ရှော်လ်ကေးတို့ တစ်လုံးတည်းသော သိက္ခာဆည် ချေပဂိုးကို ရရှိခဲ့သည်။ ရီးယဲလ် အနေဖြင့် ယခု ပွဲရလဒ်ကြောင့် အိမ်ကွင်း ဘာနေဗျူးတွင် ဒုတိယ အကျော့ မကစားမီမှာပင် ကွာတားဖိုင်နယ် တက်ရောက်ရန် (၉၉)ရာခိုင်နှုန်း သေချာသွားပြီ ဖြစ်သည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..