လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, February 25, 2014

ဟောင်ကောင်ကိုရောက်ရှိသွားတဲ့ အိမ်အကူလုပ်မယ့် မြန်မာမိန်းကလေးများ

ဟောင်ကောင်မှာ အိမ်အကူလုပ်ကိုင်မယ့် မြန်မာမိန်းကလေးတွေထဲက ပထမ အသုတ် ၁၉ယောက်ကတော့ မနေ့ကပဲ ဟောင်ကောင်ကို ရောက်သွားခဲ့ကြ ပါပြီ။သူတို့ထဲက သီတာစိုးဆိုတဲ့ အမျိုးသမီးလေးကို ဟောင်ကောင်ကို သွားရောက် အလုပ်လုပ်ရတဲ့အကြောင်း မေးကြည့်တော့ "ကျမမိသားစုအတွက် ငွေလိုချင် တယ်။ ကျမအရင်က ဟော်တယ်မှာ ဧည့်ကြိုအဖြစ်လုပ်တာ အမေရိကန် ဒေါ်လာ တစ်လ ၁၅၀(ဟောင်ကောင်ဒေါ်လာ၁၁၅၀)ရပါတယ် "လို့ ပြောပါ တယ်။
မလေးရှားစက်ရုံမှာ လုပ်ငန်းအတွေ့အကြုံ ငါးနှစ်ရှိခဲ့ဖူးတဲ့ မစံပယ်ဦးက မလေးရှားမှာ အမေရိကန်ဒေါ်လာ ၃၅၀ လောက်ရပေမယ့် ဟောင်ကောင်မှာ အိမ်အကူလုပ်ရင် အနိမ့်ဆုံးဟောင်ကောင်ဒေါ်လာ ၄၀၁၀ ရမှာမို့  နှိုင်းယှဉ် လိုက်ရင် အရမ်းများနေတယ်လို့ ပြောပါတယ်။
သူတို့ အေဂျင်စီက GoldMineManpower ဖြစ်ပါတယ်။ အေးဂျင့်ကို ပေးရတဲ့ ၀န်ဆောင်ခက ဟောင်ကောင်ဒေါ်လာ ၁၆၀၀၀ ပေးရမှာဖြစ်တယ်။ ဟောင်ကောင်ဒေါ်လာ တစ်သောင်းခြောက်ထောင်

အကြွေးကို အေဂျင်စီကို ပထမနှစ်မှာ လစာထဲက တစ်ဝက်ပြန်ဆပ်ရပါမယ်။ တစ်လ ဟောင်ကောင် ဒေါ်လာ ၂၀၀၀ပေးရပါ မယ်။တနှစ်အတွင်းအကြေဆပ်ရမှာဖြစ်ပါတယ်။

ဖိလစ်ပိုင် အစိုးရကတော့ အလုပ်သမားဆီက ဖြတ်တာကိုခွင့်မပြုဘူးလို့ သိရ ပါတယ်။ အင်ဒိုနီးရှား အစိုးရကတော့ ဟောင်ကောင် ဒေါ်လာ၁၃၅၀၀ ကို ဆေးစစ်တာနဲ့ သင်တန်းပေးတာအတွက် ဖြတ်ခွင့်ပြုပါတယ်။

သူတို့တွေထဲက သင်းသင်းမိုးကို ဟောင်ကောင်မှာ အိမ်အကူတွေကို အနိုင် ကျင့်တဲ့ သတင်းတွေမကြား မိဘူးလားလို့ မေးမြန်းကြည့်တော့ သူက ခေါင်း ကိုညိတ်ပြပြီး ကြားဖူးပါတယ်။ ဒါပေမယ့် သူကတော့ သိပ်မစိုးရိမ်မိပါဘူးတဲ့။ ဘာကြောင့်လည်းဆိုတော့ နေရာတိုင်းမှာ လူကောင်းနဲ့ လူဆိုးဆို တာရှိနေကြ တာပါပဲလို့ ပြန်ဖြေပါတယ်။

ဟောင်ကောင်မှာ နေထိုင်ရမယ့် အခြေအနေတွေအတွက် သူတို့စိတ်လှုပ်ရှား နေကြပါတယ်။ ယဉ်ကျေးမှု မတူတာကြောင့် သူတို့ အခက်အခဲပြဿနာတွေ့ ရလိမ့်မယ် မထင်ဘူးတော့ သူတို့ ယုံကြည်ကြပါတယ်။ ဟောင်ကောင်ကို မလာခင်မှာ သုံးလသင်တန်း တက်ရပါတယ်။ အချက်အပြုတ်၊ ကလေးထိန်း၊ အင်္ဂလိပ်စာ၊ တရုတ်စာတွေကို သင်ကြားရပါတယ်။

တကယ်လို့ အနိုင်ကျင့်ခံရတာမျိုး တစ်စုံတစ်ခုဖြစ်လာခဲ့ရင် အေဂျင်စီကို ဖုန်းဆက်ရမယ်လို့  သူတို့ ကိုသင်ပေးခဲ့တယ်လို့ သင်းသင်းမိုးကပြောပါတယ်။
ဒါပေမယ့် အရေးကြီး ဖုန်းနံပါတ်တစ်ခုဖြစ်တဲ့ ဟောင်ကောင်မှာ အရေးပေါ် ခေါ်ရမယ့်ဖုန်း ၉၉၉ ကိုတော့ သူတို့မသိကြပါဘူးတဲ့။

Myanmar News Media

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..