လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, February 25, 2014

အမျိုးသမီးအယောက် ၃၀၀၀၀ အား အူရီဒူ၏ လက်လီအရောင်း ကိုယ်စားလှယ်အဖြစ် ခန့်ထားမည်

အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိထားသော အူရီဒူမြန်မာကုမ္ပဏီအနေဖြင့် အမျိုးသမီးအယောက် သုံးသောင်းအား လက်လီအရောင်း ကိုယ်စားလှယ် အဖြစ် ခန့်ထားသွားမည်ဖြစ်ကြောင်း Ooredoo Myanmar\ CEO ဖြစ်သူ Ross Cormack က ပြောကြားသည်။ယခုလ (၁၇) ရက်နှင့် (၁၈) ရက်နေ့က ကျင်းပခဲ့သည့် 2nd Myanmar TELECOMS Infrastructure Summit အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သော မြန်မာ အမျိုးသမီး ညီလာခံတွင်လည်း မြန်မာအမျိုးသမီးသုံးသောင်းကို အူရီဒူမိုဘိုင်း လက်လီအရောင်းကိုယ်စားလှယ်များအဖြစ် လေ့ကျင့်မည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲဖူးကြောင်း သိရသည်။ “မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေကို ထောက်ပံပေးရေးအစီအစဉ်တွေ ဆောင်ရွက်နေပါ တယ်။ အမျိုးသမီး သုံးသောင်းကို အူရီဒူရဲ့ လက်လီကိုယ်စားလှယ်တွေအဖြစ် လက်ရှိ ၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်သွားမှာပါ” ဟု Ross Cormack က
ပြောကြားသည်။

အဆိုပါ အစီစဉ်ကို အူရီဒူနှင့်အတူ Cheire Blair Foundation For Women တို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဆင်းမ်ကတ် အရောင်း ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံအနှံ့ ဖြန့်ကျက်ဆောင်ရွက် သွားမည်ဟု ဆိုသည်။ မိုဘိုင်းကွန်ရက်အနေဖြင့် 3G ကွန်ရက်ဖြင့် စတင် ဆောင်ရွက်သွားမည်ဟု သိရပြီး ကွန်ရက် ၉၀၀ နှင့် ၁၂၀၀ ဆက်သွယ်ရေး လှိုင်းများဖြင့် ဖြန့်ကျက်ချထားပေးသွားမည်ဖြစ်ကြောင်း၊ ယခင်က အသံ တစ်မျိုးတည်းသာ အသုံးပြုနိုင်သောနေရာများတွင် အချက်အလက် (Dat) စနစ်ပါ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

3G ကွန်ရက်အတွက် အဓိကကျသော ရေဒီယိုနှင့် စက်ပစ္စည်းများအတွက် ပံ့ပိုးသူအနေဖြင့် NSN ကုမ္ပဏီကို ခန့်ထားခဲ့ပြီး ပြည်တွင်းမိုဘိုင်းကွန်ရက် ဖြန့်ကျက်ရန်အတွက် ZTE ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

Internet Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..