ဘန်ကောက် ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာ ၀ပ်ကို တာဝန်ပျက်ကွက်မှုဖြင့်
တရားစွဲဆိုတော့ မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရာရှိ များက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။ထို့ပြင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဘန်ကောက်မြို့၌ သပိတ်စခန်း နေရာ များကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူများအကြားဖြစ်ပွားခဲ့သော အဓိကရုဏ်း များကြောင့် လူလေးဦး (ဘလွန်းဘာ့ဂ် သတင်းအရ ငါဦး) သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
အစိုးရ၏ အငြင်းပွားဖွယ် ဆန်စပါးဝယ်ယူသည့် အစီအစဉ်တစ်ရပ်နှင့် ဆက်စပ်ပြီး အကယ်၍ ပြစ်မှုထင်ရှားပါက ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ရာထူးမှ ထွက်ပေးရလိမ့်မည်ဟု အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်က
ပြောကြားခဲ့သည်။ အဓိကရုန်းနျိမ်နင်းရေးရဲများက ဆန္ဒပြ
သူ များ သိမ်းယူထားသည့် အစိုးရ အဆောက်အအုံများကို ပြန်လည်သိမ်းယူ ရန် ကြိုးစားရာ ဘန်ကောက်မြိုကတော်၏ ကမ္ဘာလှည့်ခရီးသွားများ အများဆုံး သွားရောက်ရာ နေရာများနှင့် မဝေးလှသည့် သမိုင်းဝင်ခရိုင် နေရာတစ်ခုတွင် ပစ်ခတ်မှုများနှင့်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး နာရီအနည်းငယ် အကြာ၌ ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆန္ဒပြသူများထံ ပြန်လည်ပစ်ခတ်နေသော ရဲများနှင့် ဒဏ်ရာဖြင့်လဲကျနေ သည့်ရဲများ။ ဆန္ဒပြသူများထံ ပြန်လည်ပစ်ခတ်နေသော ရဲများနှင့် ဒဏ်ရာဖြင့် လဲကျနေသည့်ရဲများ။ အရပ်သားသုံးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး နိုင်ငံခြားသားတစ်ဦးအပါအ၀င် အခြားလူ ၆၄ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဘန်ကောက်မြို့ အယ်ရာဝန် အရေးပေါ် ဆေးကုသမှုဌာနက
ပြောကြားခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ရဲအရာရှိ ၂၄ ဦးပါဝင်ကြောင်း ထိုင်းရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။ ဆန္ဒပြသူများဘက်မှ ပြင်းပြင်းထန်ထန် ပြန်လည်ခုခံရာ နောက်ဆုံး ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး သေစေနိုင်လောက်အောင် ပစ်ခတ်သူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အသေအချာ မသိရှိရသော်လည်း ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်များကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဆန္ဒပြသူများက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ၀န်ကြီးချုပ်ရုံးတည်ရှိရာ ခြံဝင်းတံခါးအရှေ့ဘက်ကို သဲအိတ်များဖြင့် ပိတ်ဆို့ကာ ဘိလပ်မြေများ လောင်းချခဲ့ပြီး နောက်တစ်နေ့၌ ၀န်ကြီးချုပ်ယင်လပ် ရုံးထိုင်ရာ အစိုးရ အဆောက် အအုံနားမှ တစ်နာရီအတွင်း ထွက်ခွာပေးရန် ရဲတပ်ဖွဲ့ဝင်တစ်ဦး
၏တောင်းဆိုမှုကို အစိုးရ ဆန့်ကျင်ဆန္ဒပြသူများက ပယ်ချခဲ့သည်။
"ဒီနေရာမှာ အစိုးရလုပ်ငန်းတွေ ဘယ်လိုမှ ထပ်လုပ်နိုင်မှာမဟုတ်ပါဘူး။ ဖမ်းဆီးမှုတွေကြောင့်လည်း ကျွန်တော်တို့ရဲ့ ဆန္ဒပြမှုတွေကို ရပ်ပစ်မှာ မဟုတ်ပါဘူး။
အစိုးရကတော့ ရှေကဆက်ရမယ့်လမ်းမတွေ့ဘဲ ချောင်ပိတ်မိနေ ပါပြီ" ဟု အစိုးရဆန့်ကျင်ရေးဆန္ဒပြမှု၏ ပြောရေးဆိုခွင့်ရှိသူ အကာနက် ပရွမ်ဖမ်က ပြောကြားခဲ့သည်။ အစိုးရတပ်ဖွဲ့များသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံး၍ မဖြိုခွင်းရန် ထိုင်းတရားရုံးတစ်ရုံးက ဖေဖော်ဝါရီလ ၁၉ ရက် တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment