လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, February 21, 2014

ဖုန်းငွေဖြည့်ကတ်များအား ကုမ္ပဏီ ကိုးခုမှ ဆောင်ရွက်တော့မည်

ဈေးကွက်အတွင်း ဖုန်းငွေဖြည့်ကတ်များအား ကုမ္ပဏီငါးခုမှ ထုတ်လုပ်ဖြန့်ချိ လျက်ရှိရာ ယခုအခါ ကုမ္ပဏီကိုးခုမှ စတင် ဖြန့်ချိပေးသွားတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ငွေဖြည့်ကတ်များကို လက်ရှိဈေးကွက်တွင် Elite Tech, Asia Mega Link, တာမိုးညဲ၊ ရွှေသံလွင်၊ ရတနာပုံစသည့် ကုမ္ပဏီငါးခုက ဖြန့်ချိပေးလျက် ရှိသည်။ “ငါးခုကနေပြီးတော့ သူတို့ရဲ့ စာချုပ်သက်တမ်းက ပြီးခဲ့တဲ့ ဒီဇင်ဘာ လောက်မှာ ကုန်တယ်လို့ကြားရတယ်။ ဇန်နဝါရီလထဲမှာ အသစ်စလုပ်မယ် ဆိုတဲ့ အချိန်မှာ အရင်တုန်းကလို မဟုတ်ဘဲနဲ့ အကုန်လုံးအပြောင်းအလဲတွေ ဖြစ်လာတဲ့အချိန်မှာ ဆက်သွယ်ရေးက ပြုပြင်ပြောင်းလဲရေးတွေ အများကြီး လုပ်တယ်။ အားလုံးကို တင်ဒါစနစ်နဲ့သွားမယ်ဆိုပြီးတော့ တင်ဒါခေါ်လိုက် တော့ ကုမ္ပဏီတွေ အများကြီးလျှောက်ကြတယ်။ လျှောက်တဲ့အထဲမှာ ပထမအဆင့် ဆယ်ယောက်။ အဲဒီကနေ ကိုးယောက်ဆန်ခါတင် ကျန်ခဲ့ပြီး တော့ အဲ့ဒီကိုးယောက်နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခုမှ
တာဝန်ရှိသူက ပြောသည်။

လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကိုးခုတွင် ယခင်ကုမ္ပဏီလေးခု ပါဝင်ကြောင်း သိရ သည်။ အဆိုပါ ကုမ္ပဏီများအနေဖြင့် ဇန်နဝါရီ ပထမအပတ်မှ စတင်ကာ နှစ်လအတွင်း ဖုန်းငွေဖြည့်ကတ်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးသွားရမည် ဖြစ်ကြောင်း၊ ဖြန့်ချိခြင်းအား ဈေးနှုန်းများ ကန့်သတ်ထားပေးခြင်းမျိုး မရှိဘဲ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ရောင်းချနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ “ရတနာပုံက အော်ပရေတာအနေနဲ့ သီးခြားပေါ်ထွက်လာတော့မှာဆိုတော့ အခုတင်ဒါမှာ သူတို့မပါဘူး။ လူဟောင်းလေးယောက်၊ လူသစ်ငါးယောက်မှာ ကျွန်တော်တို့ တစ်ဦးအပါအဝင် ဖြစ်တယ်။ ဒီဇင်ဘာလမှာ စာချုပ်ချုပ်ခဲ့ပြီးပြီ။ နှစ်လအတွင်းစပြီးတော့ ဖြန့်ဖြူးသွားမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ကုမ္ပဏီငါးခုမှ ကိုးခုပြောင်းလဲခြင်းသာဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ချိပေး ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ ပြောင်းလဲသွားမည် မဟုတ်ကြောင်း သိရသည်။ “ကတ်ရိုက်တဲ့ စက်ရှိတဲ့သူကိုပဲ ဖြန့်ခွင့်ပေးမယ်ပေါ့။ တချို့ ကုမ္ပဏီတွေမှာ စက်မရှိသေးဘူး။ သူတို့ကို နှစ်လအချိန်ပေးထားတယ်။ အဲဒီနှစ်လအတွင်းမှာ စီမံပြီးတော့ စတင်ရိုက်နှိပ်ဖြန့်ဖြူးမှာ” ဟု ဆိုသည်။ ဖြန့်ချိရာတွင် မည်သည့်ကုမ္ပဏီက မည်သည့်ဒေသတွင် ဖြန့်ဖြူးရောင်းချရ မည် စသည့် အချက်များကိုလည်း ကန့်သတ်မထားလည်း လွတ်လပ်စွာ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပုံမှန်ဖြန့်ဖြူးလျှက် ရှိသော ဖုန်းငွေဖြည့်ကတ်များအပြင် နောက်ပိုင်းတွင် အီလက်ထရောနစ် ငွေဖြည့်ကတ်များကိုလည်း ဆောင်ရွက်ရန် ကုမ္ပဏီအချို့က စီစဉ်ထား ကြောင်း သိရှိရသည်။

Myanmar News Media

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..