လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, February 21, 2014

အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ လင်းသိုက်ညွန့် (မြန်မာ့မြေ)

ကိုယ်ရည်ကိုယ်သွေး (Personality)

ကောင်းမွန်တဲ့ အလုပ်အကိုင်တစ်ခုကို ရရှိဖို့ ကိုယ်ရည်ကိုယ်သွေး (Personality) ကလည်း အရေးကြီးပါတယ်။ Personality ဆိုတဲ့နေရာမှာ ရုပ်ရည်ချောမောပြေပြစ်တာ တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ရည်ကိုယ်သွေး (Personality) ဆိုတဲ့ခေါင်းစဉ်အောက်မှာ-
(၁) သန့်ရှင်းသပ်ရပ်မှု (Grooming)
(၂) ကိုယ်ဟန်အမူအရာ (Body Language)
(၃) လူကြီးလူကောင်းဆန်မှု (Etiquette)
စတာတွေအားလုံး အကျုံးဝင်ပါတယ်။ မိမိအနေ နဲ့ ဒီအချက် ၃ ချက်ကို စနစ် တကျဆောင်ရွက် ခြင်းအားဖြင့် ကိုယ်ရည်ကိုယ်သွေး (Personality) ကောင်း သူတစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ဆောင်ရွက်လို့ရပါတယ်။ Personality ဆိုတာ မွေးရာပါရုပ်ရည်နဲ့

များစွာမသက်ဆိုင်လှပါဘူး။

သန့်ရှင်းသပ်ရပ်မှု (Grooming)
တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်ပြီးSmart ကျနသူ တစ်ယောက် အနေနဲ့ တခြားသူတွေကို များစွာဆွဲဆောင်နိုင်ပါတယ်။ အထူးသဖြင့် လူ တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုနဲ့ စတင်တွေ့ဆုံတဲ့အခါ မိမိရဲ့ကောင်း မွန်တဲ့ပုံရိပ် (Positive Self-image) အတွက် များစွာအရေးပါပါတယ်။

ယေဘုယျအားဖြင့် Grooming အဆင့် ၃ဆင့် ရှိပါတယ်။ အဲဒါတွေကတော့-
- တစ်ဦးတစ်ယောက်ချင်း သန့်ရှင်းသပ်ရပ်မှု
(Individual Level),
- အုပ်စုလိုက် သန့်ရှင်းသပ်ရပ်မှု
(Group Level),
- အဖွဲ့အစည်းအလိုက် သန့်ရှင်းသပ်ရပ်မှု
(Organizational Level),
တို့ ဖြစ်ပါတယ်။ အလုပ်ကောင်းကောင်းတစ်ခု ကို ရလိုသူတစ်ဦးအနေ နဲ့ကတော့ ရှေးဦးစွာ တစ်ဦးတစ်ယောက်ချင်း သန့်ရှင်းသပ်ရပ်မှု (Individual Level) အဆင့်မှာ မိမိကိုယ်ကို သန့်ရှင်းသပ်ရပ်မှုရှိလာအောင် စတင်ဆောင် ရွက်အားထုတ်ရမှာပါ။ အခြေခံအားဖြင့် မိမိကိုယ်ကို သန့် ရှင်းသပ်ရပ်မှုရှိ လာအောင် ဆောင်ရွက်နိုင်တာ တွေကတော့-
- ဆံပင်ကို စနစ်တကျညှပ်ခြင်း
- လက်သည်းခြေသည်း၊ သွား၊ ခံတွင်းနံ့
- သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် လုပ်ငန်းခွင်ဆိုင်ရာ Professional ၀တ်ဆင်မှု (ဥပမာ- အယ်ဒီတာဆိုလျှင် အယ်ဒီတာပုံစံ၊ ရှေ့နေ ဆိုလျှင် ရှေ့နေပုံစံ စသည်ဖြင့်)စတာတွေ ဖြစ်ပါတယ်။

အလုပ်ခေါ်အင်တာဗျူးမှာ သင့်ရဲ့သန့်ရှင်းသပ်ရပ်မှု (Grooming) ကိုကြည့်ပြီး အင်တာဗျူး မေးမြန်းသူက သင့်ရဲ့-
- ပရော်ဖက်ရှင်နယ် ပီသမှု
- အသိဉဏ်အဆင့်အတန်း
- ယုံကြည်စိတ်ချရနိုင်မှု
- လေးစားမှု
စတာတွေကို ဆုံးဖြတ်စဉ်းစားမှာ ဖြစ်ပါတယ်။

ကိုယ်ဟန်အမူအရာ (Body Language)
လူတွေအချင်းချင်း ဆက်သွယ်ဆောင်ရွက်ကြတဲ့ နေရာမှာ-
- စာရေးသားဆက်သွယ်ခြင်း
(Text/ Writing)
- စကားပြောဆိုဆက်သွယ်ခြင်း
(Speaking / Vocal)
- ပုံရိပ်ဖြင့် ဆက်သွယ်ခြင်း (Visuals)
- ကိုယ်ဟန်အမူအရာဖြင့် ဆက်သွယ်ခြင်း
(Body Language)
ဆိုပြီး ၄ မျိုးပဲ ရှိပါတယ်။ စာရေးသူတို့ နေ့စဉ်လှုပ်ရှားနေတဲ့ ကိုယ်ဟန် အမူအရာတွေမှာ အဓိပ္ပာယ်တွေ၊ ဆက်သွယ် ဆောင်ရွက်မှုတွေ များစွာ ရှိပါတယ်။ ဒီကိုယ်ဟန်အမူအရာတွေပေါ်မူတည်ပြီး လူတစ်ယောက် ဟာ နှစ် လိုဖွယ်ကောင်းတယ်၊ ရန်လိုတယ်၊ အေးဆေးတည်ငြိမ်တယ်။ စိတ်လှုပ်ရှား လွယ်တယ်၊ တက်ကြွထက်မြက်တယ် စသည်ဖြင့် သုံးသပ်စဉ်းစား ဆုံးဖြတ်ကြတာပါ။ ကိုယ်ဟန်အမူ အရာဆိုတာဟာ စကားလုံးမပါတဲ့ ဆက်သွယ် ဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ဥပမာ-အလုပ်ခေါ်အင်တာဗျူးကို ဖြေဆိုမယ့်သူတစ်ဦးအနေနဲ့ မိမိ အလှည့်ကျလို့ အင်တာဗျူးဖြေဆိုရမယ့် အခန်းထဲကို ၀င်ရောက်တဲ့ နေရာမှာ တံခါးအဖွင့်အပိတ်၊ လမ်းလျှောက်ပုံစတဲ့ ကိုယ်ဟန်အမူအရာတွေကို အထူး ဂရုစိုက်ဖို့ လိုအပ်သလို ဂရုပြုသင့်တာတစ်ခုကတော့ အင်တာဗျူးဖြေဆိုမယ့် သူ ထိုင်ရမယ့်နေရာမှာ ချက်ချင်း ၀င်မထိုင်ဘဲ ..
“ထိုင်ခွင့်ပြုပါ ခင်ဗျာ”
“ထိုင်ခွင့်ပြုပါရှင်”
စသည်ဖြင့် ယဉ်ကျေးပျူငှာစွာ ခွင့်တောင်းခံပြီးမှ ၀င်ထိုင်ခြင်းအားဖြင့် မိမိ အပေါ် စတွေ့တွေ့ချင်း အကဲဖြတ်သုံးသပ်တဲ့နေရာမှာ များစွာအကျိုးရှိ နိုင် မှာ ဖြစ်ပါတယ်။ မိမိရဲ့ ကိုယ်ဟန်အမူအရာ တိုင်းဟာ စကားလုံးတွေအဖြစ် ဆက်သွယ်နေ တယ်၊ မိမိကို ကိုယ်စားပြုနေတယ်ဆိုတာ အထူး သတိချပ်ကြရပါမယ်။ ။

(နောက်တစ်ပတ် ဆက်ပါမည်။)

See you at the top!

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..