လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, February 25, 2014

သူအကြိုက်ဆုံးကစားသမားကို ကလပ်က စာချုပ်ချုပ်လိုက်တဲ့အတွက် ကလပ်အသင်းဘောလုံးကွင်းခုံတွေကို သန့် ရှင်းရေးလုပ်ပေးခဲ့သူ

အင်္ဂလန်လိဂ်ဝမ်း ကလပ်ဖြစ်တဲ့ လေတန်အိုးရီးယန့် အသင်းပရိတ်သတ်ဟာ သူအကြိုက်ဆုံး ဂိုးသမား အယ်ဒင်ဂျာကူပိုဗစ်ကို စာချုပ်ပြန်လည်ချုပ်ဆိုလိုက်တဲ့အတွက် ကလပ်အသင်းရဲ့ ဘောလုံးကွင်း အရှေ့  ဘက်ပွဲကြည့်စင်က ခုံတွေအကုန်လုံးကို သန့် ရှင်းရေးလုပ်ပေးခဲ့ပါတယ်။လေတန်အိုးရီးယန့် အသင်းပရိတ်သတ် ခရေ့ခ်ျဒီလူး ဆိုသူဟာ လွန်ခဲ့တဲ့လထဲက ကလပ်အသင်းသာ သူအကြိုက်ဆုံး ဂိုးသမားဖြစ်တဲ့ အယ်ဒင်ဂျာကူပိုဗစ်ကို စာချုပ်ပြန်လည်ချုပ်ဆိုပြီး ခေါ်ယူပေးမယ်ဆိုရင် ပွဲကြည့်စင်အရှေ့ ဘက်ခြမ်းက ခုံတွေအကုန်လုံးကို သန့် ရှင်းရေးလုပ်ပေးမှာဖြစ်ကြောင်း ကတိပေးခဲ့တာပါ။
အခုတော့ သူဟာ ကတိတည်ရပါပြီ။ လေတန်အိုးရီးယန့် ဟာ သူတို့ ရဲ့ ဂိုးသမားဟောင်း အယ်ဒင်ကို ဟူးလ်စီးတီး အသင်းကနေ အဌားစာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့တာပါ။
ခရေ့ခ်ျဟာ သူကတိပေးထားတဲ့အတိုင်း ကလပ်အသင်းကွင်း ဘရစ်စဘိန်းရဲ့ အရှေ့ ဘက်ပွဲကြည့်စင် ထိုင်ခုံ ၂၆၀၀ လုံးကို သန့် ရှင်းရေးပြုလုပ်ပေးခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ကလပ်အသင်းကလည်း

ခရေ့ခ်ျကို Stevenage အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အထူးတန်းကနေ ကြည့်ရှုခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို အိုးရီးယန့် အသင်း အမှုဆောင်အကြီးအကဲ မတ်ပေါ်တာက

“ တခြား ကောင်းမွန်တဲ့အသင်းတွေလိုပဲ၊ ကျွန်တော်တို့ အသင်းရဲ့ လူအပြောင်းအရွှေ့ ပေါ်လစီက အသင်းပရိတ်သတ်တွေရဲ့ အလိုဆန္ဒမှာ အခြေခံပါတယ်။” လို့ ဟာသလုပ် ပြောဆိုခဲ့ပါတယ်။

ခရေ့ခ်ျ အကြိုက်ဆုံး ဂိုးသမားဖြစ်တဲ့ အယ်ဒင်ဂျာကူပိုဗစ်ကလည်း သူရဲ့လက်အိတ်တစ်စုံကို အမှတ်တရပေးအပ်ခဲ့တာကို ခရေ့ခ်ျက တွစ်တာမှာ တင်ထားခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..